အမေရိကန် streaming service တွေရဲ့ပြင်းထန်လှတဲ့တိုက်ပွဲမှာ Netflix ဟာ anime ကိုအားသာချက်တခုအဖြစ်အာရုံစိုက်လာပါတယ်။ နာမည်ကြီးပြီးသား anime show တွေကို Netflix မှာတင်ထားသလို အသစ်တွေကိုလည်း Netflix exclusive/original အဖြစ်ရိုက်ကူးထုတ်လုပ်လာတယ်။ ပရိသတ်တွေအတွက် Netflix မှာကြည့်သင့်တဲ့ anime ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေအကြောင်း ပြောပြပေးလိုက်ပါတယ်။ Coming Soon နဲ့ Trending ဆိုပြီးကဏ္ဍ ၂မျိုးခွဲပေးထားပါတယ်။ Country restriction အရတချို့ဇာတ်ကားတွေကိုမြန်မာနိုင်ငံမှာကြည့်လို့မရတာမျိုး ရှိနိုင်တာကိုတော့သတိပြုပါ။
အေမရိကန္ streaming service ေတြရဲ႕ျပင္းထန္လွတဲ့တိုက္ပြဲမွာ Netflix ဟာ anime ကိုအားသာခ်က္တခုအျဖစ္အာ႐ုံစိုက္လာပါတယ္။ နာမည္ႀကီးၿပီးသား anime show ေတြကို Netflix မွာတင္ထားသလို အသစ္ေတြကိုလည္း Netflix exclusive/original အျဖစ္႐ိုက္ကူးထုတ္လုပ္လာတယ္။ ပရိသတ္ေတြအတြက္ Netflix မွာၾကည့္သင့္တဲ့ anime ဇာတ္လမ္းတြဲနဲ႔ ႐ုပ္ရွင္ေတြအေၾကာင္း ေျပာျပေပးလိုက္ပါတယ္။ Coming Soon နဲ႔ Trending ဆိုၿပီးက႑ ၂မ်ိဳးခြဲေပးထားပါတယ္။ Country restriction အရတခ်ိဳ႕ဇာတ္ကားေတြကိုျမန္မာႏိုင္ငံမွာၾကည့္လို႔မရတာမ်ိဳး ရွိႏိုင္တာကိုေတာ့သတိျပဳပါ။
Coming Soon
Altered Carbon: Resleeved

Altered Carbon live-action series ကိုမှီးပြီးထုတ်လုပ်ထားတဲ့ anime ရုပ်ရှင်ပါ။ အနာဂတ်ကာလတခုမှာလူသားတွေရဲ့အသိဉာဏ်ကို stack လို့ခေါ်တဲ့ကိရိယာတခုထဲ ထည့်သွင်းသိုလှောင်လာကြပြီး sleeve လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့ကုပ်မှာတပ်ဆင်အသုံးပြုကြတယ်။ ဒါကြောင့်လူတယောက်ရဲ့ခန္ဓာကိုယ်ပျက်စီးသွားရင်တောင် သူ့ရဲ့အသိစိတ်နဲ့မှတ်ဉာဏ်တွေက နောက်ခန္ဓာတခုထဲပြောင်းရွှေ့နိုင်စွမ်းရှိပါတယ်။ အဓိကဇာတ်ကောင် ကြေးစားစစ်သား Takeshi Kovacs ဟာသူ့ရဲ့ခန္ဓာပျက်စီးသွားပြီးနှစ်ပေါင်း ၂၅၀အကြာမှာ ခန္ဓာသစ်တခုနဲ့ပြန်လည်ရှင်သန်လာတယ်။ အစိုးရကသူ့ကိုအမှုတခုဖြေရှင်းရာမှာကူညီဖို့တောင်းဆိုပြီး မကူညီခဲ့ရင် သူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်တသက်လုံးထောင်ထဲမှာနေရမယ်လို့အကျပ်ကိုင်လာပါတယ်။ ဒီရုပ်ရှင်မှာတော့ TV series ထဲက Altered Carbon ကမ္ဘာကိုပိုပြီးကျယ်ကျယ်ပြန့်ပြန့်မြင်ရမှာပါ။
Streaming date: 19 March
Altered Carbon live-action series ကိုမွီးျပီးထုတ္လုပ္ထားတဲ့ anime ရုပ္ရွင္ပါ။ အနာဂတ္ကာလတခုမွာလူသားေတြရဲ႕အသိဥာဏ္ကို stack လို႔ေခၚတဲ့ကိရိယာတခုထဲ ထည့္သြင္းသိုေလွာင္လာၾကျပီး sleeve လို႔ေခၚတဲ့ခႏၶာကိုယ္ရဲ႕ကုပ္မွာတပ္ဆင္အသံုးျပဳၾကတယ္။ ဒါေၾကာင့္လူတေယာက္ရဲ႕ခႏၶာကိုယ္ပ်က္စီးသြားရင္ေတာင္ သူ႔ရဲ႕အသိစိတ္နဲ႔မွတ္ဥာဏ္ေတြက ေနာက္ခႏၶာတခုထဲေျပာင္းေရႊ႕ႏုိင္စြမ္းရွိပါတယ္။ အဓိကဇာတ္ေကာင္ ေၾကးစားစစ္သား Takeshi Kovacs ဟာသူ႔ရဲ႕ခႏၶာပ်က္စီးသြားျပီးႏွစ္ေပါင္း ၂၅၀အၾကာမွာ ခႏၶာသစ္တခုနဲ႔ျပန္လည္ရွင္သန္လာတယ္။ အစိုးရကသူ႔ကိုအမႈတခုေျဖရွင္းရာမွာကူညီဖို႔ေတာင္းဆိုျပီး မကူညီခဲ့ရင္ သူက်ဴးလြန္ခဲ့တဲ့ျပစ္မႈေတြအတြက္တသက္လံုးေထာင္ထဲမွာေနရမယ္လို႔အက်ပ္ကိုင္လာပါတယ္။ ဒီရုပ္ရွင္မွာေတာ့ TV series ထဲက Altered Carbon ကမာၻကိုပိုျပီးက်ယ္က်ယ္ျပန္႔ျပန္႔ျမင္ရမွာပါ။
Streaming date: 19 March
Sol Levante

Netflix ရဲ့ပထမဆုံး လက်နဲ့ရေးဆွဲထုတ်လုပ်ထားတဲ့ 4K HDR anime ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဘာမှမထုတ်ပြန်သေးပေမယ့် experimental project ဖြစ်တာမို့ အရင်ကမမြင်ဖူးသေးတဲ့ ရုပ်သံအရည်အသွေးတွေကိုမြင်ရနိုင်တယ်လို့ဆိုတယ်။ ဒီဇာတ်လမ်းတွဲကို ပူးတွဲထုတ်လုပ်တဲ့ Netflix နဲ့ Production I.G. အဖွဲ့သားတွေဟာ 4K HDR anime တခုကိုလက်နဲ့ရေးဆွဲစီစဉ်နည်းအကြောင်း စာအုပ်ထုတ်ဖို့တောင်စီစဉ်နေတယ်လို့သိရပါတယ်။ Production I.G. ဟာ Psycho-Pass နဲ့ Ghost in the Shell တို့လို anime ဇာတ်လမ်းတွဲတွေကိုထုတ်လုပ်ခဲ့သူပါ။ ရုပ်ထွက်အရည်အသွေးဟာညွှန်းသလောက် ကောင်းရဲ့လားဆိုတာကိုတော့ မတ် ၂၃ရက်နေ့ကျမှပဲတွေ့ရမှာဖြစ်ပါတယ်။
Streaming date: 23 March
Netflix ရဲ႕ပထမဆံုး လက္နဲ႔ေရးဆြဲထုတ္လုပ္ထားတဲ့ 4K HDR anime ျဖစ္ပါတယ္။ ဇာတ္လမ္းနဲ႔ပတ္သက္ျပီး ဘာမွမထုတ္ျပန္ေသးေပမယ့္ experimental project ျဖစ္တာမို႔ အရင္ကမျမင္ဖူးေသးတဲ့ ရုပ္သံအရည္အေသြးေတြကိုျမင္ရႏုိင္တယ္လို႔ဆိုတယ္။ ဒီဇာတ္လမ္းတြဲကို ပူးတြဲထုတ္လုပ္တဲ့ Netflix နဲ႔ Production I.G. အဖြဲ႔သားေတြဟာ 4K HDR anime တခုကိုလက္နဲ႔ေရးဆြဲစီစဥ္နည္းအေၾကာင္း စာအုပ္ထုတ္ဖို႔ေတာင္စီစဥ္ေနတယ္လို႔သိရပါတယ္။ Production I.G. ဟာ Psycho-Pass နဲ႔ Ghost in the Shell တုိ႔လို anime ဇာတ္လမ္းတြဲေတြကိုထုတ္လုပ္ခဲ့သူပါ။ ရုပ္ထြက္အရည္အေသြးဟာညႊန္းသေလာက္ ေကာင္းရဲ႕လားဆိုတာကိုေတာ့ မတ္ ၂၃ရက္ေန႔က်မွပဲေတြ႔ရမွာျဖစ္ပါတယ္။
Streaming date: 23 March
7SEEDS (Season 2)

Season 1 ကို ၂၀၁၉ ဇွန်လမှာထုတ်လွှင့်ခဲ့ပြီး ဒီလ ၂၆ရက်နေ့မှာတော့ Season 2 ကိုကြည့်ရတော့မှာပါ။ ကမ္ဘာကြီးကိုဥက္ကာပျံတခုဝင်မတိုက်ခင်မှာ တကမ္ဘာလုံးကသိပ္ပံပညာရှင်တွေဟာ နိုင်ငံတနိုင်ငံချင်းစီက ကျန်းမာသန်စွမ်းတဲ့လူငယ်တွေကို cryogenic (လူတွေကိုအအေးခန်းထဲအိပ်မွေ့ချထားပြီး အိုမင်းခြင်း သေဆုံးခြင်းမရှိစေရန်ထိန်းသိမ်းခြင်း) နည်းပညာနဲ့သိမ်းထားဖို့စီစဉ်ကြတယ်။ ကမ္ဘာကြီးမှာလူသားတွေပြန်လည်နေထိုင်နိုင်တဲ့အခြေအနေရောက်မှ စက်ကိရိယာတွေနဲ့ လူငယ်တွေကိုနှိုးပြီး လူသားမျိုးနွယ်ကိုအသစ်တဖန်မွေးဖွားစေမှာပါ။ သူတို့ကိုကူညီဖို့အရွယ်ရောက်ပြီး အတွေ့အကြုံရှိတဲ့သူတယောက်စီကိုလည်း cryo နည်းနဲ့ထိန်းသိမ်းထားပေးသလို အပင်မျိုးစေ့တွေကိုလည်း ထားထားပေးပါတယ်။ ဆိုးတာကဒီအကြောင်းကိုအဲ့ဒီလူငယ်တွေကိုအသိမပေးဘဲ cryo ထဲထည့်ပိတ်လိုက်တာပါပဲ။ သူတို့နိုးထလာတဲ့အခါသူတို့မြင်ခဲ့ဖူးတဲ့ပတ်ဝန်းကျင်နဲ့လုံးဝကွဲပြားနေတဲ့ အရပ်ဒေသတခုမှာအသက်ရှင်ရပ်တည်ဖို့ကြိုးစားကြရပါတော့တယ်။ Season 1 မှာ ၁၂ပိုင်းပဲပါတာမို့ အခုကစကြည့်ရင် Season 2 မစခင်ပြီးနိုင်ပါတယ်။
Streaming date: 26 March
Season 1 ကို ၂၀၁၉ ဇြန္လမွာထုတ္လႊင့္ခဲ့ၿပီး ဒီလ ၂၆ရက္ေန႔မွာေတာ့ Season 2 ကိုၾကည့္ရေတာ့မွာပါ။ ကမာၻႀကီးကိုဥကၠာပ်ံတခုဝင္မတိုက္ခင္မွာ တကမာၻလုံးကသိပၸံပညာရွင္ေတြဟာ ႏိုင္ငံတႏိုင္ငံခ်င္းစီက က်န္းမာသန္စြမ္းတဲ့လူငယ္ေတြကို cryogenic (လူေတြကိုအေအးခန္းထဲအိပ္ေမြ႕ခ်ထားၿပီး အိုမင္းျခင္း ေသဆုံးျခင္းမရွိေစရန္ထိန္းသိမ္းျခင္း) နည္းပညာနဲ႔သိမ္းထားဖို႔စီစဥ္ၾကတယ္။ ကမာၻႀကီးမွာလူသားေတြျပန္လည္ေနထိုင္ႏိုင္တဲ့အေျခအေနေရာက္မွ စက္ကိရိယာေတြနဲ႔ လူငယ္ေတြကိုႏႈိးၿပီး လူသားမ်ိဳးႏြယ္ကိုအသစ္တဖန္ေမြးဖြားေစမွာပါ။ သူတို႔ကိုကူညီဖို႔အ႐ြယ္ေရာက္ၿပီး အေတြ႕အႀကဳံရွိတဲ့သူတေယာက္စီကိုလည္း cryo နည္းနဲ႔ထိန္းသိမ္းထားေပးသလို အပင္မ်ိဳးေစ့ေတြကိုလည္း ထားထားေပးပါတယ္။ ဆိုးတာကဒီအေၾကာင္းကိုအဲ့ဒီလူငယ္ေတြကိုအသိမေပးဘဲ cryo ထဲထည့္ပိတ္လိုက္တာပါပဲ။ သူတို႔ႏိုးထလာတဲ့အခါသူတို႔ျမင္ခဲ့ဖူးတဲ့ပတ္ဝန္းက်င္နဲ႔လုံးဝကြဲျပားေနတဲ့ အရပ္ေဒသတခုမွာအသက္ရွင္ရပ္တည္ဖို႔ႀကိဳးစားၾကရပါေတာ့တယ္။ Season 1 မွာ ၁၂ပိုင္းပဲပါတာမို႔ အခုကစၾကည့္ရင္ Season 2 မစခင္ၿပီးႏိုင္ပါတယ္။
Streaming date: 26 March
Trending
Devilman Crybaby

သွေးထွက်သံယိုပြကွက်တွေဖောဖောသီသီပါတဲ့ဒီ anime ဇာတ်လမ်းတွဲကိုတော့ လူတိုင်းအကြိုက်တွေ့ချင်မှ တွေ့ပါလိမ့်မယ်။ ဒါပေမယ့်ကြည့်နေကျဇာတ်လမ်းတွဲတွေကနေကွဲထွက်တဲ့တင်ဆက်မှုတခုရမှာဖြစ်လို့ ညွှန်းပေးလိုက်ပါတယ်။ ကမ္ဘာကြီးကိုရှေးဟောင်းနတ်မိစ္ဆာတွေကျူးကျော်လာတဲ့အချိန်မှာ Akira လို့ခေါ်တဲ့ကောင်လေးဟာနတ်မိစ္ဆာတွေကိုတိုက်ခိုက်ဖို့ နတ်ဆိုးတကောင်နဲ့ပေါင်းစည်းလိုက်ပါတယ်။ နတ်ဆိုးရဲ့စွမ်းအင်နဲ့အသွင်အပြင်ရှိပြီး လူသားတယောက်လိုခံစားချက်ရှိတဲ့ Devilman ဟာ သူချစ်တဲ့သူတွေကိုနတ်မိစ္ဆာတွေရဲ့ရန်ကကာကွယ်ပါတော့တယ်။ Attack on Titans တို့ Parasyte တို့ကို ကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းတွဲကိုလည်းသဘောကျမှာပါ။
ေသြးထြက္သံယိုျပကြက္ေတြေဖာေဖာသီသီပါတဲ့ဒီ anime ဇာတ္လမ္းတြဲကိုေတာ့ လူတိုင္းအႀကိဳက္ေတြ႕ခ်င္မွ ေတြ႕ပါလိမ့္မယ္။ ဒါေပမယ့္ၾကည့္ေနက်ဇာတ္လမ္းတြဲေတြကေနကြဲထြက္တဲ့တင္ဆက္မႈတခုရမွာျဖစ္လို႔ ၫႊန္းေပးလိုက္ပါတယ္။ ကမာၻႀကီးကိုေရွးေဟာင္းနတ္မိစာၦေတြက်ဴးေက်ာ္လာတဲ့အခ်ိန္မွာ Akira လို႔ေခၚတဲ့ေကာင္ေလးဟာနတ္မိစာၦေတြကိုတိုက္ခိုက္ဖို႔ နတ္ဆိုးတေကာင္နဲ႔ေပါင္းစည္းလိုက္ပါတယ္။ နတ္ဆိုးရဲ႕စြမ္းအင္နဲ႔အသြင္အျပင္ရွိၿပီး လူသားတေယာက္လိုခံစားခ်က္ရွိတဲ့ Devilman ဟာ သူခ်စ္တဲ့သူေတြကိုနတ္မိစာၦေတြရဲ႕ရန္ကကာကြယ္ပါေတာ့တယ္။ Attack on Titans တို႔ Parasyte တို႔ကို ႀကိဳက္တယ္ဆိုရင္ေတာ့ ဒီဇာတ္လမ္းတြဲကိုလည္းသေဘာက်မွာပါ။
B: The Beginning

စုံထောက်နဲ့သဘာဝလွန်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက်တော့ must watch ပါ။ Cremona လို့ခေါ်တဲ့စိတ်ကူးယဉ်နိုင်ငံတခုမှာရက်စက်ကြမ်းကြုတ်လှတဲ့လူသတ်မှုတွေဖြစ်ပွားနေပြီး နှစ်အတော်ကြာတဲ့အထိတရားခံကိုမမိသေးတာကြောင့် ထောက်လှမ်းရေးအဖွဲ့ Royal Investigation Service ကဖိအားတွေနဲ့ရင်ဆိုင်နေရတယ်။ လူသတ်မှုတိုင်းရဲ့အခင်းဖြစ်ပွားရာနေရာမှာ အင်္ဂလိပ်အက္ခရာ B ကိုတွေ့ရတာမို့ Killer B လို့နာမည်ပြောင်ပေးထားတဲ့တရားခံကို စုံထောက် Keith Flick နဲ့ Koku တို့လိုက်လံရှာဖွေတဲ့ ကြောင်နဲ့ကြွက်ဆန်ဆန်မှုခင်းဇာတ်လမ်းတွဲဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ပိုင်းပါပြီး တပိုင်းပြီးတာနဲ့နောက်တပိုင်းဆက်ကြည့်ချင်အောင်ဆွဲဆောင်ပါလိမ့်မယ်။
စုံေထာက္နဲ႔သဘာဝလြန္ဇာတ္လမ္းႀကိဳက္တဲ့သူေတြအတြက္ေတာ့ must watch ပါ။ Cremona လို႔ေခၚတဲ့စိတ္ကူးယဥ္ႏိုင္ငံတခုမွာရက္စက္ၾကမ္းၾကဳတ္လွတဲ့လူသတ္မႈေတြျဖစ္ပြားေနၿပီး ႏွစ္အေတာ္ၾကာတဲ့အထိတရားခံကိုမမိေသးတာေၾကာင့္ ေထာက္လွမ္းေရးအဖြဲ႕ Royal Investigation Service ကဖိအားေတြနဲ႔ရင္ဆိုင္ေနရတယ္။ လူသတ္မႈတိုင္းရဲ႕အခင္းျဖစ္ပြားရာေနရာမွာ အဂၤလိပ္အကၡရာ B ကိုေတြ႕ရတာမို႔ Killer B လို႔နာမည္ေျပာင္ေပးထားတဲ့တရားခံကို စုံေထာက္ Keith Flick နဲ႔ Koku တို႔လိုက္လံရွာေဖြတဲ့ ေၾကာင္နဲ႔ႂကြက္ဆန္ဆန္မႈခင္းဇာတ္လမ္းတြဲျဖစ္ပါတယ္။ စုစုေပါင္း ၁၂ ပိုင္းပါၿပီး တပိုင္းၿပီးတာနဲ႔ေနာက္တပိုင္းဆက္ၾကည့္ခ်င္ေအာင္ဆြဲေဆာင္ပါလိမ့္မယ္။
Dragon Quest Your Story

Square Enix ရဲ့ RPG ဂိမ်းကိုအခြေခံထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Luca ဆိုတဲ့ကောင်လေးဟာ သူ့အမေကို မိစ္ဆာကောင် Ladja လက်ကကယ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ။ Demon World ကိုဆီသွားတဲ့ portal ကိုဖွင့်ဖို့ Zenithian လို့ခေါ်တဲ့ဓားကိုအရင်လိုက်ရှာရပြီး လမ်းခရီးမှာကြုံတွေ့ရတဲ့ စွန့်စားခန်းတွေအကြောင်းရိုက်ကူးထားပါတယ်။
Square Enix ရဲ႕ RPG ဂိမ္းကိုအေျခခံထားတဲ့႐ုပ္ရွင္ျဖစ္ပါတယ္။ Luca ဆိုတဲ့ေကာင္ေလးဟာ သူ႔အေမကို မိစာၦေကာင္ Ladja လက္ကကယ္ဖို႔ႀကိဳးစားတဲ့ဇာတ္လမ္းပါ။ Demon World ကိုဆီသြားတဲ့ portal ကိုဖြင့္ဖို႔ Zenithian လို႔ေခၚတဲ့ဓားကိုအရင္လိုက္ရွာရၿပီး လမ္းခရီးမွာႀကဳံေတြ႕ရတဲ့ စြန႔္စားခန္းေတြအေၾကာင္း႐ိုက္ကူးထားပါတယ္။
Violet Evergarden

အနာဂတ်ကာလတခုမှာ စိတ်ခံစားချက်ကိုစာနဲ့ရေးသားဖော်ပြဖို့မစွမ်းသာတဲ့သူတွေဟာ Auto Memories Doll လို့ခေါ်တဲ့ ရှဲဒိုးစာရေးဆရာတွေကိုငှားပြီး သူတို့ရဲ့အတွေးကိုပေါ်လွင်အောင်ရေးသားခိုင်းပါတယ်။ မိဘမဲ့တကောင်ကြွက် Violet Evergarden ဟာ စစ်ပွဲတခုအတွင်းမှာသူမလက်တွေကိုဆုံးရှုံးလိုက်ရတာကြောင့် ယန္တရားလက်တွေတပ်ဆင်ထားရသူပါ။ တသက်လုံးစစ်သမီးတယောက်လိုပဲနေထိုင်လာခဲ့တဲ့ Violet ဟာ Auto Memories Doll အဖြစ်အလုပ်လုပ်ရင်း လူ့အသိုင်းအဝိုင်းနဲ့ပြန်လည်ဝင်ဆံ့ဖို့ကြိုးစားရင်း အချစ် ဆိုတဲ့ခံစားချက်ကိုသိရှိလာပါတော့တယ်။
အနာဂတ္ကာလတခုမွာ စိတ္ခံစားခ်က္ကိုစာနဲ႔ေရးသားေဖာ္ျပဖို႔မစြမ္းသာတဲ့သူေတြဟာ Auto Memories Doll လို႔ေခၚတဲ့ ရွဲဒိုးစာေရးဆရာေတြကိုငွားၿပီး သူတို႔ရဲ႕အေတြးကိုေပၚလြင္ေအာင္ေရးသားခိုင္းပါတယ္။ မိဘမဲ့တေကာင္ႂကြက္ Violet Evergarden ဟာ စစ္ပြဲတခုအတြင္းမွာသူမလက္ေတြကိုဆုံးရႈံးလိုက္ရတာေၾကာင့္ ယႏၲရားလက္ေတြတပ္ဆင္ထားရသူပါ။ တသက္လုံးစစ္သမီးတေယာက္လိုပဲေနထိုင္လာခဲ့တဲ့ Violet ဟာ Auto Memories Doll အျဖစ္အလုပ္လုပ္ရင္း လူ႔အသိုင္းအဝိုင္းနဲ႔ျပန္လည္ဝင္ဆံ့ဖို႔ႀကိဳးစားရင္း အခ်စ္ ဆိုတဲ့ခံစားခ်က္ကိုသိရွိလာပါေတာ့တယ္။
My Hero Academia

လူတိုင်းလိုလို Quirk လို့ခေါ်တဲ့စွမ်းအင်တွေရှိတဲ့ကမ္ဘာတခုမှာဇာတ်အိမ်တည်ထားပါတယ်။ Izuku ဆိုတဲ့ကောင်လေးဟာ အကျော်ကြားဆုံးတန်ခိုးအကြီးဆုံး superhero All Might ကိုအထင်ကြီးလေးစားသူတယောက်ပါ။ အသက်အရွယ်ရင့်နေပြီဖြစ်တဲ့ All Might ဟာသူ့ရဲ့ တန်ခိုး One for All ကို Izuku ကိုပေးလိုက်ပြီး သူ့အမွေကိုဆက်ခံစေပါတယ်။ One for All ဟာစွမ်းအင်တွေသိုလှောင်နိုင်စွမ်းရှိပြီး အသုံးပြုသူရဲ့ခွန်အား၊ လျှင်မြန်မှု၊ ကြံ့ခိုင်မှုတွေအားလုံးကို တိုးမြှင့်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ဒီအစွမ်းကိုအပြည့်အဝအသုံးပြုနိုင်ဖို့ Izuku ဟာ superhero သင်တန်းကျောင်းတခုမှာလေ့ကျင့်ရပါတော့တယ်။
လူတိုင္းလိုလို Quirk လို႔ေခၚတဲ့စြမ္းအင္ေတြရွိတဲ့ကမာၻတခုမွာဇာတ္အိမ္တည္ထားပါတယ္။ Izuku ဆိုတဲ့ေကာင္ေလးဟာ အေက်ာ္ၾကားဆုံးတန္ခိုးအႀကီးဆုံး superhero All Might ကိုအထင္ႀကီးေလးစားသူတေယာက္ပါ။ အသက္အ႐ြယ္ရင့္ေနၿပီျဖစ္တဲ့ All Might ဟာသူ႔ရဲ႕ တန္ခိုး One for All ကို Izuku ကိုေပးလိုက္ၿပီး သူ႔အေမြကိုဆက္ခံေစပါတယ္။ One for All ဟာစြမ္းအင္ေတြသိုေလွာင္ႏိုင္စြမ္းရွိၿပီး အသုံးျပဳသူရဲ႕ခြန္အား၊ လွ်င္ျမန္မႈ၊ ႀကံ့ခိုင္မႈေတြအားလုံးကို တိုးျမႇင့္ေပးႏိုင္စြမ္းရွိပါတယ္။ ဒါေပမယ့္ ဒီအစြမ္းကိုအျပည့္အဝအသုံးျပဳႏိုင္ဖို႔ Izuku ဟာ superhero သင္တန္းေက်ာင္းတခုမွာေလ့က်င့္ရပါေတာ့တယ္။
Kakegurui

ဒီဇာတ်လမ်းကတော့ကြည့်ဖူးသမျှတွေနဲ့မတူဘဲတမျိုးကွဲပြားတယ်။ ဂျပန်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ သားသမီးတွေပဲတက်ရောက်ခွင့်ရှိတဲ့ပုဂ္ဂလိကကျောင်း Hyakkaou Private Academy မှာ ကျောင်းသားတွေရဲ့အရည်အချင်းကို လောင်းကစားလုပ်နိုင်စွမ်းနဲ့ပဲအကဲဖြတ်ပါတယ်။ ရှုံးပွဲများပြီးအကြွေးတင်နေတဲ့ကျောင်းသူကျောင်းသားတွေဟာ သူတို့ကိုအနိုင်ယူခဲ့သူတွေ ကြွေးရှင်တွေဆီမှာ ကျွန်ခံရတယ်။ Yumeko Jabami ဆိုတဲ့ကျောင်းသူသစ်လေးဟာသူမရဲ့လောင်းကစားပါရမီနဲ့ ပြိုင်ဘက်ရဲ့မသမာတဲ့အကြံကိုကြိုတင်ခန့်မှန်းနိုင်စွမ်းတို့ကိုသုံးပြီး ကျောင်းရဲ့ hierarchy ကိုပြောင်းလဲပစ်ဖို့ ကြိုးစားပါတော့တယ်။
ဒီဇာတ္လမ္းကေတာ့ၾကည့္ဖူးသမွ်ေတြနဲ႔မတူဘဲတမ်ိဳးကြဲျပားတယ္။ ဂ်ပန္ႏိုင္ငံရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ေတြရဲ႕ သားသမီးေတြပဲတက္ေရာက္ခြင့္ရွိတဲ့ပုဂၢလိကေက်ာင္း Hyakkaou Private Academy မွာ ေက်ာင္းသားေတြရဲ႕အရည္အခ်င္းကို ေလာင္းကစားလုပ္ႏိုင္စြမ္းနဲ႔ပဲအကဲျဖတ္ပါတယ္။ ရႈံးပြဲမ်ားၿပီးအေႂကြးတင္ေနတဲ့ေက်ာင္းသူေက်ာင္းသားေတြဟာ သူတို႔ကိုအႏိုင္ယူခဲ့သူေတြ ေႂကြးရွင္ေတြဆီမွာ ကြၽန္ခံရတယ္။ Yumeko Jabami ဆိုတဲ့ေက်ာင္းသူသစ္ေလးဟာသူမရဲ႕ေလာင္းကစားပါရမီနဲ႔ ၿပိဳင္ဘက္ရဲ႕မသမာတဲ့အႀကံကိုႀကိဳတင္ခန႔္မွန္းႏိုင္စြမ္းတို႔ကိုသုံးၿပီး ေက်ာင္းရဲ႕ hierarchy ကိုေျပာင္းလဲပစ္ဖို႔ ႀကိဳးစားပါေတာ့တယ္။