အိမ်မှာနေရင်း အပျင်းပြေလုပ်စားလို့ရအောင် ပါဝင်ပစွည်းနည်းနည်းနဲ့ အရသာရှိရှိ စားလို့ရမယ့် Corn Dogs (ပြောင်းဖူးအူချောင်းကြော်) ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံအောက်မှာ ဖော်ပြပေးထားပါတယ်။
Corn Dogs လုပ်မယ်ဆိုရင် လိုအပ်တဲ့ ပစွည်းလေးတွေကတော့
• ပြောင်းဖူးအူချောင်း (corn dogs) ၁၀ ခု
• ဂျုံမှုန့်
• ကြက်ဥတစ်လုံး
• နွားနို့ (၁) ခွက်
• ဆား
• မုန့်ဖုတ်ပေါင်ဒါ (၁)ဇွန်း
• ဆီ
• တုတ်ချောင်းတံ
Credit: Sarmal
Ref: Food & Cooking (YouTube)

အရင်ဆုံး ပြောင်းဖူးချောင်းလေးတွေကို တုတ်ချောင်းလေးတွေနဲ့ ထိုးထားပါ။

ပြီးတော့ ပန်းကန်တစ်ခုထဲမှာ ဂျူံမှုန့် ခွက်သေးတစ်ခွက်လောက်ထည့်ပေးပါ။

ပြီးတော့ ကြက်ဥ၊မုန့်ဖုတ်ပေါင်ဒါနဲ့ ဆားတို့ကို ထပ်ထည့်ပါ။

ပြီးရင် နွားနို့ထည့်လိုက်ပါ။

အားလုံးကို ကြက်ဥခေါက်တံ(သို့) ခရင်းနဲ့ ခလောက်ပေးပါ။

အရည်ပျစ်ပြီဆိုရင် အဲဒီဂျုူံနှစ်ရည်ကို ခွက်လေးတစ်ခုထဲမှာ ထည့်လိုက်ပါ။

ပြီးတော့ ပြောင်းဖူးအူချောင်းလေးတွေကို ဒီလိုလေး အပေါ်က ထိုးချပြီး ဂျူံနှစ်ရည်လူးပေးပါ။

ပြီးတော့ ဆီပူပူလေးထဲမှာ မုန့်ချောင်းလေးတွေကို ထည့်ကြော်ပါ။

မုန့်ချောင်းလေးတွေ ရွှေဝါရောင်သန်းပြီဆိုရင် ဆယ်လို့်အအေးခံထားလိုက်ပါ။
