လက်ရှိအချိန် လူမှုကွန်ရက်တွေပေါ်မှာ အများဆုံးမြင်နေကြရတာက coronavirus နဲ့ဆက်စပ်တဲ့အကြောင်းတွေပဲဖြစ်ပါလိမ့်မယ်။ Virus ကူးစက်မှု၊ Virusကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အချက်အလက်မျိုးစုံကို လူမှုကွန်ရက်သုံးစွဲသူများစွာက အချိန်နဲ့အမျှကို ရေးသား မျှဝေ နေကြတာပါ။ ဒါပေမဲ့ အဲဒီသတင်းတွေနဲ့ အချက်အလက်တွေထဲမှာ အလွဲတွေတော့ အများအပြားပါဝင်နေပါတယ်။
နားလည်ရခက်တဲ့ ဗိုင်းရပ်စ်အမျိုးအစားသစ်ဖြစ်နေတဲ့အတွက် ဆရာဝန်တွေနဲ့ သိပ္ပံပညာရှင်တွေက ကူးစက်မှုသဘောသဘာဝနဲ့ ပျောက်ကင်းအောင်ကုသနိုင်မယ့်နည်းလမ်းတွေကို အခုထိရှာဖွေနေရဆဲဖြစ်ပေမဲ့လည်း ရောဂါစမ်းသပ်စစ်ဆေးမှု၊ ရောဂါလက္ခဏာ၊ ကုထုံးတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မျိုးစုံကတော့ အမှန် အမှား ရောထွေးကာ ဆက်တိုက်ပေါ်ထွက်လာနေပါတယ်။
ဘယ်သူမဆို virus ရန်ကနေလွတ်ဖို့ ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှကာကွယ်လိုစိတ်ရှိနေမှာပါပဲ။ အဲဒါကြောင့် တချို့သောလူတွေအနေနဲ့ Virus အန္တရာယ်ကကင်းဝေးစေနိုင်ကြောင်း လူမှုကွန်ရက်တွေမှာ ညွှန်းထားတဲ့နည်းလမ်းတွေအတိုင်း (တိကျမှုရှိ၊ မရှိမတွေးတော့ဘဲ) လက်တည့်စမ်းကြည့်ရင်း ဒုက္ခတွေ့ရနိုင်ပါတယ်။ လတ်တလော လူမှုကွန်ရက်တွေမှာရေးသားမျှဝေနေကြတဲ့အချက်အလက်တွေထဲက တချို့ကို မှန် ၊မမှန် ဝေခွဲသိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါရစေ။
(၁) Zinc ဓာတ်ဖြည့်စွက်စာတွေက oronavirus အန္တရာယ်ကို ကာကွယ်ပေးနိုင်လား

zinc က coronavirusအပေါ် သက်ရောက်မှုတစ်ခုခုရှိတယ်ဆိုတဲ့ သုတေသနရလဒ်မျိုး မရှိထားသေးပါဘူး။ ဒါပေမဲ့ SARS နဲ့ သာမန်အအေးမိတာလောက်ပဲဖြစ်စေနိုင်တဲ့ coronavirus ၄ မျိုးအပါအဝင် တခြား coronavirus ၆ မျိုးကိုတော့ က အတော်အသင့်ဟန့်တားနိုင်စွမ်းရှိပါတယ်။
Zinc ဓာတ်ဖြည့်စွက်စာကို နေမကောင်းတဲ့အခါမျိုးမှာသုံးစွဲတာက သင့်တော်မှန်ကန်ပေမဲ့ virus ကိုကာကွယ်ဖို့ရည်ရွယ်သုံးစွဲတာဆိုရင်တော့ အတော်လေးလွဲနေပါပြီ။
(၂) ဗီတာမင် ဒီ ကကော coronavirus ကို ခုခံကာကွယ်ပေးနိုင်လား

CDC director ဟောင်း Tom Frieden က vitamin D က ရောဂါခုခံနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ပေမဲ့ vitamin D နဲ့ Covid-19 ဆက်စပ်မှုအကြောင်းလေ့လာထားတာမရှိသေးတဲ့အတွက် Covid-19 ကိုခုခံနိုင်စွမ်းရှိမလား မရှိဘူးလား ကို တိတိကျကျအဖြေမထုတ်နိုင်ကြောင်း ပြောဆိုထားပါတယ်။
ဆရာဝန်က သောက်ဖို့လိုအပ်တယ်လို့ ညွှန်ကြားတာကြောင့် vitamin D သောက်တာက အဓိပ္ပာယ်ရှိပေမဲ့ coronavirus ကာကွယ်ရေးမှာ hand-washing နဲ့ social distancing တွေထက် vitamin D သောက်တာကို ပိုအရေးမစိုက်သင့်ကြောင်း သိထားသင့်ပါတယ်။
(၃) coronavirus ကူးစက်ခံထားရချိန်မှာ ibuprofen လိုဆေးတွေသောက်ရင် အန္တရာယ်ရှိလား

ibuprofen လို အကိုက်အခဲသက်သာဆေးတွေက immune system ကို ထိခိုက်စေတာ ဒါမှမဟုတ် Covid-19 ကို ပိုအားကောင်းလာစေနိုင်ကြောင်း ဖော်ပြမှုတစ်ခုတလေမှတော့ မရှိထားသေးပါဘူး။
ibuprofen (သို့) acetaminophen (Tylenol) လိုဆေးတွေက ဖျားနာမှုနဲ့ ကိုက်ခဲနာကျင်မှုသက်သာစေတဲ့ဆေးတွေသာဖြစ်လို့ စိတ်ချလက်ချသောက်လို့ရပါတယ်။
(၄) ဆားရေနွေးနဲ့ ပလုတ်ကျင်းခြင်း (သို့) ရေများများသောက်ခြင်းက Covid-19 အန္တရာယ်ကို ကာကွယ်ပေးနိုင်လား

လည်ချောင်းနာနေရင် ဆားရေငုံပြီးပလုတ်ကျင်းရတာက လူအများစုသိထားတဲ့ အိမ်တွင်းဆေးနည်းတစ်ခုပါ။ ဖျားတဲ့အခါ ဝမ်းလျှောတဲ့အခါတွေမှာ ရေများများသောက်ရတာကလည်း ရေဓာတ်ပြည့်ဝစေဖို့သာရည်ရွယ်ရင်းဖြစ်ပြီး ပါးစပ်ထဲက virus တွေကိုရေနဲ့ ဆေးပစ်တဲ့သဘောမဟုတ်ပါဘူး။
ဆားရေငုံပလုတ်ကျင်းတာကြောင့် သာမန်လည်ချောင်းနာဝေဒနာသက်သာသွားနိုင်ပြီး ရေများများသောက်တာကလည်း ရေဓာတ်ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့် ကောင်းတယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ အဲဒါတွေက coronavirus အတွက် အကာအကွယ်နည်းလမ်းတွေတော့ လုံးဝမဟုတ်ပါဘူး။
(၅) နေရောင်ခြည်ရဲ့ အပူရှိန်နဲ့ UV light က coronavirus ကိုသေစေနိုင်လား

မြင့်မားလွန်းအပူချိန်ပမာဏနဲ့ ပြင်းအားမြင့် UV light တွေက coronavirus ကိုသေစေနိုင်တယ်ဆိုတာ မှန်ပါတယ်။ နေရောင်ပူက coronavirus သေစေနိုင်တယ်ဆိုတာနဲ့ပတ်သက်လို့တော့ ဘာအထောက်အထားမှမရှိသေးကြောင်းကို WHO ကလည်း ထုတ်ပြန်ထားပါတယ်။
(၆) ၁၀ စက္ကန့်အသက်ရှုအောင့်ပြီး Covid-19 ကူးစက်ခံရမှု ရှိ၊ မရှိ ကိုယ်တိုင်စစ်ဆေးလို့ရလား

မရပါဘူး။ ၁၀ စက္ကန့်လောက်အသက်ရှုအောင့်ထားတာလောက်လေးနဲ့ coronavirus ကူးစက်ခံရမှု ရှိ၊ မရှိ ကိုခွဲခြားအဖြေထုတ်ဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပါ။
Ref: elemental
Thiha