Advertisement

အိမ်ထဲမှာနေရတာကြာလာတဲ့အခါတချို့က ဟော့ပေါ့တို့ မာလာရှမ်းကောတို့ဆာတယ်။ တချို့ကတော့အနုပညာဆာတယ်။ အခုဆောင်းပါးမှာပန်းချီနဲ့အနုပညာကို ဆာလောင်မွတ်သိတ်နေသူတွေအတွက် ပြန်ဖွင့်နေပြီဖြစ်တဲ့ပြခန်းတချို့ကိုဖော်ပြထားပါတယ်။ မဖွင့်သေးတဲ့ပြခန်းတွေကိုလည်း online ကနေကြည့်လို့ရမယ့် website တွေညွှန်းပေးထားတယ်နော်။

Myanm/art

Don’t Leave Me by Bay Bay

Bart Was Not Here, Richie Htet နဲ့စိုးယုနွယ်တို့လိုလူငယ်ပန်းချီဆရာတွေကိုစင်တင်ပေးလျက်ရှိတဲ့ ပန်းချီပြခန်းပါ။ Installations, ကြွေထည်နဲ့လုပ်တဲ့အနုပညာလက်ရာတွေ၊ ဓာတ်ပုံတွေကိုပြသလေ့ရှိပါတယ်။

Address: G-42, Urban Asia Centre, 48th Street, Middle Block, Botataung Township, Yangon
Operating hours: 11:30 am – 5 pm (တနင်္လာနေ့ပိတ်)

Director: [email protected]
Gallery Manager: [email protected]

Website: https://myanmartevolution.com/
Facebook: Myanm/art
Instagram: @myanmart
Twitter: @myanmart

Pansodan Gallery

လူနဲ့တောတောင်ရှုခင်းတွေပုံရေးဆွဲထားတဲ့ဆီဆေးပန်းချီကားတွေ၊ abstract တွေကိုကြည့်ရှုခံစားနိုင်ပါတယ်။ အိမ်မှာနေရင်းရသမြောက်တဲ့ဗီဒီယိုတွေကြည့်ရှုနိုင်မယ့် Pansodan Scene Art Café Facebook နဲ့ Pansodan Media YouTube Channel တွေလည်းရှိပါသေးတယ်။

Address: No. 286, 1st floor, Pansodan Street (upper block), Yangon.
Operating hours: 10 am – 6 pm

Website: http://pansodan.com/
Facebook: Pansodan Gallery Art Space/ Pansodan Scene Art Cafe ပန်းဆိုးတန်း ဗွီဒီယိုကဖေး
YouTube: Pansodan Media

New Treasure Gallery

Min Wae Aung – Return Home (New Treasure Art Gallery)

ပန်းချီဆရာမင်းဝေအောင်တည်ထောင်ထားတဲ့ဒီပြခန်းကတော့လတ်တလောပိတ်ထားပါတယ်။ ဒါပေမယ့် website ကနေတဆင့်ပန်းချီကားတွေကြည့်လို့ရပါတယ်။

Address: No. 84 A, Than Lwin Street, Golden Valley, Bahan Township, Yangon

Email: [email protected]
Website: https://www.newtreasureartgallery.com/
Facebook: New Treasure Art Gallery
Instagram: @newtreasureartgallery

Trish Gallery

Candle Light and I by Artist Kyee Myintt Saw

ခေတ်ပြိုင်လက်ရာတွေအပြင် ဂန္ထဝင်ပန်းချီကားတွေ၊ ပန်းပုတွေကိုပါကြည့်ရှုခံစားနိုင်မယ့်နေရာတခုပါ။ ဇွန်လလောက်ပြန်ဖွင့်ဖို့စိတ်ကူးထားကြောင်းသိရပါတယ်။

Address: 46A, G/F, Flat C, Excellent Condominium, Min Kyaung Street (cross Pan Tra), Dagon Township, Yangon.

Email: [email protected]
Website: https://www.trishgallery.com
Facebook: Trish Gallery Yangon

River Gallery

Chuu Wai Nyein – Meet Me Where The Wild Things Grow (River Gallery)

ဇွန်လကျရင်ပြန်ဖွင့်မယ်လို့သိရပါတယ်။ လတ်တလောမှာပန်းချီကားတွေကြည့်ချင်ရင်တော့ appointment လုပ်ဖို့လိုအပ်ပြီး မနက် ၁၀နာရီကနေ ၅နာရီအတွင်းကြည့်ရှုနိုင်တယ်။ [email protected] ကနေ appointment လုပ်နိုင်ပါတယ်။ Website မှာလည်း ဇော်ဝင်းဖေ၊ သန်းကျော်ဌေး၊ ခြူးဝေငြိမ်း တို့လိုပန်းချီဆရာတွေရဲ့လက်ရာတွေကို ခံစားနိုင်တယ်။ ပန်းချီဆရာတွေအိမ်မှာနေရင်းအနုပညာလက်ရာတွေဖန်တီးနေပုံကိုလည်း Facebook မှာကြည့်နိုင်ပါတယ်။

Address: No. 33/35, 37th and 38th street, (beside The Strand Hotel) Kyauktada Township, Yangon

Email: [email protected]
https://www.rivergallerymyanmar.com
Facebook: River Gallery
Instagram: @rivergallerymyanmar

Myanmar Deitta

တီထွင်ဖန်တီးမှုအားကောင်းတဲ့ဓာတ်ပုံတွေကိုကြည့်ချင်တယ်ဆိုရင်တော့ Myanmar Deitta ကသင့်အတွက်ပါပဲ။ Not-for-profit လူမှုအဖွဲ့အစည်းတခုဖြစ်ပြီးခုလောလောဆယ်တော့ပိတ်ထားပါတယ်။

Address: No. 130 Bogalayzay street, Yangon

Email: [email protected]
Website: https://www.deitta.org/
Facebook: Myanmar Deitta

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here