Working From Home နဲ့ အလုပ်လုပ်ရမယ့်ဝန်ထမ်းရဲ့အိမ်ငှားရမ်းခကုန်ကျစရိတ်အတွက် အလုပ်ရှင်က စိုက်ထုတ်ကျခံေပးရမယ့်စည်းမျဥ်းတစ်ရပ်ကို Switzerland နိုင်ငံရဲ့အဆင့်မြင့်တရားရုံးတစ်ခုက ချမှတ်လိုက်တယ်လို့ German သတင်းစာ Tages-Anzeiger က ဖော်ပြလိုက်ပါတယ်။

ဆွစ်ဇာလန်ဖက်ဒရယ်တရားရုံးရဲ့ အဲဒီလိုစည်းမျဥ်းချမှတ်မှုကို အများပြည်သူထံထုတ်ပြန်ခြင်းေတာ့မရှိေသးပါဘူး။ ဝန်ထမ်းရဲ့အိမ်ငှားခကုန်ကျစရိတ်အတွက် အလုပ်ရှင်ဘက်က $ 154 ကို လစဉ်ပြန်လည်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ အလုပ်ရှင်ရဲ့ တောင်းဆိုကမ်းလှမ်းချက်ကြောင့်မဟုတ်ဘဲ မိမိသဘောဆန္ဒအရ WFH ဆက်လက်လုပ်ကိုင်နေတဲ့ဝန်ထမ်းေတွဆိုရင်ေတာ့ အိမ်ငှားရမ်းခထောက်ပံ့မှုရရှိမှာမဟုတ်ပါဘူး။

လုပ်ငန်းရှင်တွေက သူတို့အနေနဲ့ ဝန်ထမ်းတွေနဲ့ သဘောတူညီမှုမရှိထားတဲ့အတွက် ငှားရမ်းခထောက်ပံ့ေပးဖို့တာဝန်မရှိေနဘူးလို့ ခုခံချေပခဲ့ကြေပမဲ့လည်း အဲဒါကိုရုံးတော်ကပယ်ချခဲ့ပြီး “ဝန်ထမ်းတစ်ဦးအနေဖြင့် အလုပ်မှထွက်ထားပြီးဖြစ်သည့်တိုင် ယခင် WFH လုပ်ကိုင်ခဲ့ရစဥ်ကငှားရမ်းစရိတ်များအတွက် ထောက်ပံ့ေငွေတာင်းဆိုပိုင်ခွင့်ရှိသည်” ဆိုတဲ့အချက်ကိုပါ ထပ်မံဖြည့်စွက်ခဲ့ကြပါတယ်။ ဝန်ထမ်းတစ်ဦးအနေနဲ့ Work From Home လုပ်ကိုင်ဖို့အတွက် အခန်းအသစ်တစ်ခန်းထပ်မံငှားရမ်းရတာမျိုးရှိ မရှိ ကတော့ စည်းမျဥ်းအတွက် အဓိကမကျတဲ့ကိစ္စရပ်အဖြစ် တရားရုံးက သတ်မှတ်ခဲ့ပါတယ်။

ဒါဟာ Working from home နဲ့လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေ အိမ်ငှားခအထောက်အပံ့ရရှိရေးလိုကိစ္စမျိုးအတွက် Switzerland’s highest court တစ်ခုရဲ့ ပထမဆုံးအကြိမ်ပတ်သက်ဆုံးဖြတ်ခဲ့မှုပါ။ Coronavirus Pandemic ကြောင့် WFH အလုပ်လုပ်ကိုင်မှုနှုန်းက မကြုံစဖူးမြင့်မားလာေနချိန်မှာ အခုလိုစည်းမျဥ်းထွက်ေပါ်လာတာေကြာင့် အလုပ်ရှင်တွေကတော့ flexible work arrangement ကိုပဲဆက်သုံးရမလား ဒါမှမဟုတ် ဝန်ထမ်းတချို့အတွက် “home office” စနစ်ထားေပးတာမျိုးပဲဆက်သုံးရမလား ဆိုတာ စဉ်းစားအဖြေရှာနေကြရပါပြီ။
Ref: swissinfo.ch
Thiha