ဝန်ထမ်းေတွအနေနဲ့ Coronavirus Pandemic ပြီးဆုံးသွားတဲ့ေနာက်ပိုင်းမှာပါ Work From Home စနစ်နဲ့ အလုပ်ဆက်လုပ်လိုခဲ့ရင် ခွင့်ပြုသွားမယ်လို့ ဆန်ဖရစ္စကိုအခြေစိုက် ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Twitter က က ထုတ်ပြန်ကြေညာလိုက်ပါျပီ။

ဒါကြောင့် ဝန်ထမ်းဦးေရ 5,000 ကျော်အလုပ်လုပ်ကိုင်ေနတဲ့ Twitter ကုမ္ပဏီဟာ Forever Work From Home စနစ်ကိုကျင့်သုံးတဲ့ ကမ္ဘာ့ပထမဆုံးစီးပွားေရးလုပ်ငန်း ဖြစ်လာခဲ့ပါတယ်။

Work From Home အလုပ်လုပ်ရတဲ့ ပြီးခဲ့တဲ့လတွေအတွင်းမှာ ဝန်ထမ်းတွေက သူတို့ရဲ့အလုပ်ေတွကို အဆင်ပြေပြေနဲ့ပြီးစီးနိုင်ခဲ့ကြတာကြောင့် အခုလိုခွင့်ပြုဖို့ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဝန်ထမ်းတွေဘက်က အမြဲတမ်း အိမ်ကနေအလုပ်လုပ်ဖို့အဆင်ေပြမယ်၊ ဆန္ဒရှိကြမယ်ဆိုရင် ကုမ္ပဏီကလည်း တကယ်လုပ်ကိုင်နိုင်ေအာင်ဖန်တီးပေးသွားမှာဖြစ်ေကြာင်းကိုလည်း Twitter က Blog Post တစ်ခုမှာ ရေးသားေဖာ်ပြခဲ့ပါတယ်။

Twitter က သူ့ရဲ့ဝန်ထမ်းတွေအဆင်ေပြေစဖို့ အခုလိုခွင့်ပြုပေးလိုက်ပေမဲ့ Forever Work From Home စနစ်နဲ့ အလုပ်ဆက်လုပ်ဖို့ဆန္ဒမရှိတဲ့၊ တကယ်လုပ်ကိုင်ဖို့အခက်အခဲရှိနိုင်တဲ့ဝန်ထမ်းတွေအတွက်ကိုတော့ လုံခြုံစိတ်ချရတဲ့လုပ်ငန်းခွင်တစ်ခုကိုစီစဥ်ဖန်တီးပေးပြီး ပုံမှန်အတိုင်းရုံးတက်အလုပ်လုပ်ခွင့်ပြုသွားမှာဖြစ်ပါတယ်။
Ref: Metro
Thiha