Advertisement

Outdoor Spacing

ကြိတ်ကြိတ်တိုးလူစည်‌ကားခြင်းက Social distancing ရှိဖို့လိုတဲ့အခုအချိန်ကာလမှာ စား‌ေသာက်ဆိုင်တစ်ဆိုင်အတွက် ပြဿနာဖြစ်‌လာ‌ေစမှာပါ။ အလုံပိတ်အအေးပေးထားတဲ့အခန်းတွေဟာ virus ကူးစက်မှုကို ပိုအားပေးနိုင်တယ်လို့တွေ့ရှိထားမှုတွေကြောင့်လည်း ‌Outdoor Space မှာခင်းကျင်းရောင်းချမှုတွေက များလာခဲ့ပါပြီ။ ဆိုင်အပြင်ဘက်မှာ သဘာဝလေတဖြူးဖြူးနဲ့ထိုင်ပြီးစား‌ေသာက်ရတဲ့အတွေ့အကြုံက ပုံမှန်လို ဖြစ်လာနိုင်ပါတယ်။

Designer mask ဝတ်ဆင်ထားတဲ့ ဆိုင်ဝန်ထမ်းများ

စားသောက်ဆိုင်တစ်ဆိုင်ထဲစဝင်တဲ့အချိန်မှာ ဆိုင်ဝန်ထမ်း‌ေလးတွေရဲ့ ချိုသာတဲ့အပြုံးနဲ့ဆီးကြိုမှုကို မတွေ့ရနိုင်တော့ပါဘူး။ အားလုံးက Face Mask တွေဝတ်ဆင်ထားကြရမှာဖြစ်တာကြောင့်ပါ။ ဒါပေမဲ့ သူတို့ရဲ့ပျူပျူငှာငှာဆီးကြိုတဲ့အသံ‌ေလး‌ေတွကိုတော့ ကြား‌ေနရဦးမှာဖြစ်ပါတယ်။

အပူချိန်တိုင်းတာစစ်ဆေးမှု

လက်ရှိလုပ်ငန်းအများစုမှာကျင့်သုံး‌ေနတဲ့ အဖျားစစ်ဆေးမှုပုံစံကို စားသောက်ဆိုင်တွေကလည်း အသုံးပြုလာဖို့ရှိပါတယ်။ ဆိုင်မှာလာစားနိုင်တဲ့စနစ်နဲ့ဖွင့်မယ်ဆိုရင် လက်ဆေး‌ေကြာခြင်းနဲ့ အဖျားရှိ မရှိစစ်ဆေးခြင်းတွေကို မဖြစ်မနေစီစဉ်ထားကြမှာပါပဲ။

ဆိုင်ထိုင်ဖို့ Online က Order ကြိုတင်တဲ့စနစ်

အခုလည်း restaurant အတော်များများမှာ online ordering system ကို သုံ‌းနကြပါတယ်။ ဒီစနစ်ကို ဆိုင်လာစားတဲ့ကိစ္စအတွက် ကြိုပြီး Order တင်ဖို့ ordering system အနေနဲ့သုံးမယ်ဆိုလည်းရနိုင်မှာပါ။ ဒါဆိုရင်စားသုံးသူနဲ့ ‌ဝန်ဆောင်မှုပေးသူတွေအကြား Menu ပြသတာ နဲ့ ဘီလ်ရှင်းတာလိုကိစ္စတွေအတွက် ထိတွေ့ရမှု‌ေတွ မဖြစ်စေနိုင်တော့ပါဘူး။

Upbeat Music

ဒါကတော့ အံ့ဩသွားရစေမယ့်အချက်တစ်ခုပါ။ သီချင်းသံတွေနဲ့ဆူညံပြီးပျော်စရာကောင်းခဲ့ခြင်းက ဒီကာလမှာတော့ သတိထားစရာကိစ္စဖြစ်လာပါတယ်။ အခုပြန်ဖွင့်လာတဲ့ဆိုင်တွေမှာ social distancing ရှိစေဖို့ စားပွဲတွေချဲထားရတဲ့အတွက် စားပွဲအရေအတွက်ကနည်းသွားပါလိမ့်မယ်။ ဒါကြောင့် စားပွဲတွေမှာကြာရှည်ထိုင်‌တာမျိုး‌ေတွမ‌ရှိ‌ေစဖို့ ခပ်ပြင်းပြင်းခပ်ကျယ်ကျယ်သီချင်းသံတွေကို အသုံးပြုလာနိုင်ပါတယ်။

Food pick-up station တွေ

ဆိုင်တွေက စားသုံးသူရဲ့စားပွဲဆီပို့ပေးတဲ့စနစ်အစား ကိုယ်မှာတာကို ကိုယ်တိုင်စောင့်ဆိုင်းယူဆောင်ရတဲ့စနစ်ကိုသုံးလာနိုင်ပါတယ်။ မှာထားတဲ့အစားအသောက်တွေကို food wait station မှာစောင့်ဆိုင်းယူတဲ့စနစ်က ပန်းကန်တွေ ဇွန်း‌ေတွနဲ့ အဆင့်ဆင့်ထိတွေ့မှုမရှိစေတော့ဘဲ Virus ကူးစက်နိုင်ချေကိုလျော့စေမှာပါ

Text Message ဒါမှဟုတ် Email နဲ့‌ပို့မယ့် Menu များ

ပုံမှန် Paper Menu တွေကိုဆက်သုံးစွဲခြင်းက အန္တရာယ်များနိုင်တာကြောင့် virtual menu ဆိုတာက ဆိုင်အများစု‌ေရွးချယ်ရမယ့်ပုံစံသစ်တစ်ခု ဖြစ်လာမှာပါ။ စားသုံးသူ စားပွဲမှာထိုင်လိုက်ပြီဆိုတာနဲ့ Menu ကို Text Message ဒါမှမဟုတ် Email က‌ေန ပို့‌ေပးလိုက်မယ့်နည်းဖြစ်ပါတယ်။

လေအေးပေးစက်‌ေတွ‌ေပျာက်ကွယ်သွားခြင်း

Air Conditioning စနစ်ဟာ Virus ပျံ့နှံ့ရလွယ်ကူစေနိုင်တဲ့ အထောက်အပံ့တစ်ရပ်လိုဖြစ်‌တာ‌ေကြာင့် ဆိုင်ရှင်တွေက ဒါကိုအသုံးပြုခြင်းအစား ပြတင်းတွေ တံခါးတွေကိုဖွင့်ထားတာမျိုးကိုပဲ ဆိုင်တွေက အသုံးပြုလာကြပါလိမ့်မယ်။ မဖြစ်မနေသုံးရဖို့ရှိလာခဲ့ရင်‌လည်း ပိုးသတ်သန့်စင်ပြီးပြန်သုံးလို့ရတဲ့ air filter တွေတပ်ဆင်ပြီး သုံးရမှာဖြစ်ပါတယ်။

Ref: MSN
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here