Advertisement

Coronavirus Vaccine သစ် ထုတ်လုပ်ဖြန့်ဖြူးေပးဖို့အတွက် လာမယ့်စက်တင်ဘာလလောက်ဆိုရင် အဆင်သင့်ဖြစ်‌ေန‌ေတာ့မယ့်အ‌ေကြာင်းကို အမေရိကန်နိုင်ငံ၊ ကိန်းဘရစ်ခ်ျအခြေစိုက်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကြီး AstraZeneca က ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

AstraZeneca ကုမ္ပဏီဟာ AZD1222 လို့အမည်ပေးထားတဲ့ Coronavirus ကုသဆေးသစ်တစ်မျိုးကို Oxford University ကပညာရှင်‌ေတွနဲ့ အတူပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး အနည်းဆုံး အလုံးရေ သန်း ၄၀၀ ထိထုတ်လုပ်နိုင်ဖို့ရည်မှန်းထားသလို ဒီနှစ်နဲ့ လာမယ့်နှစ်အ‌ေတာအတွင်းမှာတော့ ဆေးအလုံးရေ ၁ ဘီလျံ‌ေလာက်ထိထုတ်လုပ်သွားနိုင်ဖို့လည်း ကြိုးစားပြင်ဆင်‌ေနပါတယ်။

လက်ရှိအချိန်ထိ Coronavirus ကာကွယ်ကုသ‌‌ေဆးရရှိဖို့စမ်းသပ်ဖန်တီးနေတဲ့ပညာရှင်အဖွဲ့‌‌အ‌ေရအတွက်စုစု‌ေပါင်းကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့တွက်ရင် ၈၀ လောက်ထိရှိ‌ေနပါပြီ။

ဒီဆေးကိုဖန်တီးထုတ်လုပ်မယ့်လုပ်ငန်းစဉ်တွေအတွက်ကို US Biomedical Advanced Research and Development Authority (BARDA) က အမေရိကန်‌ေဒါ်လာ ၁ ဘီလျံထောက်ပံ့‌ေပးထား‌ေကြာင်းသိရပြီး U.S အစိုးရက‌လည်း ဒီဆေးဝါးသစ် အလုံး‌ေရ သန်း ၃၀၀ ကို ကြိုတင်မှာယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC, CGTN
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here