Harvard နဲ့ MIT တက္ကသိုလ်တွေက သိပ္ပံပညာရှင်ေတွဟာ Coronavirus ရှိ မရှိ စမ်းသပ်စစ်ဆေးမှုကို ပိုမြန်ဆန်ထိေရာက်ေစမယ့်နည်းပညာတစ်ခုကို ပူးပေါင်ဖးန်တီးနေကြပြီး ရလဒ်ကောင်းတွေလည်းရရှိထားတယ်လို့သိရပါတယ်။
ဒီဖန်တီးမှုမတိုင်ခင်အချိန်က 2014 ခုနှစ်ေလာက်မှာ MIT ရဲ့ Bioengineering laboratory ကနေ Ebola virus ကို အာရုံခံနိုင်စွမ်းရှိ sensor စနစ်တစ်မျိုးကို စမ်းသပ်ဖန်တီးခဲ့ဖူးသလို 2016 ခုနှစ်တုန်းကလည်းသိပ္ပံပညာရှင်ေတွက သူတို့ရဲ့ Virus Dection Technology သုတေသနစာတမ်းကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူထံ ဖော်ပြခဲ့ကြဖူးပါတယ်။
Coronavirus ကူးစက်ခံထားရသူတစ်ဦးက အသက်ရှု၊ နှာချေ၊ ချောင်းဆိုးပြီဆိုတာနဲ့ အချက်ပြမီးလင်းပြီးအသိပေးသွားမယ့် Mask တစ်မျိုးကိုဖန်တီးနေတာဖြစ်ပါတယ်။ ဒီဖန်တီးမှုသာ အပြည့်အဝအောင်မြင်လာမယ်ဆိုရင် Virus ရှိ မရှိ စစ်ဆေးဖို့ အပူချိန်တိုင်းတာနဲ့ တံတွေး၊ နှာရည် နမူနာယူပြီးဓာတ်ခွဲတာမျိုးတွေကို လုပ်ဆောင်ဖို့ လိုအပ်ေတာ့မှာမဟုတ်ပါဘူး။ လေဆိပ်၊ ဆေးရုံဆေးခန်း၊ လုပ်ငန်းဌာနတွေအတွက်တော့ ဒီ Mask တွေက အထူးတလည်အသုံးတည့်နိုင်ပြီး သံသယလူနာစစ်ဆေးမှုလိုကိစ္စမျိုးအတွက်တောင် အသုံးပြုလို့ရလာနိုင်ေချရှိေနပါတယ်။
ဒီစီမံကိန်းက မြေစမ်းခရမ်ပျိုး အဆင့်မှာသာရှိေသးေပမဲ့လည်း ရလဒ်ပိုင်းအရကေတာ့ အခြေအနေကောင်းမွန်ေနတယ်လို့သုေတသီေတွကေပြာဆိုထားပါတယ်။ Sensor တွေရဲ့ အာရုံခံစွမ်းရည်နဲ့ပတ်သက်လို့လည်း Coronavirus ပါဝင်နေတဲ့တံတွေးနမူနာကိုအသုံးပြုပြီး စမ်းသပ်စစ်ေဆးမှုပြုလုပ်ထားပြီးပါပြီ။
လက်ရှိကတော့ သုတေသီတွေက ဒီ Sensor တွေကို Mask ရဲ့အတွင်းဘက်မှာတစ်ပါတည်းထည့်ထားမလား ဒါမှမဟုတ် sensor ကို ဘယ်လို Mask မှာမဆိုတွဲသုံးလို့ရေစမယ့်သီးခြားအစိတ်အပိုင်းပုံစံမျိုးဖန်တီးမလား ဆိုတာ ေရွးချယ်ေနကြပြီး လာမယ့်သီတင်းပတ်လောက်မှာ Mask ရဲ့နမူနာပုံစံကို မိတ်ဆက်ပြသသွားနိုင်ဖို့ပြင်ဆင်နေကြပါတယ်။
Ref: Business Insider
Thiha