Advertisement

နယူးဇီလန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက‌ေတာ့ နိုင်ငံတွင်းကဆေးရုံတွေ‌‌မှာ coronavirus လူနာတစ်ဦးတစ်‌ေယာက်မျှမရှိ‌ေန‌ေတာ့သလို နောက်ဆုံး ၅ ရက်ဆက်တိုက်မှာလည်း ကူးစက်မှုအသစ်ထပ်မံမတွေ့ရ‌ေကြာင်း ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အက်ခ်လန်းဆေးရုံမှာ ဆေးကုသမှုခံယူ‌‌ေနတဲ့‌ Coronavirus ကူးစက်ခံနောက်ဆုံးလူနာဟာလည်း နေပြန်ကောင်းလာတာ‌ေကြာင့် ဆေးရုံကဆင်းခွင့်ရသွားပါပြီ။

နယူးဇီလန်အာဏာပိုင်‌ေတွဟာ နိုင်ငံတွင်းပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရမှုကို 2020 February 26 ရက်နေ့မှာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ‌ေနာက်ပိုင်း March 19 ရက်ကစတင်ကာ နယ်စပ်ဖြတ်သန်းသွားလာခွင့်‌ပိတ်ပင်ခဲ့ပြီး March 26 မှာ full-scale lockdown စ ချထားခဲ့တာပါ။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရမှုဖြစ်စဥ်အ‌ေရအတွက်က ပြီးခဲ့တဲ့ သောကြာနေ့ (March 22) ထိ မှတ်တမ်းအရ 1,504 ခုသာရှိ‌‌ေနပြီး အဲဒီကူးစက်ခံခဲ့ရသူ 1,504 ဦးလုံးဟာ ပြည်ပကပြန်လာသူ‌ေတွနဲ့ ခရီးသွားရာဇဝင်ရှိသူနဲ့ထိ‌ေတွ့ ခဲ့တဲ့သူတွေချည်းဖြစ်ပါတယ်။ Testing Kit တွေနဲ့ဗိုင်းရပ်စ် ရှိ မရှိ စစ်ဆေးမှုပေါင်း 267,435 ခုထိလုပ်ဆောင်ထားနိုင်တဲ့အပြင် နောက်ထပ်စစ်ဆေးမှု‌ေတွပြုလုပ်နိုင်ဖို့လ်ုအပ်လာရင်လည်း Testing Kit 200,000 က နယူးဇီလန်မှာ အဆင်သင့်ရှိလို့‌ေနပါတယ်။

March လအလယ်လောက်မှာ ပထမဆုံးအကြိမ်အဖြစ် ဆေးရုံတက်ရောက်ကုသခံလူနာဦးရေက 0 ထိကျဆင်းသွားခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကြောင့်သေဆုံးသူဦးရေက လည်း May 6 ရက်ကစလို့ ၂၁ ဦးအရေအတွက်ကနေ ထပ်မတိုးလာ‌ခဲ့ပါဘူး။ May 11 ရက်ကစလို့ ကူးစက်မှုအသစ် 3 ခုသာ ထပ်တွေ့ခဲ့ရသလို လက်ရှိကာလရဲ့ နောက်ဆုံး 5 ရက်ဆက်တိုက်ထိမှာ‌က‌ေတာ့ ကူးစက်မှုအသစ်တစ်ခုကိုမှထပ်‌ပြီးမ‌ေတွ့ရ‌ေသးတာပါ။

ဒါကြောင့် လက်ရှိအချိန်မှာ ဘုရားကျောင်းတက်တာ, မင်္ဂလာပွဲကျင်းပတာနဲ့ ဈာပနအခမ်းအနားကျင်းတာ‌ေတွအတွက် လူဦးရေ 100 ထိစုဝေးနိုင်‌တယ်လို့ အာဏာပိုင်တွေကပြန်ခွင့်ပြုပေးထားပြီး ဈာပနကိစ္စအတွက်ဆိုရင်‌ေတာ့ ကျန်းမာရေးဌာနဆီက အထူးခွင့်ပြုချက်‌ေတာင်းခံ‌ေနဖို့‌ေတာင် မလို‌‌ေတာ့ပါဘူး။ Lockdown ချထားမှုတွေကို လာမယ့်သီတင်းပတ်တွေအတွင်းကစပြီး တဖြည်းဖြည်းချင်းဖြေလျော့‌ေပးသွားမှာဖြစ်သလို နယူးဇီလန် – ဩစတေးလျခရီးစဥ်‌ေတွကိုလည်း ပြန်ခွင့်ပြုပေးသွားဖို့ စီစဉ်ထားပြီဖြစ်ပါတယ်။ လက်ရှိ နယူးဇီလန်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ 21 ဦးရှိနေဆဲဖြစ်‌ေပမဲ့ အဲဒီလူတွေထဲမှာ ဆေးကုသမှုခံယူရ‌ေလာက်‌ေအာင် နာမကျန်းဖြစ်နေသူတစ်ဦးမျှ‌ေတာ့မရှိမ‌ေနပါဘူး။

ဝန်ကြီးချုပ် Jacinda Ardern ကတော့ လာမယ့်လလောက်ကစပြီး နိုင်ငံရဲ့ကဏ္ဍအသီးသီးကို ကပ်ရောဂါဘေးသတိပြုမှုနဲ့အတူ ပုံမှန်ပြန်လည်ပတ်သွားမယ့်အ‌ေကြာင်း‌ေကြညာခဲ့ပြီး Global Pandemic အခြေအနေထဲမှာရှိနေသေးတယ်ဆိုတဲ့အချက်ကို‌ေမ့မထားဘဲ ပြောင်းလဲလာတဲ့ဘဝနေထိုင်မှုပုံစံသစ်နဲ့အသားကျ‌‌ေအာင်ကြိုးစားကြရမှာဖြစ်တယ်လို့လည်း နိုင်ငံသူ/သားတွေကို တိုက်တွန်းပြောဆိုထားပါတယ်။

Ref: Daily Mail
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here