Advertisement

လွန်ခဲ့တဲ့အပတ်က Peaky Blinders ရဲ့အဓိကသရုပ်ဆောင်တဦးဖြစ်တဲ့ Paul Anderson (Arthur Shelby) က Instagram မှာတင်လိုက်တဲ့ဓာတ်ပုံတပုံကြောင့် ဘောလုံးကြယ်ပွင့် David Beckham ဟာ Season 6 မှာပါဝင်မလားဆိုတဲ့ယူဆချက်တွေထွက်ပေါ်လာပါတယ်။

ဇွန်လ ၁၆ရက်နေ့ကတင်လိုက်တဲ့အဲ့ဒီဓာတ်ပုံတွေဟာ ဗြိတိန်နိုင်ငံ Small Heath မှာရိုက်ထားတာဖြစ်ပြီး Anderson က Season 6 အတွက်ပြင်ဆင်နေကြောင်းပြောထားတယ်။ ဒါ့အပြင် Beckham, Bella Thorne နဲ့ Guy Ritchie တို့ကို tag ထားတာကြောင့် ဒီလိုယူဆချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြီးတော့ PB ရဲ့ဒါရိုက်တာ Anthony Byrne ဟာ Season 6 မှာပါဝင်မယ့်အမျိုးသမီးဇာတ်ကောင်သစ်အကြောင်း ဗြိတိသျှသတင်းစာ Metro ကိုပြောပြဖူးပါတယ်။ ဒီဇာတ်ကောင်ဟာ Tommy Shelby ရဲ့ပြိုင်ဘက်ဖြစ်လာမှာဖြစ်ပြီး Tommy ကိုဒုက္ခကောင်းကောင်းပေးနိုင်သူဖြစ်ကြောင်း Byrne ကပြောပါတယ်။ ဒီဇာတ်ကောင်နေရာမှာဘယ်သူသရုပ်ဆောင်မယ်လို့တော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ Anderson ရဲ့ဓာတ်ပုံမှာ Bella Thorne ကို tag ထားလို့ဒီဇာတ်ကောင်ဟာ Thorne ဖြစ်လိမ့်မယ်လို့ယူဆချက်တွေရှိလာပါတယ်။

ဒီခန့်မှန်းချက်တွေကိုဘယ်သူကမှ တရားဝင်အတည်ပြုခြင်းမရှိသေးပေမယ့် ကောလဟာလတွေကတော့တော်တော်ပျံ့နေပါပြီ။

တကယ်တော့ PB မှာ Beckham ပါမယ်လို့ကောလဟာလထွက်ခဲ့တာ Season 5 ရိုက်ကူးနေစဉ်ကတည်းပါ။ ၂၀၁၉ခုနှစ်မှာ Season 5 ရိုက်ကွင်းတခုပေါ်မှာ Beckham ကိုဇာတ်ဝင်အဝတ်အစားတွေနဲ့တွေ့ခဲ့ရပြီး Season 5 မှာ cameo လောက်တော့ပါမယ်လို့မှန်းဆကြပေမယ့် တက်တက်စင်အောင်လွဲခဲ့ပါတယ်။

Beckham ဟာ PB ရဲ့ ပရိသတ်ဖြစ်သလို Anderson နဲ့လည်းဘော်ဒါတွေဖြစ်တဲ့အတွက် သူ့ရိုက်ကွင်းကိုမကြာခဏလာလည်လေ့ရှိပါတယ်။ Season 6 မှာပါမပါဆိုတာကတော့ အခုထိအတည်ပြုလို့မရသေးပါခင်ဗျား။

Ref: Metro, Independent, Hello!

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here