ရယ်ဒီမိတ်အထည်တွေနဲ့ import ထည်တွေကြောင့်ရိုးရာအဝတ်အစားတွေရဲ့အခန်းကဏ္ဍတဖြည်းဖြည်းမှေးမှိန်လာပါတယ်။ ဒီအချိန်မှာမြန်မာ့ရက်ကန်းယဉ်ကျေးမှုကိုထိန်းသိမ်းရင်း ချည်ထည်တွေ သဘာဝဆိုးဆေးတွေကိုအဓိကထားထုတ်လုပ်နေတဲ့ Mori Burma ကရိုးရာထည်နှစ်သက်သူတွေအတွက်ရွေးချယ်စရာဖြစ်လာပါတော့တယ်။
Mori Burma ရဲ့ပဲ့ကိုင်ရှင်မသီရိဝင်းမောင်ဟာ သူမရဲ့ဇာတိစစ်ကိုင်းတိုင်း ဘုတလင်မြို့က အင်းဒယ်နဲ့ကုက္ကိုကြီးရွာတွေကရိုးရာရက်ကန်းပညာမတိမ်ကောစေဖို့ရည်ရွယ်ပြီး ဒီလုပ်ငန်းကိုစတင်ခဲ့တာပါ။ ၂၀၁၇ခုနှစ်ကစခဲ့တဲ့ Mori Burma ဟာ လက်ရက်ကန်းကိုအဓိကထားလုပ်ကိုင်ရင်း ကျေးရွာတွေမှာနေထိုင်ကြတဲ့အမျိုးသမီးတွေအတွက် တဘက်တလမ်းကဝင်ငွေရှာပေးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဝန်ထန်း ၂၀ခန့်နဲ့လည်ပတ်နေပါပြီ။
လှပတဲ့အဆင်ဒီဇိုင်းတွေဟာအော်ဂဲနစ်ဝါစိုက်ခင်းတွေကနေရတဲ့ချည်စစ်စစ်ကိုသုံးထားပြီး သစ်ခေါက်တွေကရတဲ့ဆိုးဆေးကိုသာအသုံးပြုတယ်။
”ကျမအနေနဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်မှာစိုးရိမ်တာကြောင့် ပင်စည်ကနေရတဲ့သစ်ခေါက်ဆိုးဆေးကို ၁ဝရာခိုင်နှုန်းလောက်ပဲအသုံးပြုပါတယ်။ သဘာဝအတိုင်းအထည်တွေကိုဆေးဆိုးအခြောက်ခံရတာက အဆင့်တွေအရမ်းများသလို နေရာလည်းအရမ်းယူပါတယ်” လို့မသီရိကရှင်းပြတယ်။
သဘာဝဆိုးဆေးနဲ့ချည်ထည်တွေကိုအစွန်းချွတ်ဆေးတွေအများကြီးနဲ့လျှော်ဖို့မသင့်သလို ရေနွေးနဲ့လည်းမလျှော်သင့်ပါဘူး။ Dry clean လုပ်ဖို့လည်းမလိုအပ်ပါဘူး။
ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကိုအပ်လို့ရသလို ချုပ်ပြီးအထည်တွေကိုလည်းအသင့်ဝယ်ဝတ်နိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ကျပ် ၄၀၀၀၀ ကနေ ၁၂၀၀၀၀ အထိရှိတယ်။ အဝတ်အထည်တွေအပြင် ပိုက်ဆံအိတ်နဲ့ accessory တွေကိုလည်းထုတ်လုပ်ထားပါသေးတယ်။ Online ကနေမှာယူနိုင်ပါတယ်။
Facebook: MORI Burma
ဆုမြတ်လင်းနိုင်ရေးသားသော Mori Burma: Preserving the Traditional Loom Industry and Creating Income for Local Women အားဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။