မကြာသေးခင်ကမှ ရဲတပ်ဖွဲ့ဝင်ေတွရဲ့ ဖမ်းဆီးနှိပ်စက်မှုေကြာင့်အသက်ဆုံးရှုံးသွားခဲ့သူ Minneapolis မြို့သား George Floyd နဲ့ အလားတူအဖြစ်မျိုးကြုံခဲ့ရတဲ့ Ahmaud Arbery နဲ့ Breonna Taylor တို့ရဲ့မိသားစုဝင်တွေအတွက် နာမည်ကျော်အမေရိကန်ရက်ပ်ပါ Kanye West က ကန်ဒေါ်လာ 2 သန်းထောက်ပံ့ကူညီေပးခဲ့ေကြာင်းသိရပါတယ်။

အဲဒီထောက်ပံ့ကူညီငွေကို Arbery နဲ့ Taylor မိသားစုအသီးသီးရဲ့ တရားရင်ဆိုင်မှုကုန်ကျစရိတ်ေတွအတွက်၊ လူမျိုးရေးခွဲခြားခံရမှုေကြာင့်ဆုံးရှုံးနစ်နာေနရတဲ့ West ရဲ့ဇာတိ Chicago နဲ့ တခြားမြို့တွေကလူမည်းပိုင်စီးပွားရေးလုပ်ငန်းတွေဆက်ရပ်တည်လည်ပတ်နိုင်ဖို့အတွက်နဲ့ George Floyd ရဲ့ 6 နှစ်အရွယ်သမီးငယ်လေး Gianna Floyd အတွက် ပညာရေးဆိုင်ရာအကူအညီေပးမယ့်ကိစ္စေတွအတွက်အသုံးပြုသွားမှာပါ။

George Floyd ရဲ့ဖြစ်ရပ်ေကြာင့် အမေရိကန်ကမြို့အတော်များများမှာ လူထုဆန္ဒပြအုံကြွမှုတွေပေါ်လာခဲ့သလို နာမည်ကြီးအနုပညာရှင်တွေကလည်း ရည်ရွယ်ချက်ရှိရှိလူမျိုးရေးခွဲခြားခြင်းနဲ့ ရဲတပ်ဖွဲ့ဝင်ေတွရဲ့မလိုအပ်ဘဲနှိပ်စက်ညှင်းပမ်းတတ်မှုေတွေပျာက်ကွယ်သွားေအာင်အရေးယူေဖြရှင်းေပးဖို့ တောင်းဆိုလာကြပါတယ်။

လက်ရှိမှာတော့ Floyd သေဆုံးရမှုဖြစ်စဥ်မှာပါဝင်ပတ်သက်ခဲ့တဲ့ Minneapolis မြို့ရဲတပ်ဖွဲ့ဝင် 4 ဦးလုံးကို ဖမ်းဆီးထားပြီဖြစ်ပြီး Floyd ရဲ့လည်ပင်းကို မြေပြင်နဲ့ကပ်ပြီး 9 မိနစ်ကြာဖိချုပ်ထားခဲ့သူ ရဲအရာရှိ Derek Chauvin ကတော့ တတိယအဆင့်လူသတ်မှု၊ ဒုတိယအဆင့် ကြိုတင်ကြံစည်မှုမရှိဘဲဥပဒေချိုးဖောက်လူသတ်ခဲ့မှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။
Ref: CNN
Thiha