Kenya နိုင်ငံအနောက်ပိုင်း Bungoma County မှာနေထိုင်တဲ့ အသက် ၉ နှစ်အရွယ်ကလေးငယ် Stephen Wamukota ဟာ သူ့ရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်အတွက် သမ္မတကေပးအပ်တဲ့ဆုကိုရရှိခဲ့ပြီး ကင်ညာသမ္မတ Uhuru Kenyatta ေပးတဲ့ဆုရရှိသူ 68 ဦးထဲက အသက်အငယ်ဆုံးဆုရရှိသူ ဖြစ်လာခဲ့ပါတယ်။

Wamukota ဟာ Covid-19 Confirmed Case ပေါင်း 2,000 ကျော်ရှိလာတဲ့ Kenya နိုင်ငံရဲ့ ေရာဂါပိုးကူးစက်မှုတိုက်ဖျက်ေရးမှာ တစ်ထောင့်တစ်နေရာကပါဝင်ကူညီပေးလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီ semi-automatic လက်ဆေးစက်ကိုတီထွင်ခဲ့တာပါ။ နိုင်ငံအတွင်း Coronavirus ကူးစက်မခံရအောင် လူတိုင်းလက်ဆေးဖို့လိုေကြာင်းကြေညာလာတဲ့ေနာက်မှာ လက်ဆေးသူများစွာကိုတွေ့မိလာတဲ့ Wamukota က ပိုပြီးလွယ်လွယ်ကူကူလက်ဆေးလို့ရေစမယ့် တစ်ခုခုကိုဖန်တီးမယ်လို့ပြောခဲ့ပြီး ပြည်တွင်းရုပ်သံလိုင်းတစ်ခုကလွှင့်တဲ့ ပညာပေးအစီအစဉ်တစ်ခုကိုကြည့်ပြီးတဲ့နောက်မှာတော့ လက်ဆေးစက်တစ်လုံးဖန်တီးဖို့စိတ်ကူးစရသွားတယ် လို့ Wamukota ရဲ့ဖခင် ဖြစ်သူJames က ပြောပြခဲ့ပါတယ်။

Wamukota ဟာ သူ့ရဲ့သစ်သားလက်ဆေးစက်ကို သစ်သား၊ အိမ်ရိုက်သံတချို့နဲ့ ရေစည်ပိုင်းငယ်တစ်ခု ကိုပဲအသုံးပြုဖန်တီးခဲ့တာပါ။ ကျောင်းမှာ သူသင်ခဲ့ရဖူးတဲ့ ပစ္စည်းအစိတ်အပိုင်းများတပ်ဆင်တည်ေဆာက်နည်း ကိုေလ့လာဖန်တီးခဲ့ဖြစ်သလို တချို့လုပ်ေဆာင်မှုတွေအတွက်တော့ ဖခင်ဖြစ်သူက ကူညီေပးခဲ့ပါတယ်။ လက်ဆေးစက်မှာ ဆပ်ပြာရည်ဗူးနဲ့ ရေပိုက်ေခါင်းေတွကို လက်ေတွနဲ့မတို့မထိဘဲဖွင့်နိုင်ေစဖို့ ခြေနင်းပြာ asstးတစ်ခုစီတပ်ဆင်ထားပါတယ်။
Wamukota နေထိုင်တဲ့ Bungoma County က အုပ်ချုပ်ရေးမှူး Wycliffe Wangamati ကလည်း Wamukota ရဲ့ မူလတန်းနဲ့အလယ်တန်းအဆင့်ပညာသင်ကြားမှုေတွအတွက် ပညာသင်ဆုပေးအပ်သွားဖို့ ပြောဆိုကတိပြုခဲ့ပြီး နိုင်ငံတဝှမ်းကစာသင်ကျောင်းတွေပိတ်ထားဆဲဖြစ်တဲ့အတွက် ပညာသင်ဆုေပးအပ်ဖို့ကိစ္စေတွကိုေတာ့ မစီစဥ်ရသေးပါဘူး။

Wamukota က စက်ယန္တရားတွေဖန်တီးတည်ဆောက်ရတဲ့အလုပ်မျိုးကိုဝါသနာထုံသူဖုစ်ပြီး သူ့ရဲ့အနာဂတ်ရည်မှန်းချက်ကလည်း အင်ဂျင်နီယာတစ်ယောက်ဖြစ်လာဖို့ ပါပဲ။ Wamukota ရဲ့ဖခင် James ကတော့ သမ္မတကိုယ်တိုင်အသိအမှတ်ပြုပးအပ်ခဲ့တဲ့ဒီဆုက သူ့ရဲ့ရည်မှန်းချက်အတွက် ကြီးမားတဲ့အထောက်အပံ့တစ်ခုဖြစ်နေတာကြောင့် သူရည်မှန်းထားတဲ့အတိုင်းဖြစ်အောင်လုပ်နိုင်ပြီး ကင်ညာနိုင်ငံရဲ့ကြီးကျယ်ထင်ရှားသူတစ်ယောက်ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ေနပါတယ်။
Ref: CNN
Thiha