အောက်တိုဘာ ၃၀ရက်နေ့ကျရင် Disney+ မှာစတင်ထုတ်လွှင့်တော့မယ့် Mandalorian season 2 ကို Star Wars fan တွေမျှော်နေလောက်ပြီထင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Season 2 နဲ့ပတ်သက်တဲ့သတင်းတွေနဲ့ ခန့်မှန်းချက်တွေကိုပြောပြချင်ပါတယ်။
ဇာတ်ကောင်များ
Star Wars prequel ရုပ်ရှင်တွေမှာ Jango Fett အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသားကြီး Temuera Morrison ဟာ Boba Fett (သို့) clone တယောက်အနေနဲ့ပါဝင်မယ်လို့သတင်းတွေထွက်နေတယ်။ Battlestar Galactica ထဲက Katee Sackhoff ဟာ Mandalorian စစ်သည်တော် Bo-Katan Kryze အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ Kryze ဟာ Darksaber ကိုင်ဆောင်ခဲ့ဖူးသူဖြစ်ပြီး ပထမ season အဆုံးသတ်မှာ Darksaber ကိုပြခဲ့တဲ့အတွက် Season 2 မှာဒီလက်နက်အကြောင်းပိုပြီးပြည့်ပြည့်စုံစုံမြင်ရဖို့ရှိပါတယ်။
မင်းသမီး Rosario Dawson က The Clone Wars animated series ထဲက Jedi ဇာတ်ကောင် Ahsoka Tano အဖြစ်သရုပ်ဆောင်ထားတယ်လို့ကောလဟာလတွေထွက်နေပေမယ့် Disney ကအတည်မပြုသေးပါဘူး။ ပထမ season က Pedro Pascal (Mando) နဲ့ Gina Carano (Cara Dune) တို့လည်းပြန်လည်ပါဝင်လာမှာပါ။

ဇာတ်လမ်း
Showrunner Jon Favreau ကတော့ Season 2 မှာ စြက်ာဝဠာထဲကဂြိုဟ်ကမ္ဘာတွေအကြောင်း Season 1 ထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်တွေ့ရလိမ့်မယ်လို့ပြောထားပါတယ်။ စုစုပေါင်းအပိုင်း ၈ပိုင်းပါပါတယ်။ Mando ဟာ Baby Yoda (or The Child) လေးကို အသက်ရှင်ကျန်ရှိနေသေးတဲ့ Jedi တွေဆီခေါ်သွားမယ်လို့ထင်ရပါတယ်။ Season 1 အပြီးမရှေးမနှောင်းမှာပဲ Season 2 စတင်မှာဖြစ်ပြီး Mando ဟာ Baby Yoda ရဲ့ဇစ်မြစ်ကိုသိရဖို့ကြိုးစားရင်း Moff Gideon နဲ့နောက်တကြိမ်ရင်ဆိုင်ရပါလိမ့်ဦးမယ်။
Darksaber ကဘာလဲ
အတိုချုပ်ရှင်းပြရမယ်ဆိုရင်တော့ Jedi Order ထဲဝင်ခွင့်ရခဲ့တဲ့ ပထမဆုံး Mandalorian Tarre Vizsla ဖန်တီးခဲ့တဲ့လက်နက်ဖြစ်ပါတယ်။ သမိုင်းတလျှောက်ပိုင်ရှင်အမျိုးမျိုးပြောင်းခဲ့ပြီး Gideon ဆီဘယ်လိုရောက်လာတယ်ဆိုတာကတော့မရှင်းပြသေးပါဘူး။ ကိုင်ဆောင်သူရဲ့အတွေးနဲ့စိတ်ခံစားချက်ကိုလိုက်ပြီး ဓားရဲ့စွမ်းရည်ပြောင်းလဲမှုရှိပြီး စိတ်ခံစားချက်မြင့်လာတာနဲ့ လျှပ်စစ်လှိုင်းတွေထွက်လာလေ့ရှိပါတယ်။