Advertisement

ပိတ်ရက်မှာမိုးအေးအေးနဲ့သည်းထိတ်ရင်ဖိုစုံထောက်ဇာတ်လမ်းလေးကြည့်ချင်တဲ့သူတွေအတွက် Netflix ကဇာတ်လမ်းတွဲ ၂ခုကိုညွှန်းချင်ပါတယ်။

ဇာတ်လမ်းတွဲ ၂ခုလုံးကပိုလန်နိုင်ငံမှာရိုက်ကူးထားတာဖြစ်ပြီး ဗြိတိသျှစာရေးဆရာ Harlan Coben ရဲ့ဝတ္ထု ၂အုပ်ကိုအခြေခံထားတာပါ။ ဇာတ်လမ်းချင်းအချိတ်အဆက်မရှိပေမယ့် The Woods ထဲကဇာတ်ကောင်တချို့ Hold Tight မှာပြန်ပါတာကြောင့် The Woods ကိုအရင်ကြည့်သင့်ပါတယ်။

The Woods

ဒီဇာတ်လမ်းတွဲကတော့ ၁၉၉၄ခုနှစ် သြဂုတ်လနဲ့ ၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပွားနေတဲ့ အမှု ၂ခုကိုအခြေခံထားတယ်။

ဝါဆောကဥပေဒေအရာရှိ Paweł Kopiński ဟာအမည်မသိအလောင်းတလောင်းနဲ့ပတ်သက်ပြီး စစ်မေးခံရပါတယ်။ ထူးဆန်းတာကအလောင်းကိုသူမသိပေမယ့် အလောင်းနဲ့အတူတွေ့တဲ့သတင်းစာဖြတ်ပိုင်းတွေက Pawel အကြောင်းဖြစ်နေတာပါပဲ။

လွန်ခဲ့တဲ့ ၂၅နှစ်က Pawel တို့အပန်းဖြေနေတဲ့တောစခန်းမှာညဘက်ကြီးချာတိတ် ၄ယောက်တောထဲဝင်သွားရင်းပျောက်ဆုံးသွားခဲ့ပါတယ်။ နောက်နေ့မှာလိုက်ရှာကြတော့ ကောင်လေးတယောက်နဲ့ ကောင်မလေးတယောက်ရဲ့အလောင်းကိုပြန်တွေ့ပြီး ကျန်တဲ့ ၂ယောက်ကတော့ အစအနရှာလို့မရအောင်ပျောက်နေခဲ့တယ်။ ဒီထဲမှာ Pawel ညီမလည်းအပါအဝင်ပါ။

၂၀၁၉ခုနှစ်မှာတွေ့တဲ့လူစိမ်းရဲ့အလောင်းဟာ Pawel ဘဝကိုတဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ အဲ့ဒီဖြစ်ရပ်နဲ့ချိတ်ဆက်နေမှန်း တဖြည်းဖြည်းသဘောပေါက်လာပါတော့တယ်။

ဒီဇာတ်လမ်းက non-linear storytelling နဲ့သွားတယ်။ Coben ရဲ့ထုံးစံအတိုင်း sub plot တွေအများကြီးပါပြီး ဇာတ်လမ်းကိုအစအဆုံးကြည့်ချင်အောင်ဆွဲဆောင်နိုင်တယ်။ The Innocent တို့ Stay Close တို့လို Coben ရဲ့တခြားဇာတ်လမ်းတွေလောက်တော့မသွက်ဘူး။

Hold Tight

ဒီဇာတ်လမ်းမှာတော့ဝါဆောမြို့ကလူချမ်းသာရပ်ကွက်တခုမှာနေတဲ့ Adam ဆိုတဲ့ဆယ်ကျော်သက်လေးပျောက်ဆုံးသွားတယ်။

သူ့ရဲ့သူငယ်ချင်းတယောက်ကလွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ overdose ဖြစ်ပြီးသေသွားတဲ့အတွက် Adam ရဲ့မိခင်ဖြစ်သူ Anna လည်းစိတ်ပူပြီးလိုက်ရှာရင်း သူတို့ရပ်ကွက်ကလူသိမခံနိုင်တဲ့လျှို့ဝှက်ချက်တွေ အလိမ်အညာတွေပေါ်လာပါတော့တယ်။

ဒီဇာတ်လမ်းကတော့ မိဘရဲ့လျစ်လျူရှုမှုခံရတဲ့ဆယ်ကျော်သက်လေးတွေ၊ သူတို့ကိုအမြတ်ထုတ်မယ့်သူတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေအကြောင်းအဓိကဆွေးနွေးထားတယ်။ The Woods လောက်တော့ဆွဲဆောင်မှုမရှိဘူးဗျ။ ဇာတ်လမ်းကအလယ်လောက်မှာအီလည်လည်ဖြစ်နေပြီး plot twist တွေကလည်းသိပ်စိတ်လှုပ်ရှားစရာမကောင်းလှဘူး။

ဇာတ်လမ်း ၂ခုလုံးကတော့မိဘနဲ့သားသမီးတွေကြားဆက်ဆံရေးကိုအခြေပြုထားတာပါပဲ။ ဒါပေမယ့် The Woods ရဲ့ဇာတ်ကောင်တွေနဲ့ လှည့်ကွက်တွေကပိုစိတ်ဝင်စားစရာကောင်းပါတယ်။

The Woods (MM+ Rating: 7/10)
Hold Tight (MM+ Rating: 6/10)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here