ဇန်နဝါရီလထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။
The White Tiger (22 Jan)

စာရေးဆရာ Aravind Adiga ရဲ့နာမည်ကျော်ဝတ္ထုကိုအခြေခံထားတဲ့ရုပ်ရှင်ပါ။ White Tiger ဟာအိန္ဒိယနိုင်ငံရဲ့လူတန်းစားကွာဟမှုအကျပ်အတည်းကိုသရော်တဲ့အမြင်နဲ့တင်ဆက်ထားတယ်။ အဓိကဇာတ်ကောင် Balram Halwai ဟာကျေးတောသားလေးတယောက်ဖြစ်ပြီး ဒေလီမှာဒရိုင်ဘာအဖြစ်နဲ့အသက်မွေးရာကနေ အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာပုံကို အိန္ဒိယရဲ့လူမှုရေးပြဿနာတွေနဲ့ယှဉ်တွဲပြီးမြင်ရမယ်။ ဒီကားကိုတော့ must watch အဖြစ်ညွှန်းပါတယ်။
History of Swear Words (5 Jan)

အပိုင်း ၆ပိုင်းပါတဲ့ဒီ documentary series မှာတော့ မင်းသားကြီး Nicholas Cage ကရုန့်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေရဲ့သမိုင်းကြောင်းကိုရှင်းပြပါလိမ့်မယ်။ အင်္ဂလိပ်ဘာသာစကားမှာခေတ်အဆက်ဆက်က ဆဲဆိုတဲ့ဝေါဟာရတွေစတင်ပေါ်ပေါက်လာပုံကိုသမိုင်းသုတေသီတွေ ဘာသာဗေဒပညာရှင်တွေနဲ့အင်တာဗျူးလုပ်ထားတာကိုလည်းတွေ့ရဦးမှာပါ။
Pieces of a Woman (7 Jan)

မိန်းမတယောက်ဟာဘယ်လိုအကြောင်းတရားတွေကြောင့်နာလန်မထူနိုင်အောင်ပြိုလဲသွားရသလဲ။
မွေးကင်းစကလေးသေဆုံးမှုနဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာကိုကုစားနေတဲ့အမျိုးသမီးတယောက်အကြောင်း extended single shot နဲ့ရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ ဗင်းနစ်နဲ့တိုရွန်တိုရုပ်ရှင်ပွဲတော်တွေမှာပြသခဲ့ပြီးပါပြီ။ Vanessa Kirby နဲ့ Shia LaBeouf တို့ခေါင်းဆောင်ပါဝင်ထားပြီး Martin Scorsese က executive producer အဖြစ်ဆောင်ရွက်ထားတယ်။ ဒရာမာကားကောင်းကောင်းမျှော်နေသူတွေအကြိုက်တွေ့မယ့်ရုပ်ရှင်ပါ။
Lupin (8 Jan)

ပြင်သစ်စာရေးဆရာ Maurice Leblanc ရဲ့နာမည်ကျော်ဇာတ်ကောင် Arsene Lupin ကိုအခြေခံထားတဲ့ comedy/adventure ဇာတ်လမ်းတွဲပါ။ လူကြီးလူကောင်းသူခိုး Lupin (Omar Sy) ဟာ သူ့ဖခင်အပေါ်မတရားမှုတွေကျူးလွန်ခဲ့တဲ့သူကြွယ်မိသားစုကိုလက်စားချေဖို့ကြိုးစားတဲ့အကြောင်းတွေ့ရမယ်။
Penguin Bloom (27 Jan)

Naomi Watts နဲ့ Andrew Lincoln တို့ခေါင်းစဉ်ပါဝင်ထားတဲ့ဒီရုပ်ရှင်ဟာ မိသားစုတစုရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံထားပါတယ်။ မတော်တဆမှုတခုကြောင့် Sam Bloom (Watts) အောက်ပိုင်းသေသွားတဲ့အခါ သူမရဲ့မိသားစုမှာအကျပ်အတည်းတွေဖြစ်လာတယ်။ မိသားစုပြိုကွဲတော့မယ့်အခြေအနေမှာပဲ ဒဏ်ရာရလာတဲ့ငှက်ကလေးတကောင်ကိုကယ်ဆယ်စောင့်ရှောက်ထားရာကနေ အခက်အခဲတွေကြောင့်ခဏပျောက်ဆုံးသွားတဲ့မေတ္တာတရားကိုပြန်လည်ရှာတွေ့ခဲ့တဲ့ဇာတ်လမ်းလေးပါ။