အခုပိတ်ရက်မှာတယောက်တည်းအေးအေးလူလူထိုင်ချင်လို့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ hangout လုပ်ဖို့ပဲဖြစ်ဖြစ် ကော်ဖီဆိုင်လေးတဆိုင်ရှာနေတဲ့သူတွေအတွက် ဖွင့်တာသိပ်မကြာသေးတဲ့ဆိုင်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တချို့ဆိုင်တွေက ဖွင့်တာ ၁လလောက်ပဲရှိသေးပြီး တချို့ကျ ၁ပတ်တောင်မပြည့်သေးပါဘူး။ ဒါကြောင့်ကော်ဖီနဲ့အစားအသောက်လေးတွေမြည်းစမ်းကြည့်ပြီး ဆိုင်ရှင်တွေကို feedback ပေးရင်း small business တွေကိုအားပေးရအောင်နော်။
Booboo Café

ဒါကတော့ဗုဒ္ဓဟူးနေ့ကမှ soft opening အနေနဲ့စဖွင့်တဲ့ဆိုင်လေးမို့အငယ်ဆုံးလေးလို့ပြောရမယ်။ ဆိုင် decoration ကိုအဖြူရောင်သန့်သန့်လေးသုံးထားပြီး သစ်သားခုံလေးတွေနဲ့မို့ K Drama တွေထဲကဆိုင်လေးထဲ ရောက်သွားသလိုခံစားရမယ်။ Pet friendly café ဖြစ်တာမို့အိမ်ကသားသားမီးမီးလေးတွေကိုပါ ခေါ်သွားလို့ရတယ်နော်။ ကော်ဖီ (အပူ၊ အအေး)၊ smoothie နဲ့ cake လေးတွေရပါတယ်။
အမှတ် ၂၈၃(က)၊ ဗြမ္မာစိုရ်လမ်းထိပ်၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာ၊ ရန်ကုန်
09 758 434438
7:30am – 7pm
A Cafe

A ဆိုတာ Art ကိုကိုယ်စားပြုသလားလို့တွေးရလောက်အောင်ဆိုင်လေးဟာအနုပညာလက်ရာတွေနဲ့ ပြည့်နေတယ်။ နံရံမှာ doodle တွေရှိသလို စားပွဲနဲ့ထိုင်ခုံတွေပေါ်မှာလည်း graffiti ဆန်ဆန်ပုံလေးတွေရှိတယ်။ အစားအသောက်အနေနဲ့ကတော့ ကော်ဖီ၊ smoothie တွေအပြင် snack နဲ့ dessert တွေပါရတယ်။ ဈေးနှုန်းတွေက ကျပ် ၃၀၀၀-၅၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။
အမှတ် ၉၇၊ ၃၉လမ်းအောက်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
09 40466 3200
9am – 7pm
Jasmine Cafe & Homemade Quality Food

နာမည်ကြီးခရီးသွားလုပ်ငန်း Gandawun Shwe Bagan ရဲ့ဆိုင်ဖြစ်ဖြစ်ပြီးရုံးခန်းနဲ့တွဲလျက်ဖွင့်ထားတာမို့ ဗီဇာတွေဘာတွေလာလုပ်ရင်းအဆာပြေစား၊ ခဏနားလို့ရတာပေါ့။ မုန့်ကတော့အရှေ့နဲ့အနောက်ပေါင်းထားတာလို့ပြောရမယ်။ နန်းကြီးသုပ်တွေဘာတွေရသလို ဘာဂါနဲ့ချိစ်ကိတ်တွေလည်းရပါတယ်။ ဈေးနှုန်းတွေက ကျပ် ၃၀၀၀-၅၀၀၀ ဝန်းကျင်ပါ။
အမှတ် ၆၇(က)၊ ဗဟိုလမ်း၊ စမ်းချောင်း၊ ရန်ကုန်
09 765 221 220
10am – 8pm

ကော်ဖီတစိမ့်စိမ့်သောက်ရင်းတွေးတတ်တဲ့သူတွေရှိလား။ ဒီဆိုင်လေးကတော့ mini café လေးဖြစ်ပြီး ဖွင့်ဖွင့်ချင်းတုန်းကတော့ takeaway နဲ့ delivery ပဲရတယ်။ အခုတော့ခုံလေးတွေထားထားလို့ အမောပြေထိုင်ရင်းသောက်လို့ရသွားပါပြီ။ Espresso, Latte တို့လို classic တွေအပြင် ဗီယက်နမ်ကြက်ဥကော်ဖီလို ဆိုင်တိုင်းမရတတ်တဲ့ကော်ဖီလေးတွေပါရတယ်။ ကော်ဖီအပူအအေးအပြင် milkshake နဲ့ ရေငတ်ပြေ soda drinks တွေလည်းရှိတယ်။ ဈေးနှုန်းတွေက ကျပ် ၈၀၀ကနေ ၂၀၀၀ပတ်ချာလည်ပဲရှိပါတယ်။
အမှတ်(၃၃၇/B)၊ ဝါယာလက် (၂) လမ်း၊ (၉)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။ (ကမ္ဘာအေး VESကျောက်မျက်ရုံးရှေ့တည့်တည့်ကလမ်းပါ)
09 770 557 632
8am – 5pm (weekdays), 8am – 12pm (weekends)
The Hideout

ကန်ရိပ်သာလမ်းပေါ်ကဒီဆိုင်လေးကတော့ဟောလိဝုဒ်ရုပ်ရှင်ကားတွေထဲက diner တွေကိုသတိရစေတယ်။ Sandwich နဲ့ breakfast တွေရပြီး၊ sandwich ကို ကိုယ်ကြိုက်တဲ့အသားတွေအရွက်တွေနဲ့ customise လုပ်ပြီးမှာလို့ရပါတယ်။ Sandwich က ကျပ် ၃၀၀၀၀န်းကျင်ရှိပြီး breakfast set တွေကတော့ ၅၀၀၀ လောက်ကစပါတယ်။
အမှတ် ၂၁၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်း၊ ရန်ကုန်
09 940 599799
8am – 4pm