(ခေါင်းစဉ်အသံထွက်ဖတ်ပြီးရေတခွက်သောက်ပါ)
ဒီဇာတ်လမ်းတွဲက ဇန်နဝါရီလကုန်လောက်ကတည်းက Netflix မှာထွက်နေပေမယ့်အကြောင်းကြောင်းကြောင့် အခုမှကြည့်ဖြစ်ပါတယ်။ Spoiler free ပါ။
ဇာတ်လမ်းကတော့ အဖြစ်ဆိုးတခုကြောင့်စိတ်လေနေတဲ့ Anna (Kristen Bell) ဟာတနေ့တနေ့အရက်သောက်လိုက် ပြတင်းပေါက်ကနေအိမ်နီးချင်းတွေကိုစောင့်ကြည့်လိုက်နဲ့ အချိန်ကုန်နေပါတယ်။
တနေ့မှာမျက်နှာချင်းဆိုင်အိမ်ကို မုဆိုးဖို Neil (Tom Riley) နဲ့ သူ့သမီးငယ် Emma တို့ပြောင်းရွှေ့လာတယ်။ Neil ကရုပ်ဖြောင့်တော့ Anna လည်းမြင်မြင်ချင်းစိတ်ဝင်စားပြီး သူတို့အိမ်ကိုသတိထားစောင့်ကြည့်နေမိတယ်။ ဒီလိုနဲ့ပဲ Emma ကိုအကြောင်းပြုပြီး Neil နဲ့ Anna တို့မိတ်ဆွေတွေဖြစ်သွားပါတယ်။
တညမှာတော့ Neil တို့အိမ်ထဲလူသတ်မှုတခုဖြစ်သွားတာကို Anna တွေ့လိုက်ရတယ်။ Anna ဖုန်းဆက်လိုက်လို့ရဲတွေရောက်လာပေမယ့် တဘက်အိမ်မှာဘာမှခြေရာလက်ရာပျက်နေတာမတွေ့ခဲ့ရတဲ့အပြင် Anna ကိုယ်တိုင်ကအရက်စွဲနေတဲ့သူလည်းဖြစ် စိတ်ငြိမ်ဆေးတွေသောက်နေရတဲ့သူလည်းဖြစ်တာမို့ သူပြောတာကိုရဲတွေကမယုံပါဘူး။ ဒီလိုနဲ့ပဲ Anna လည်းဒီကိစ္စကိုသူကိုယ်တိုင်စုံစမ်းမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
မူလက The Woman in the House လို့ပေးဖို့စီစဉ်ထားပေမယ့် သူ့ရှေ့မှာထွက်ခဲ့တဲ့ The Woman in the Window တို့ The Girl on the Train တို့လိုအမျိုးသမီးဇာတ်ကောင်အခြေပြု psychological thriller တွေကို သရော်တဲ့သဘောနဲ့အခုလိုနာမည်အရှည်ကြီးပေးလိုက်တယ်လို့သိရတယ်။
သူက satire ပုံစံရိုက်ချင်ပေမယ့် tone ကတချို့နေရာတွေမှာ serious ဖြစ်သွားတော့ ကြည့်နေတဲ့သူကဘယ်လိုလိုက်ပါခံစားပေးရမလဲ မစဉ်းစားတတ်အောင်ပါပဲ။ Dark comedy ပုံစံတင်ပြပေမယ့် ဟာသတွေကသိပ်မရယ်ရပါဘူး။ Psychological thriller တွေမှာတွေ့ရလေ့ရှိတဲ့ trope တွေကိုလှောင်ချင်ပေမယ့် သူကိုယ်တိုင်ကဒီ trope ကရုန်းမထွက်နိုင်တော့ကြည့်ရတာအဆင်မပြေပါ။
အဓိကဇာတ်ဆောင် Bell ရဲ့သရုပ်ဆောင်ချက်တွေကလည်း flat ဖြစ်လွန်းပြီးကျန်တဲ့ဇာတ်ရုပ်တွေက အရန်သာသာမို့ပြောစရာအထွေအထူးမရှိပါဘူး။
ဒါပေမယ့်အပိုင်း ၈ပိုင်းပဲပါပြီး တပိုင်းကို မိနစ် ၂၀-၃၀လောက်ပဲရှိတာမို့ဘာကြည့်ရမှန်းမသိလို့ အပျင်းပြေကြည့်စရာရှာနေတဲ့သူတွေအတွက်တော့အဆင်ပြေမှာပါ။
MM+ Rating: 5/10
Zawgyi
(ေခါင္းစဥ္အသံထြက္ဖတ္ျပီးေရတခြက္ေသာက္ပါ)
ဒီဇာတ္လမ္းတြဲက ဇန္န၀ါရီလကုန္ေလာက္ကတည္းက Netflix မွာထြက္ေနေပမယ့္အေၾကာင္းေၾကာင္းေၾကာင့္ အခုမွၾကည့္ျဖစ္ပါတယ္။ Spoiler free ပါ။
ဇာတ္လမ္းကေတာ့ အျဖစ္ဆိုးတခုေၾကာင့္စိတ္ေလေနတဲ့ Anna (Kristen Bell) ဟာတေန႔တေန႔အရက္ေသာက္လိုက္ ျပတင္းေပါက္ကေနအိမ္နီးခ်င္းေတြကိုေစာင့္ၾကည့္လိုက္နဲ႔ အခ်ိန္ကုန္ေနပါတယ္။
တေန႔မွာမ်က္ႏွာခ်င္းဆိုင္အိမ္ကို မုဆိုးဖို Neil (Tom Riley) နဲ႔ သူ႔သမီးငယ္ Emma တုိ႔ေျပာင္းေရႊ႕လာတယ္။ Neil ကရုပ္ေျဖာင့္ေတာ့ Anna လည္းျမင္ျမင္ခ်င္းစိတ္၀င္စားျပီး သူတို႔အိမ္ကိုသတိထားေစာင့္ၾကည့္ေနမိတယ္။ ဒီလိုနဲ႔ပဲ Emma ကိုအေၾကာင္းျပဳျပီး Neil နဲ႔ Anna တုိ႔မိတ္ေဆြေတြျဖစ္သြားပါတယ္။
တညမွာေတာ့ Neil တုိ႔အိမ္ထဲလူသတ္မႈတခုျဖစ္သြားတာကို Anna ေတြ႔လိုက္ရတယ္။ Anna ဖုန္းဆက္လိုက္လို႔ရဲေတြေရာက္လာေပမယ့္ တဘက္အိမ္မွာဘာမွေျခရာလက္ရာပ်က္ေနတာမေတြ႔ခဲ့ရတဲ့အျပင္ Anna ကိုယ္တိုင္ကအရက္စြဲေနတဲ့သူလည္းျဖစ္ စိတ္ျငိမ္ေဆးေတြေသာက္ေနရတဲ့သူလည္းျဖစ္တာမို႔ သူေျပာတာကိုရဲေတြကမယံုပါဘူး။ ဒီလုိနဲ႔ပဲ Anna လည္းဒီကိစၥကိုသူကိုယ္တိုင္စံုစမ္းမယ္လို႔ ဆံုးျဖတ္လိုက္ပါေတာ့တယ္။
မူလက The Woman in the House လို႔ေပးဖို႔စီစဥ္ထားေပမယ့္ သူ႔ေရွ႕မွာထြက္ခဲ့တဲ့ The Woman in the Window တုိ႔ The Girl on the Train တုိ႔လိုအမ်ိဳးသမီးဇာတ္ေကာင္အေျချပဳ psychological thriller ေတြကို သေရာ္တဲ့သေဘာနဲ႔အခုလိုနာမည္အရွည္ၾကီးေပးလိုက္တယ္လို႔သိရတယ္။
သူက satire ပံုစံရိုက္ခ်င္ေပမယ့္ tone ကတခ်ိဳ႕ေနရာေတြမွာ serious ျဖစ္သြားေတာ့ ၾကည့္ေနတဲ့သူကဘယ္လိုလိုက္ပါခံစားေပးရမလဲ မစဥ္းစားတတ္ေအာင္ပါပဲ။ Dark comedy ပံုစံတင္ျပေပမယ့္ ဟာသေတြကသိပ္မရယ္ရပါဘူး။ Psychological thriller ေတြမွာေတြ႔ရေလ့ရွိတဲ့ trope ေတြကိုေလွာင္ခ်င္ေပမယ့္ သူကိုယ္တိုင္ကဒီ trope ကရုန္းမထြက္ႏုိင္ေတာ့ၾကည့္ရတာအဆင္မေျပပါ။
အဓိကဇာတ္ေဆာင္ Bell ရဲ႕သရုပ္ေဆာင္ခ်က္ေတြကလည္း flat ျဖစ္လြန္းျပီးက်န္တဲ့ဇာတ္ရုပ္ေတြက အရန္သာသာမုိ႔ေျပာစရာအေထြအထူးမရွိပါဘူး။
ဒါေပမယ့္အပိုင္း ၈ပိုင္းပဲပါျပီး တပိုင္းကို မိနစ္ ၂၀-၃၀ေလာက္ပဲရွိတာမို႔ဘာၾကည့္ရမွန္းမသိလို႔ အပ်င္းေျပၾကည့္စရာရွာေနတဲ့သူေတြအတြက္ေတာ့အဆင္ေျပမွာပါ။
MM+ Rating: 5/10