Advertisement

MYANMORE+ ရဲ့အတွေ့အကြုံတွေနဲ့ အစီအစဉ်တွေကိုတိုတိုနဲ့လိုရင်းပြောပြပေးမယ့် Weekly Letter ဖြစ်ပါတယ်။

အိမ်မှာချက်စားမယ့်ဟင်း

ပန်ကိတ်ကိုတော့တော်တော်များများစားဖူးကြမှာပါ။ ဒီတခါတော့ထူးထူးခြားခြားလေးဖြစ်သွားအောင် ပြင်သစ်စတိုင်ကြက်ဥပန်ကိတ် (souffle) လုပ်စားမလားလို့။ လုပ်ရတာလည်းအရမ်းလွယ်တယ်နော့်။ လုပ်နည်းကိုဒီ link မှာကြည့်ပါ။

မရောက်တာကြာလို့ခြေဦးလှည့်ဖို့ပြင်နေတဲ့ဆိုင်

မြို့ထဲမှာပဲရှိတဲ့ The Envoy က retro ပုံစံလေးပြင်ထားပြီး balcony ကျယ်တဲ့အတွက် chill လို့ကောင်းတယ်။ မရောက်တာကြာလို့ဒီအပတ်တော့သူငယ်ချင်းတွေနဲ့သွားမယ်လို့စီစဉ်ထားပါတယ်။

သွားချင်တဲ့ပွဲ

ဒီအပတ်တော့ဆရာဝင်းဖေမြင့်ရဲ့တကိုယ်တော်ပန်းချီပြပွဲကိုသွားဖို့ရှိပါတယ်။ The Sea Art Gallery မှာဇွန်လ ၂၅-၁၇အတွင်း ပြသသွားမှာပါ။

25-27 Jun | The Sea Art Gallery

အလည်သွားမယ့်နေရာ

ထောက်ကြန့်က TM Farm Roadhouse ကိုသွားလည်ဖို့စီစဉ်ထားပါတယ်။ နို့စားနွားမွေးမြူရေးလုပ်ငန်းကိုလေ့လာခွင့်ရမယ်၊ စိမ်းလန်းတဲ့သဘာဝရှုခင်းတွေမြင်ရမယ်။ ဝင်ကြေးကလည်းတယောက် ကျပ် ၁၀၀၀သာပေးရပါတယ်။

အမှတ် ၃/၈၈ ဘုရားလမ်း၊ နွယ်ခွေရွာသစ်၊ ထောက်ကြန့်၊ ရန်ကုန်။ (ထောက်ကြန့်စစ်သင်္ချိုင်းနဲ့နီးပါတယ်)
09 407 973 778, 09 886 739 827
6:30am – 6pm

ကြည့်ဖြစ်တဲ့ဇာတ်လမ်းတွဲ

၂နှစ်လောက်စောင့်ခဲ့ရပြီးနောက် Netflix မှာ Umbrella Academy season 3 ပြန်လာပါပြီ။ စောင့်ရကျိုးနပ်တယ်ပြောရမယ် အခု season မှာအရင်ကထက်ပိုပြီးအက်ရှင်တွေများလာသလို ပိုလည်းသွက်လာတယ်။ ကြည့်ပြီးမှ review ရေးပါဦးမယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here