Advertisement

ပိတ်ရက်ရှည်ရပေမယ့် ခရီးအဝေးကြီးလည်းမသွားချင်ဘူး၊ အပန်းလည်းဖြေချင်တယ်ဆိုတဲ့သူတွေအတွက် ရန်ကုန်နဲ့အနီးတဝိုက်မှာပဲရှိတဲ့အပန်းဖြေစရာနေရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ TGIF!

TM Farm Roadhouse

ထောက်ကြန့်က TM Farm Roadhouse မှာနို့စားနွားမွေးမြူရေးလုပ်ငန်းကိုလေ့လာခွင့်ရမယ်၊ စိမ်းလန်းတဲ့သဘာဝရှုခင်းတွေမြင်ရမယ်။ ဝင်ကြေးကလည်းတယောက် ကျပ် ၁၀၀၀သာပေးရပါတယ်။ ညအိပ်လို့မရပေမယ့် ခြံပိတ်ချိန်အထိနေလို့ရမယ့်ဘန်ဂလိုလေးတွေကို ကျပ် ၃၀၀၀၀ ကနေစပြီးငှားရမ်းနိုင်တယ်။ စားသောက်ဆိုင်လည်းရှိပါတယ်။

အမှတ် ၃/၈၈ ဘုရားလမ်း၊ နွယ်ခွေရွာသစ်၊ ထောက်ကြန့်၊ ရန်ကုန်။ (ထောက်ကြန့်စစ်သင်္ချိုင်းနဲ့နီးပါတယ်)
09 407 973 778, 09 886 739 827
6:30am – 6pm

COZY Farm

ရန်ကုန်မြို့ထဲကနေနာရီအနည်းငယ်လောက်ကားမောင်းသွားတာနဲ့ကျေးလတ်အငွေ့အသက်လေးတွေခံစားလို့ရပါပြီ။ ဧက ၄၀ကျယ်တဲ့ဒီခြံလေးမှာဆိုရင် စပါးစိုက်ပျိုးမှုကိုမြင်ရမယ်။ အနီးအနားကချောင်းလေးမှာငါးမျှားလို့ရမယ်။ စိမ်းစိုတဲ့သစ်ပင်လေးတွေကိုဖြတ်ပြီးစက်ဘီးနင်းလို့လည်းရပါတယ်။ နေ့ချင်းပြန်ရမှာဖြစ်ပြီး ၄ယောက်ခန်းတခန်းကို တရက် ကျပ် ၁သိန်းခွဲကျသင့်မှာဖြစ်ပြီး လူအပို ၁ယောက်ထပ်ထည့်တိုင်း ကျပ် ၃၅၀၀၀ ထပ်မံပေးရမှာပါ။

MWDC လမ်း၊ လှည်းကူး၊ ရန်ကုန်။
09 794 200 107 (ဘွတ်ကင်တင်ရန်လိုပါသည်)
Check-in: 8:30am / Check-out: 6:30pm

38 Miles Farm House

၃၈မိုင်အင်းလေးလို့ချစ်နိုးခေါ်ကြတဲ့ဒီခြံလေးကတော့ရန်ကုန်-မန္တလေးအဝေးပြေးလမ်းပေါ်က ၃၈မိုင်မှာရှိပါတယ်။ နေ့ချင်းပြန် (မနက် ၉ – ညနေ ၅) ဆိုရင် ကျပ် ၂၀၀၀၀ ပဲကျမှာဖြစ်ပြီး နေ့လယ်စာ၊ ပဲခူးမြစ်ထဲနာရီဝက်စက်လှေစီးခွင့်နဲ့ ရေကူးကန်အသုံးပြုခွင့်တို့ရမှာပါ။ ညအိပ်နေမယ် (မနက် ၉ – နောက်တနေ့မနက် ၉) ဆိုရင်တော့အထက်ပါဝန်ဆောင်မှုတွေအပြင် ညစာတနပ်ထပ်ပါမှာဖြစ်ပြီး ကျပ် ၃၅၀၀၀ ကျသင့်ပါမယ်။ တကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းတွေတော့ယူသွားပါနော်။

၃၈မိုင်၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်း၊ ပဲခူး
09 988 293221 (ဘွတ်ကင်တင်ရန်လိုပါသည်)

Breeze Garden

ဒါလေးကတော့ပဲခူးနားရှိတာဆိုတော့သူ့ဆီသွားအပန်းဖြေရင်းစိတ်ပါရင်ပဲခူးပါထပ်လည်လို့ရတယ်။ ကျေးလတ်အရသာအပြည့်အဝခံစားရမယ့် country house လေးတွေအပြင် ရေကူးကန်လေးလည်းရှိတာမို့မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ရက်တိုခရီးထွက်လို့ကောင်းပါတယ်။ အခန်းခတွေကတော့ ကျပ် ၃၀၀၀၀ ကနေ ၈၀၀၀၀ အထိရှိပါတယ်။

၁၀မိုင်ကုန်း၊ ဘူးလယ့်အင်းရွာ၊ အင်းတကော်၊ ပဲခူး။
09 891 187124
Check-in: 2pm / Check-out: 12pm

December Win

ပဲခူးခြံလို့လည်းသိကြတဲ့ December Win ဟာတကြိမ်မှာဧည့်သည်တဖွဲ့ကိုသာလက်ခံတာမို့ privacy ကောင်းကောင်းရတယ်။ ၁၀ဧကကျယ်တဲ့ခြံထဲမှာလမ်းအေးဆေးလျှောက်မယ်၊ စက်ဘီးစီးမယ်။ အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေလည်းခေါ်သွားလို့ရပါတယ်။ မနက် ၆ – ညနေ ၆ဆိုရင် တဦးကိုကျပ် ၉၀၀၀ ကျသင့်မှာဖြစ်ပြီး ၂၄နာရီတည်းမယ်ဆိုရင်တော့ တဦး ကျပ် ၁၅၀၀၀ ပါ။

ရန်ကုန်-မန္တလေးကားလမ်း၊ အင်းတကော်၊ ပဲခူး။
09 788 624 045, 09 978 449 257

Kokkoya Organics

ဒီမြို့ပြစိုက်ခင်းလေးကတော့ညအိပ်ညနေနေဖို့မဟုတ်ဘဲ အချိန်ပိုင်းအပန်းဖြေချင်သူတွေအတွက်ရည်ရွယ်ပါတယ်။ ထိုင်နေကျကော်ဖီဆိုင်တွေကိုရိုးလာပြီဆိုရင် အော်ဂဲနစ်စိုက်ခင်းတွေကြားကကော်ဖီဆိုင်လေးမှာထိုင်ကြည့်ပါ။ စိမ်းလန်းတဲ့အပင်တွေနဲ့ မြေသားမွှေးမွှေးကိုဖြတ်သန်းတိုက်ခတ်လာမယ့်မိုးနံ့လေးကိုခံစားပါ။

ဘောဂ ၂လမ်း၊ သင်္ကန်းကျွန်း၊ ရန်ကုန်။
09 763 362650
10am
5pm (ကော်ဖီဆိုင်က တနင်္လာ၊ အင်္ဂါပိတ်ပါသည်)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here