တယောက်တည်းပဲဖြစ်ဖြစ် ဘော်ဒါတွေနဲ့ပဲဖြစ်ဖြစ်ကော်ဖီဆိုင်ထိုင်ချင်သူတွေအတွက် ရန်ကုန်မှာဖွင့်တာမကြာသေးတဲ့ကော်ဖီဆိုင်လေး ၅ဆိုင်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
ခေတ် ၉၀

ဆိုင်နာမည်လေးကရိုးရိုးလေးပဲ။ ဆိုင်ထဲမှာ စာအုပ်စင်လေးနဲ့ ကြိမ်ကုလားထိုင်လေးတွေနဲ့မို့ အိမ်အိုဟောင်းလေးထဲရောက်သွားသလိုခံစားရမယ်။ ပိတ်ရက်မှာ ကော်ဖီခါးခါးလေးတခွက်သောက်ရင်း အတိတ်ကအမှတ်တရတွေအကြောင်းပြောကြရအောင်လေ။
No 230, Corner of Arthar Waddy Street & Thuzitar Street, 2nd Ward, North Okkalapa, Yangon
09 799 032893
10 am – 8 pm
Cafe de Lune

ပန်းအိုးလှလှလေးတွေ တောက်ပတဲ့ wallpaper လေးတွေနဲ့မို့ anime ရုပ်ရှင်တွေထဲကကော်ဖီဆိုင်လေးတဆိုင်ထဲရောက်သွားသလိုခံစားရမယ်။ ကြိမ်ခုံလေးတွေ၊ စားပွဲပုလေးတွေနဲ့မို့ အပြင်အဆင်ကဆိုင်ဆိုတာထက် ဧည့်ခန်းတခန်းနဲ့ပိုတူတယ်။ တယောက်တည်းသမားတွေအေးဆေးလေး chill လို့ကောင်းမယ့်ဆိုင်ပါ။
A1/684, Zaw Ti Ka (1) Street, 16 Quarter, Thingangyun Township, Yangon
09 884 918 822
10 am – 7 pm
York Cafe

ယောက်လမ်းထဲကအနောက်တိုင်းဆန်ဆန်ဒီကော်ဖီဆိုင်လေးကလည်းဖွင့်တာ တလလောက်ပဲရှိပါသေးတယ်။ အစားအသောက်တွေကတော့အရှေ့တိုင်းအနောက်တိုင်း fusion ပုံစံလေးတွေရပြီး တော်တော်စုံတယ်။ Drink ကတော့ကော်ဖီနဲ့လက်ဘက်ရည်အပြင် smoothie နဲ့ juice တွေလည်းရတယ်။ ညနေခင်းနေအေးရင်တော့အပြင်မှာလေညှင်းခံရင်းထိုင်လို့ရပါတယ်။
No 5, Yaw Min Gyi (York) Street, Dagon Township, Yangon
09 881 416817
9 am – 5 pm
Burgundy Hills Cafe & Lounge

ရန်ကုန်မှာရှားရှားပါးပါး specialty coffee ရတဲ့ဆိုင်လေးပါ။ ပြည်တွင်းကကော်ဖီစေ့အပြင် ပြည်ပကတင်သွင်းလာတဲ့ကော်ဖီစေ့တွေလည်းရတယ်လို့ဆိုပါတယ်။ ကော်ဖီအပူအအေးအပြင် pastry တွေလည်းရပါတယ်။
No 93/A West Shwe Gone Daing Road, Bahan Township, Yangon
09 256 815 663, 09 256 815 664
7 am – 8 pm
Cafe Birmania

ဒီဆိုင်လေးကတော့ဖေဖော်ဝါရီလောက်ကတည်းကဖွင့်တာ။ သူကကော်ဖီဆိုင်ဆိုတာထက် lounge လေးနဲ့ပိုတူတယ်။ ခြံဝန်းလေးရှိလို့အပြင်မှာထိုင်ချင်ရင်လည်းအဆင်ပြေပါတယ်။ ကော်ဖီနဲ့အအေးအပြင် alcoholic drinks တွေလည်းရတယ်။ အစားအသောက်တွေကလည်း snack တွေကနေစလို့ steak အထိရပါတယ်။
14/B, Thar Yar Shwe Pyi St, Yankin, Bauk Htaw, Yangon
09 40900 3099
6 am – 8 pm
To be honest, York Cafe is a little overrated, coffee is not that good, food serving is slow。
And most importantly when sun is hight its very hot at there.