ရန်ကုန်မှာ ဈေးဝယ်တဲ့သူတွေရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့ ပြည်တွင်းဖြစ်တံဆိပ်တွေပဲပြထားတဲ့နေရာ များများစားစားမရှိတာကြောင့် စစ်မှန်တဲ့ပြည်တွင်းဖြစ်အဝတ်အစားတွေဝယ်ရခက်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာကခိုင်မာတဲ့ အမှတ်တံဆိပ်တွေကတော့ မြို့ထဲကဈေးကြီးတဲ့စီးပွားဖြစ်နေရာတွေကို ငှားနိုင်ပေမယ့် အသစ်ထိုးဖောက်လာတဲ့ အမှတ်တံဆိပ်တွေအတွက်ကတော့ ရွေးချယ်စရာနည်းနည်းပဲကျန်ပါတယ်။ ရလဒ်ကတော့ မြန်မာ့ဖက်ရှင်လုပ်ငန်းအသစ်တွေဟာ online ပေါ်မှာပဲ ရှိပြီး နိုင်ငံရဲ့ ဖန်တီးမှုတွေဟာ အသိအမှတ်ပြုခြင်း မခံရပါဘူး။
မကြာမီက The International School Yangon (ISY) က စီနီယာတစ်စုဖြစ်တဲ့ စည်သူကျော်ဝင်း၊ သောမတ်စ်အောင်၊ အဲလ်ဘတ် ပိုင်၊ ရဲခန့်မိုး၊ ဇွဲမျိုးအောင်နှင့် Dillon Kelly တို့က တမူထူးတဲ့ အတွေးအခေါ်တွေနဲ့ ဒီအခက်အခဲကိုဖြေရှင်းဖို့ကြိုးစားလာပါတယ်။ ကောင်လေးတွေဟာ အသက် ၁၇ နှင့် ၁၈ ကြားမှာရှိပြီး မြန်မာ့တံဆိပ်တွေကို ခင်းကျင်းပြသဖို့ နေရာလိုတာကိုသတိထားမိပါတယ်။ အဲ့ဒါနဲ့ အောက်တိုဘာ ၂၀ ရက်နေ့ ဗဟိုလမ်းပေါ်မှာ “Recess” ဆိုတဲ့ pop-up ဆိုင်ဖွင့်လိုက်ပါတယ်။ Recess ကို တည်ထောင်သူကျောင်းသားတစ်ယောက်ဖြစ်တဲ့ သောမတ်စ်အောင်က “pop-up အတွက် စိတ်ကူးကိုတော့ ကျွန်တော်တို့ကိုယ်ပိုင်တံဆိပ်နဲ့ ကျား/မ နှစ်မျိုးလုံးဝတ်ဆင်နိုင်ဖို့ ဖန်တီးရင်းရလာတာပါ” လို့ ရှင်းပြပါတယ်။ သူတို့ကလုပ်ရင်းကိုင်ရင်းနဲ့ သူတို့လိုပဲကြိုးစားနေတဲ့ တခြားမြန်မာတံဆိပ်တွေအကြောင်းသိလာပါတယ်။ အဲ့ဒါနဲ့ အကြံဉာဏ်အကုန်လုံးစုစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။
“လူတွေက အဝတ်အစားဝယ်ဖို့အတွက် နိုင်ငံခြားသွားလေ့ရှိပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ပြည်တွင်းတံဆိပ်တွေရုတ်တရက် များလာတယ်လို့သိရပါတယ်။ ဒါပေမယ့် သူတို့မှာ ခင်းကျင်းပြသဖို့ နေရာမရှိဘူး။ ဒါ့ကြောင့် onlineမှာပဲ ပျောက်ကွယ်သွားကြရတယ်။ ကျွန်တော်တို့ အကုန်လုံးကို နေရာတစ်ခုတည်းမှာ စုစည်းချင်တယ်” လို့ သောမတ်စ်က ပြောပါတယ်။
သူတို့က ဗဟိုလမ်းပေါ်က သုံးထပ်ရုံးခန်းလွတ်ကို နေရာယူလိုက်ပါတယ်။ အထပ်တိုင်းက သူတို့နဲ့ သက်ဆိုင်ရာ pop-up တွေ အဖြစ် ပြောင်းလဲသွားပါပြီ။ မြေညီထပ်မှာတော့ ကော်ဖီ၊ ဖျော်ရည်နဲ့ မုန့်မျိုးစုံရောင်းတဲ့ My Drinks Café ၊ဒုတိယထပ်မှာတော့ အဝတ်အစားနှင့် တတိယထပ်မှာတော့ ပန်းချီပြခန်း ဖွင့်လှစ်ထားပါတယ်။
ပန်းချီပြခန်းရဲ့အသွင်အပြင်ကိုတော့ ပြည်တွင်းပန်းချီဆရာတွေဖြစ်တဲ့ ဉာဏ်ရဲနိုင်၊အောင်ကျော်စမ်းတို့က ArtAntနဲ့ ပူးပေါင်းဖန်တီးထားတာဖြစ်ပြီး ဈေးနှုန်းတွေကိုတော့ Recess ပိုင်ရှင်တွေကလူအများစုတတ်နိုင်အောင် ရွေးချယ်ထားတာပါ။”ကျွန်တော်တို့ ဒီပန်းချီကားတွေကို အရမ်းဈေးမကြီးစေချင်ပါဘူး၊ အနုပညာဆိုတာ အမြဲတမ်းဈေးကြီးတဲ့ အရာတစ်ခုမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ပြချင်ပါတယ်။ ဈေးနှုန်းတွေကတော့ ဒေါ်လာ ၄၀ ကနေ အများဆုံး ၄၀၀ ထိပါပဲ” ဟု သော်မတ်စ်က ပြောပါတယ်။
ပန်းချီတွေအတွက်သာ မဟုတ်ဘဲ အဝတ်အစားတွေကိုလည်း ဈေးမှန်အောင်လုပ်ပေးနိုင်ဖို့က ပိုင်ရှင်တွေအတွက် အရမ်းအရေးကြီးပါတယ်။
သူတို့ကဈေးသက်သာစွာရောင်းပေးထားပြီး သောမတ်စ်က “ဒီမှာရှိတဲ့ ပစ္စည်းတွေက ဈေးကြီးတယ်ဆိုပြီး နားလည်မှုလွဲနေကြပါတယ်။ အင်္ကျီတွေက ၇၀၀၀ကျပ်ကနေစပြီး အများဆုံး ၅၀၀၀၀ထိပါပဲ” လို့ပြောပါတယ်။
သူတို့က pop-upဒီဇိုင်းနဲ့ တံဆိပ်တွေကို စုပြီးလုပ်ချင်နေတာဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့ အမြင်တွေကို တခြားသူတွေက အကောင်းမြင်ကြပါတယ်။ ”ကျွန်တော်တို့ဆက်သွယ်တဲ့ ဒီဇိုင်နာ အားလုံးက ဒီ pop-up စိတ်ကူးကို အားပေးပါတယ်” လို့ သော်မတ်စ်က ပြောပါတယ်။
Pop-up ဆိုတဲ့ စကားလုံးဟာ ပျံနှံ့လာပြီး သူတို့အရင်က မကြားဖူးတဲ့ ပြည်တွင်းအမှတ်တံဆိပ်တွေဆီက ပါဝင်ပူးပေါင်းဖို့ တောင်းဆိုမှုတွေ ရခဲ့ပါတယ်။ ရလဒ်အနေနဲ့တော့ Fragment of Imagination နဲ့ Youth of Burma တို့အပါအဝင် လူသိနည်းတဲ့ အခုမှစတည်ထောင်တဲ့ အမှတ်တံဆိပ်တွေ Recessမှာ ရှာဖွေနိုင်ပါတယ်။ အဲ့ဒီမှာ လူသိများတဲ့ Her Alchemy နဲ့ Rangoon Studios တံဆိပ်တို့လည်း ရှိပါတယ်။
“Her Alchemy က တီရှပ် တွေအပြင် ဂျာကင်နဲ့ဂါဝန်တွေကိုလည်း ထုတ်လုပ်နေပါတယ်။ပြီးတော့ အသစ်အသစ်သော တီထွင်ဆန်းသစ်မှုတွေကို လုပ်ရဲပါတယ်။ ပြသဖို့နေရာရှိတာ တော်တော်ကောင်းပါတယ်” ဟု တည်ထောင်သူ Dillon Kellyက ပြောပါတယ်။
Her Alchemy ရဲ့ တည်ထောင်သူဖြစ်တဲ့ Nida Taylor မှာ ဒီအယူအဆအတွက် နှစ်ဦးနှစ်ဖက် နားလည်မှုရရှိစေပါတယ်။ “Her Alchemy က pop-ups ကို နှစ်သက်တယ်။ ကျွန်မတို့က အမြဲတမ်း ကိုယ့်ဟာကိုယ်လုပ်ပြီး ပြိုင်ဘက်ကင်းပါတယ်။ ကျွန်မ Recess အကြောင်းကို ISY က စီနီယာ တစ်ဦးစီက ကြားပြီး အဲ့ဒီ အတွေးအခေါ်ကို ထောက်ပံ့ဖို့ အရမ်းဝမ်းသာမိပါတယ်။ ကျွန်မတို့ မိသားစုတစ်ခုလုံး ISYကို တက်ခဲ့ပါတယ်။အဲ့ဒီတော့ Recessနဲ့ ပူးပေါင်းတာက ကျွန်မအတွက် ရောင်းချမှု မဟုတ်ပါဘူး။ ကျွန်မက ISYက သူတို့နဲ့ သူတို့ရဲ့ စိတ်ကူးကောင်းလေးတွေကို ပျော်ပျော်ကြီး ထောက်ပံ့ပေးချင်တာပါ” ဟုသူမက ပြောပါတယ်။
တည်ထောင်တဲ့သူတွေနဲ့ ဒီဇိုင်နာတွေအတွက် ပြည်တွင်းဒီဇိုင်းနဲ့ အနုပညာလက်ရာတွေကို ဝင်ထွက်သွားလာပြီး ကြည့်ရှုလို့ရတဲ့ နေရာဖြစ်တာကြောင့် pop-up ဟာ မြန်မာ့ဒီဇိုင်းနဲ့ တီထွင်မှုတွေကို ယုံကြည်မှုရှိအောင် ကိုယ်စားပြုနေပါတယ်။Recess မှာ ပြသထားတဲ့ တံဆိပ်အားလုံးဟာ သူတို့ရဲ့မူလ concept အတွက် သူတို့ကိုယ်တိုင် ရွေးထားတာဖြစ်ပြီး တခြား တံဆိပ်တွေဆီက ငွေလိမ်ယူထားတာ မဟုတ်ပါဘူး။
“ကျွန်တော်ကတော့ ဒီဆိုင်က မြန်မာတွေ ဘယ်လောက် တိုးတက်လာပြီဆိုတာကို ကိုယ်စားပြုနေတာလို့ ထင်ပါတယ်။ဘန်ကောက်လိုနေရာမျိုးမှာတော့ ဒီလိုမျိုးကို တွေ့ရပေမယ့် ဒီမှာတော့ ဒါက အသစ်ပါပဲ။အခုဆို မြန်မာတွေရဲ့ အမှန်တကယ်ကောင်းမွန်တဲ့ မူရင်း အဝတ်အစားတွေကို ပြသနိုင်ပါပြီ။”လို့ Dillonက ပြောပါတယ်။
လောလောဆယ်မှာတော့ Recess ကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ စဖွင့်မယ်ဟု အတည်ပြုထားသော်လည်း ဒီဇင်ဘာ မတိုင်ခင်ခင်ထိ pop-upကို တိုးချဲ့မှာပါ။