Advertisement

By Issy D’Arcy Clark and Min Ye Kyaw
Photographs by Kan Su Ho

Shartra ဟာ TV talent shows ၂ခုမှာ winner ရထားပြီးတော့ တဖြည်းဖြည်းနဲ့အောင်မြင်လာတဲ့ designer တစ်​​ယောက်ပါ။ Myanmar’s International Fashion Week ရဲ့ Saturday night အတွက်လည်းပြင်ဆင်​​နေတဲ့အပြင် သူ့ရဲ့အတွေ့အကြုံတွေကိုလည်း စာဖတ်ပရိသတ်အတွက်မျှဝေပေးသွားပါတယ်

Shartra ဖန်​တီးထားတဲ့ design​ တွေကခန်းနားကြီးကျယ်လွန်းတာကြောင့် သူကိုယ်​တိုင်​ကလည်း dramatic ဆန်​ဆန်​ တခမ်းတနားနေတတ်မယ်လို့ထင်ကြမှာပါပဲ။ Shartraကို အင်းလျားကန်​​က Seeds Restaurant & Lounge မှာ​တွေ့ဆုံခဲ့ပါတယ်​။ သူ့အ၀တ်အစားအပြင်အဆင်ကသစ်လွင်တောက်ပပေမယ့် အမူအရာ​နဲ့စကား​အပြောအဆိုက နူးညံ့ချိုသာပြီး အေးအေးဆေးဆေးနဲ့အိနြေ္ဒရှိတဲ့သူတစ်ယောက်ပါ။

Shartra နဲ့​တွေ့ဆုံဖို့အတွက်​ setting ကိုလည်း Shartraရဲ့ ကိုယ်​ပိုင်​ဟန်ဖြစ်​တဲ့ ကြာပန်း​လေး​တွေပါ​စေချင်တယ်။ ဒါကြောင့်မို့​ အင်းလျားကန်​ကကြာ​တွေကို အ​ကောင်းဆုံးမြင်​ရတဲ့ view ကို ပိုင်​ဆိုင်​ထားတဲ့ Seedsကို တမင်​ရွေးချယ်​ခဲ့တာပါ။

Shartra ဟာ ဟာ Style Secret 2015 မှာ winner ရခဲ့ပါတယ်​။ ပြိုင်​ပွဲမှာ ရိုက်​ကူး​ရေးလုပ်​​နေတုန်းက အင်း​လေးကိုအလည်​သွားခွင့်​ရခဲ့ပါတယ်။ အင်း​လေးက ကြာချည်​နဲ့ရက်​ကန်းလုပ်​ငန်းကို​လေ့လာခွင့်​ရပြီး​တော့ စိတ်​၀င်​စားသွားခဲ့ပါတယ်​။

“ကြာချည်​နဲ့ရက်​ကန်းခတ်​တာကို​တွေ့မြင်​ခွင့်​ရခဲ့ပါတယ်​။ အဲ့​နောက်​ပိုင်း အင်း​လေးကို​နောက်​ထပ်​လာပြီး​တော့ ရက်​ကန်းခတ်​တဲ့ သူ​တွေကို ​သေချာ​မေးမြန်းခဲ့ပါတယ်။ အခုဆိုကျွန်တော့်ကိုလူတိုင်းသိနေကြပြီ” လို့ဆိုပါတယ်။

ဒီလိုနဲ့ ကြာချည်​နဲ့ရက်​ကန်းခတ်​တာကို Shartra က အရမ်းစိတ်​၀င်​စားသွားပြီး​တော့ သူ့ရဲ့ modern design ​တွေနဲ့ ​ပေါင်းစပ်​ဖို့စပြီးစဉ်းစား​ခဲ့ပါတယ်​။

”မင်္ဂလာဆောင်ဝတ်စုံတွေမှာ ကြာချည်​​တွေကိုစတင်​အသုံးပြုခဲ့ပါတယ်​။ ကြာရိုးကိုချိုးလိုက်​ရင်​ အထဲက ကြာချည်​​တွေက တစ်​ခုနဲ့တစ်​ခု ပူးကပ်​ပြီးရှိနေသလိုပဲ ချစ်သူစုံတွဲတွေကြားသံယောဇဉ်တွေခိုင်မာပါစေဆိုတဲ့ ရည်​ရွယ်​ချက်​​လေးနဲ့ မင်္ဂလာဆောင်ဝတ်စုံတွေမှာကြာချည်​​နဲ့ ချုပ်​​ပေးထားတာပါ” လို့ Shartra က​ပြောခဲ့ပါတယ်​။

ဈေးကွက်မှာ ချည်​မျှင်​အတု​တွေအများအပြားထွက်​နေတဲ့အချိန်မှာ Shartra လိုအရမ်းကိုခေတ်ရှေ့ပြေးတဲ့ဒီဇိုင်နာတစ်ယောက်က အလွန်ရှေးကျတဲ့မြန်မာ့ရိုးရာကိုကာကွယ်နေတာ ထူးခြားမှုတစ်ခုပါ။ ဒါ​ပေမယ့်​ Shartra က​တော့ ကြာချည်​ရက်​ကန်းဓလေ့ကိုထိန်းသိမ်းဖို့ စိတ်​ကိုနှစ်​မြှုပ်​ထားပါတယ်​။

“ဒီရိုးရာဟာအင်း​လေးဒေသခံတွေရဲ့စားဝတ်နေရေးဖြစ်လို့ ဒါကိုဆက်​လက်​ထိန်းသိမ်းဖို့အရမ်းအ​ရေးကြီးပါတယ်​။ သူတို့ဒေသထွက်ပစ္စည်းတွေနဲ့ မိရိုးဖလာပညာကိုသုံးပြီး အထည်တွေရက်လုပ်နိုင်ဖို့ ကျွန်တော်တို့အားပေးသင့်တယ်။ ရိုးရာကိုထိန်းသိမ်းပြီး​တော့ အသစ်​​တွေပါဖန်​တီးနိုင်​ခဲ့ရင်​ ခရီးသွားလုပ်​ငန်းကိုလည်းအကျိုးပြုနိုင်​လိမ့်​မယ်​လို့” Shartra က ​ထောက်ပြပါတယ်​။

၇ ကြိမ်​​မြှောက်​ Myanmar International Fashion Week ကို ဒီဇင်​ဘာ ၇ ကနေ ၉ရက်နေ့အထိ ရန်​ကုန်​မှာ ကျင်းပမှာဖြစ်​ပြီး​တော့ စနေနေ့ဖွင့်​ပွဲ​နေ့ကို Shartra ရဲ့လက်ရာတွေနဲ့စဖွင့်မှာပါ။ ဒီပွဲမှာ Shartra က သူ့ရဲ့ ကြာချည်​နဲ့ရက်​ထားတဲ့ ပြိုင်ဘက်ကင်းဖန်တီးမှု​တွေကိုပွဲထုတ်​သွားမှာပါ။

အောင်​မြင်​တဲ့ designer မဖြစ်​ခင်​က Shartra ဟာသူ့ရဲ့ ဇာတိမြို့ဖြစ်​တဲ့ ရခိုင်​ပြည်​နယ်​ ​ကျောက်​ဖြူမှာ​နေထိုင်​ခဲ့ပါတယ်​။ Korean TV shows ​တွေကိုကြည့်​ပြီး​တော့ Fashion ကိုစိတ်​၀င်​စားလာတဲ့ Shartra ဟာ သူ့ရဲ့ကိုယ်​ပိုင်ဟန်နဲ့ အ၀တ်​အစား​တွေကို စမ်းပြီးချုပ်​ကြည့်ခဲ့ပါတယ်​။ ဒါပေမယ့်ယောက်ျားတစ်ယောက်အနေနဲ့ ဖက်ရှင်လုပ်ငန်းနဲ့အသက်မွေးနိုင်လိမ့်မယ်လို့ထင်မထားမိပါဘူး။ ​နောက်​​တော့ ရန်​ကုန်​ကို​ပြောင်းလာပြီး ဖက်ရှင်လုပ်ငန်းနဲ့မဆိုင်တဲ့ အလုပ်​တွေလုပ်ခဲ့ပေမယ့်အဆင်မပြေခဲ့ဘူးလို့ဆိုပါတယ်။ ၂၀၁၁ မှာ​တော့ Shartra ဟာ ပြည်တွင်းမှာရောပြည်ပမှာပါ အမျိုးသားဖက်ရှင်ဒီဇိုင်နာတွေအောင်မြင်နေတာကိုသတိထားမိလာတယ်။

ဖက်ရှင်လုပ်ငန်းထဲစတင်အခြေချမိပြီး ၃လအကြာမှာတော့ Shartra က Myawaddy channel ကထုတ်​လွှင့်​တဲ့ Designer’s Design ရုပ်သံအစီအစဉ်မှာပါဝင်​ခွင့်ရခဲ့ပါတယ်​။ ၂၀၁၅ မှာ​တော့ Style Secret မှာ winner ရခဲ့ပါတယ်​။ အဲ့ဒီနောက်မှာတော့ သူ့နာမည်ကိုပြည်သူတွေသတိထားမိလာပါပြီ။

Fashion နဲ့ပတ်​သက်တဲ့ ​နေရာတိုင်းမှာ Shartra ရဲ့ လက်​ရာတွေ​နေရာယူလာခဲ့ပါတယ်​။ Style Secret အစီအစဉ်ကရရှိခဲ့တဲ့ ​အောင်​မြင်​မှု​တွေက Shartra ကို ဖက်ရှင်လုပ်ငန်းမှာ ​အောင်​မြင်​မှု​တွေဆက်​ရဖို့ ကူညီ​ပေးခဲ့ပါတယ်​။

2017 International Fashion Week မှာ​တော့ Shartra ဟာအ​အောင်​မြင်​ဆုံး တက်သစ်စကြယ်ပွင့်အဖြစ်​ အသိအမှတ်​ပြုခံခဲ့ရပါတယ်​။ အဲဒီပွဲမှာ​ Shartra ဟာအမျိုးသမီးတွေရဲ့စွမ်းပကားကိုပုံဖော်ပြဖို့ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ ​ရွှေ​ရောင်​အ​တောင်​ပံအလှဆင်​ထားတဲ့ ​ရွှေ​ရောင်​၀တ်စုံဟာပရိသတ်ရဲ့အာရုံကိုလွှမ်းမိုးနိုင်ခဲ့တယ်။

“ကျွန်တော့်ဝတ်စုံကိုဝတ်မယ့်မော်ဒယ်အတွက် တီထွင်ဥာဏ်အပြည့်ပါတဲ့ဝတ်စုံကိုပဲဖန်တီးချင်တယ်။ ဒီဝတ်စုံကိုဝတ်တဲ့အမျိုးသမီးအနေနဲ့ သူမကိုယ်သူမအတောင်ပံတွေပါတဲ့ သူရဲကောင်းအမျိုးသမီးတစ်ယောက်အဖြစ် မြင်ယောင်ကြည့်စေချင်တယ်။ သူမရဲ့အလှအတွက်ဂုဏ်ယူစေချင်တယ်။”

ဒီလိုနဲ့ပဲ Shartra ရဲ့တမူထူးခြားတဲ့ဟန်တွေကိုမှကြိုက်နှစ်သက်တဲ့အမာခံပရိသတ်တွေရှိလာပါတယ်။

International Fashion Week​ မှာ အမျိုးသမီးတွေကိုခွန်အားပေးနိုင်တဲ့ဝတ်စုံ​တွေကိုဖန်​တီးဦးမှာဖြစ်သလို မင်္ဂလာဝတ်စုံ​ collection တွေကိုလည်း အာရုံစိုက်သွားမယ်လို့ဆိုပါတယ်။

“ကျွန်တော့်ဝတ်စုံတွေကို ထူးခြားပြီး​တော့ လှလှပပနဲ့ဆွဲ​ဆောင်မှုရှိ​စေချင်​ပါတယ်​။ အဲ့ဒါမှ ၀တ်​တဲ့သူ​တွေလည်းကိုယ့်ကိုယ်ကိုယ်ထူးခြားတယ်လို့ခံစားရမှာဖြစ်သလို မိမိကိုယ်ကိုယုံကြည်မှုလည်းရှိလာမယ်” လို့ဆိုပါတယ်။

ဒီလိုဝတ်စုံတွေကို အချိန်တိုအတွင်းဖန်တီးရခြင်းဟာ အလွန်ကျွမ်းကျင်တဲ့ဒီဇိုင်နာတွေအတွက်တောင်မှ အတော်ခက်ခဲတတ်ပါတယ်။ အလုပ်ကပင်ပန်းကြောင်း Shartra ကိုယ်တိုင်ကလည်းဝန်ခံခဲ့တယ်။

“၀တ်စုံတွေကိုဖန်​တီးတဲ့အခါ တခါတလေ design ဆွဲတာနဲ့တင်​ အချိန်​အ​တော်​ကြာပါတယ်​။ တခါတ​​လေ ပွဲ ​တွေအတွက်​ အမြန်​လုပ်​​ပေးရတာ​တွေလည်းရှိပါတယ်​။  ဒါ​ပေမယ့်​ ၀တ်စုံ​တွေကို ၀တ်​တဲ့သူ​တွေက ကျွန်​​တော့်ဝတ်​စုံကို သ​ဘောကျတယ်​လို့ ​ပြော​တဲ့အခါမှာ​တော့ ပင်​ပန်းခဲ့ရတာ​တွေ တန်​ပါတယ်​” လို့ Shartraက​ပြောပါတယ်​။

Shartra ဟာဆရာကောင်းဆီကသင်ယူထားတဲ့အတွက် အလုပ်​​ဖိအား​ဘယ်​​လောက်​များများ အကောင်းဆုံးတွေဖန်တီးနိုင်စွမ်းရှိပါတယ်။ မြန်မာနိုင်ငံမှာအတော်ဆုံးဒီဇိုင်နာစာရင်းထဲပါဝင်တဲ့ မိုးကုတ်ပေါက်ပေါက်ဟာ Shartra ကိုဖက်ရှင်နဲ့ပတ်သက်ပြီး သင်ပေးခဲ့သူပါ။ မိုးကုတ်​​ပေါက်​​ပေါက်​က​​ သူ့ရဲ့ လမ်းပြကြယ်​ပါလို့လည်း​ပြောသွားပါတယ်​။ မိုးကုတ်​​ပေါက်​​ပေါက်​က fashion နဲ့ပတ်​သက်​သမျှ သင်​​ပေး​လေ့ရှိပြီး​တော့ သူ့အတွက်​​မိတ်​​ဆွေ တစ်​​ယောက်လို​၊ မိခင်​တစ်​​ယောက်​လိုပါ သူ့ဘက်​ကရပ်​တည်​​ပေးပါတယ်​ လို့လည်း​ပြောသွားပါတယ်​။

အောင်​မြင်​​ကျော်​ကြား​နေတဲ့ designer ဖြစ်​​နေတဲ့ Shartra ဟာ အမျိုးသားဖက်ရှင်​တွေကိုလည်းစိတ်​၀င်​စားပါတယ်​လို့ ​ပြောသွားပါ​သေးတယ်​။ ​​နောက်​ပိုင်းမှာ​တော့ အမျိုးသားတွေအတွက်​ အသင့်ဝတ်ဝတ်စုံ​တွေထုတ်​ဖို့ရှိပါတယ်​လို့ ​ပြောသွားပါတယ်​။

“ဖက်ရှင်နဲ့ပတ်​သက်​ပြီး​တော့ အသစ်အသစ်​​​တွေကို အခုထိဆက်​ပြီး ​လေ့လာသင်​ယူ​နေပါတယ်​။ ဖိနပ်နဲ့အိတ်တွေပါထုတ်လုပ်သွားဖို့စိတ်ကူးထားတယ်ဗျ။ Fashion designer တစ်​​ယောက်​အ​နေနဲ့ လူ​တွေကို သူတို့ရဲ့ အထူး​နေ့​လေး​တွေမှာ လှလှပပနဲ့ ​ပျော်​ပြီးဂုဏ်​ယူစွာရှိ​နေ​စေချင်​ပါတယ်​။ ဒီအလုပ်ကိုသဘောကျတယ်။ တတ်နိုင်သမျှကြိုးစားသွားမယ်” လို့ Shartra ကရှင်းပြသွားပါ​တယ်​။

ဒီဇင်​ဘာလ ၈ရက်​​နေ့ ည​နေ ၆နာရီမှာ​တော့ Shartra ရဲ့ ပထမဆုံး Model ကို Myanmar International Fashion Week ရဲ့ စင်မြင့်ပေါ်မှာ ​တွေ့မြင်​ရမှာပါ။ သူဘယ်လိုဝတ်စုံဝတ်ထားမလဲဆိုတာသိတဲ့သူတစ်ယောက်ပဲရှိပါတယ်။ ဒါပေမယ့် ဒီဝတ်​စုံကိုကြာချည်​​တွေနဲ့ ဖန်တီးထားတယ်ဆိုတာကတော့အသေအချာပါပဲ။ Shartra နဲ့ကြာချည်တွေဟာ အနယ်နယ်အရပ်ရပ်ကိုဖြတ်သန်းပြီး အခက်အခဲမျိုးစုံကိုကျော်လွှားကာ ပရိသတ်ရှေ့မှောက်ရောက်လာပါတော့မယ်။

(ဘာသာပြန်ဆိုသူ – ဟန်နီဦး၊ နေသီဟ)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here