Advertisement

By Sithu Han

ကမ္ဘာ့ရိုးရာလက်ဝှေ့ချန်ပီယံရှစ်(WLC)ဟာ မြန်မာပရိတ်သတ်များကြား ဗြိတိန်နွယ်ဖွား မြန်မာစပါးအုံး လက်ဝှေ့မယ်အဖြစ် လူသိများနေတဲ့ နီကိုလာဘာ့ခ်ကို တရားဝင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

လက်ဝှေ့မယ် နီကိုလာဘာ့ခ်ဟာ နိုင်ငံတကာလက်ဝှေ့ပြိုင်ပွဲတွေမှာ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံအလံကို လွမ်းခြုံကာ အောင်ပွဲခံတက်တာကြောင့် မြန်မာပရိတ်သတ် တွေကြား လူသိများလာခဲ့သူပါ။

ကမ္ဘာ့ရိုးရာလက်ဝှေ့ချန်ပီယံရှစ်(WLC)ဟာ သူမကို စာချုပ်ချုပ်ဆိုခဲ့တာကြောင့် လာမယ့်ပြိုင်ပွဲတွေမှာ မြန်မာပရိတ်သတ်တွေအနေနဲ့ နီကိုလာဘာ့ဂ်ရဲ့ လက်ဝှေ့စွမ်းရည်ကို အားပေးခွင့်ရတော့မှာဖြစ်ပါတယ်။

နီကိုလာဘာ့ဂ်ကို ဗြိတိန်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် သူမရဲ့မိခင်ကတော့ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့တာကြောင့် သူမ ထိုးသတ်တဲ့ပွဲစဉ်တွေမှာ မိခင်နိုင်ငံကို ကိုယ်စားပြုတဲ့အနေနဲ့ မြန်မာအလံကို လွမ်းခြုံအောင်ပွဲခံလေ့ရှိတာပါ။

အသက်(၂၅)နှစ်အရွယ် နီကိုလာဘာ့ခ်ဟာ ဗြိတိန် K1 ဆုတံဆိပ်နဲ့ တိုက်ကွမ်ဒို ကမ္ဘာ့ချန်ပီယံရှစ်တွေမှာ ချန်ပီယံဆုတွေ ရယူဖူးခဲ့သူဖြစ်ပြီး လက်ရှိယှဉ်ပြိုင်နေတဲ့ ကစ်ဘောက်ဆင်နဲ့ မွေထိုင်းပြိုင်ပွဲတွေမှာလည်း ချန်ပီယံခါးပတ်တွေ ပိုင်ဆိုင်ထားသူပါ။

နီကိုလာဘာ့ဂ်ဟာ အရပ်အမောင်းမြင့်မားသလို ဝိတ်တန်းမြင့်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် သူမရဲ့ ပြိုင်ဘက်တွေကို ပြည်ပမှာ ရှာဖွေသွားရမှာဖြစ်ပါတယ်။

နီကိုလာဘာ့ခ်ရဲ့ မြန်မာနိုင်ငံမှာ ထိုးသတ်မယ့် ပွဲဦးထွက်ကိုတော့ ၂၀၁၉ ခုနှစ် အနှောင်းပိုင်းမှာ မြင်တွေ့ရမှာဖြစ်ကြောင်း WLC က ထုတ်ပြန်ထားပါတယ်။

Ref: WLC

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here