Advertisement

ဒီအပတ္ေသာၾကာေန႔ကေနတနဂၤေႏြေန႔အထိျပသသြားမယ့္ ဥေရာပရုပ္ရွင္ပြဲေတာ္ကဇာတ္ကားေတြအေၾကာင္း ေျပာျပခ်င္ပါတယ္။ စေန တနဂၤေႏြမွာပြဲခ်ိန္ေတြပိုမ်ားျပီး တခ်ိဳ႕ဇာတ္ကားေတြျပန္ျပေပးတဲ့အတြက္ လြတ္သြားတယ္ဆိုရင္ျပန္ၾကည့္ဖို႔အခြင့္အေရးပါ။ ရုပ္ရွင္အားလံုးဟာအဂၤလိပ္စာတန္းထိုးထားပါတယ္။ ျပသမယ့္ေနရာေတြဆီ ပြဲမစခင္ ၁နာရီေလာက္ၾကိဳသြားျပီးဦးရာလူစနစ္နဲ႔ လက္မွတ္ေတြကိုအခမဲ့ရယူႏုိင္ပါတယ္။

Western (Germany)

ဂ်ာမန္လူမ်ိဳးေဆာက္လုပ္ေရးလုပ္သားတစုဟာ ဘူေဂးရီးယားေက်းရြာတရြာအနားမွာ ေရအားသံုးလွ်ပ္စစ္ဓာတ္အားေပးစက္ရံုတည္ေဆာက္ေနတုန္း မထင္မွတ္ဘဲၾကန္႔ၾကာမႈေတြျဖစ္သြားခဲ့တယ္။ ခန္႔မွန္းထားတဲ့အခ်ိန္ထက္ပိုျပီးေနေနရတဲ့အတြက္ ဘာသာစကားမတူညီမႈ၊ အကဲဆတ္တဲ့ႏုိင္ငံေရးအေျခအေနေတြေၾကာင့္ ေဆာက္လုပ္ေရးအလုပ္သမားေတြနဲ႔ ဘူေဂးရီးယားရြာသားေတြၾကားမသင့္ျမတ္မႈေတြျဖစ္လာပါတယ္။ ၾကမ္းတမ္းတဲ့နယ္စပ္ေဒသမွာ မတူညီတဲ့လူမ်ိဳးစုႏွစ္စုၾကားကေယာက်္ားေတြရဲ႕ပဋိပကၡဘယ္ေလာက္အထိၾကီးမားလာမွာလဲ။

https://www.imdb.com/title/tt5157326/

Sep 27 | Nay Pyi Taw Cinema (18:30)

Bloody Milk (EU Film Repository)

Pierre ဟာစကားနည္းတဲ့ႏြားေမြးျမဴေရးသမားတေယာက္ပါ။ သူတို႔ေက်းလက္ေဒသေတြမွာလည္း စိုက္ပ်ိဳးေရးေမြးျမဴေရးလုပ္ငန္းၾကီးေတြတျဖည္းျဖည္းၾကီးမားလာျပီး Pierre တို႔လိုမိရိုးဖလာေမြးျမဴေရးသမားေတြ ရုန္းကန္ေနရတဲ့အခ်ိန္ျဖစ္ပါတယ္။ တေန႔မွာသူ႔ႏြားတေကာင္ကူးစက္ေရာဂါျဖစ္လာေတာ့ သူ႔ႏြားေတြကိုကူးစက္ေရာဂါပိုးဒဏ္ကကာကြယ္ဖို႔ၾကိဳးစားရပါေတာ့တယ္။ ဒါရိုက္တာ Hubert Charuel ကိုယ္တုိင္ကလယ္သမားတေယာက္ရဲ႕သားျဖစ္တဲ့အတြက္ ျပင္သစ္ႏုိင္ငံေက်းလက္ကေမြးျမဴေရးသမားေတြနဲ႔ သူတုိ႔ရဲ႕တိရစာၦန္ေတြၾကားကသံေယာဇဥ္ကိုေပၚလြင္ေအာင္ရိုက္ကူးတင္ဆက္ႏုိင္ပါတယ္။

Sep 27 | Goethe-Institut (19:00)

The Circle (Switzerland)

၁၉၄၃ကေန ၁၉၆၇အထိလိင္တူခ်စ္သူေတြအခြင့္အေရးအတြက္လႈပ္ရွားၾကတဲ့အဖြဲ႔အစည္း The Circle ရဲ႕ျဖစ္ရပ္မွန္သမိုင္းေၾကာင္းကိုအေျခခံထားတဲ့ဇာတ္ကားပါ။ ေက်ာင္းဆရာျဖစ္သူ Ernst Ostertag ဟာဒီအဖြဲ႔အစည္းထဲ၀င္ေရာက္ခဲ့ျပီးေနာက္ Robi Rapp ဆိုတဲ့ drag star နဲ႔ခ်စ္သူေတြျဖစ္သြားခဲ့တယ္။ Robi အတြက္ေတာ့ Ernst ဟာဘ၀မွာပထမဆံုးအၾကိမ္ေလးေလးနက္နက္ခ်စ္ရတဲ့သူျဖစ္ျပီး Ernst ကေတာ့ သူ႔လိင္သဘာ၀နဲ႔ မိန္းကေလးသီးသန္႔ေက်ာင္းကေက်ာင္းဆရာဘ၀တို႔ၾကားေရြးခ်ယ္ရေတာ့မယ့္ အေျခအေနျဖစ္လာပါတယ္။ ဒီဇာတ္ကားမွာတကယ့္သမိုင္း၀င္ဓာတ္ပံုေတြ၊ တကယ္ရွိခဲ့တဲ့ Ernst နဲ႔ Robi တုိ႔ရဲ႕အင္တာဗ်ဴးေတြလည္းပါ၀င္ပါတယ္။

https://www.imdb.com/title/tt3148952/

Sep 27 | Goethe-Institut (21:00)

Sep 29 | Goethe-Institut (11:00)

Tulipani: Love, Honour and a Bicycle (The Netherlands)

Montreal မွာေနထိုင္တဲ့ Anna ဟာသူ႔မိခင္ရဲ႕အရိုးျပာကိုသူမရဲ႕ဇာတိျဖစ္တဲ့အီတလီႏိုင္ငံေတာင္ပိုင္းက ျမိဳ႕ေလးမွာျမွဳပ္ႏွံေပးဖို႔အီတလီကိုခရီးထြက္လာခဲ့တယ္။ သူမရဲ႕ဖခင္ျဖစ္သူ Gauke ဟာအီတလီႏုိင္ငံမွာ လာေရာက္အေျခခ်တဲ့ ဒတ္ခ်္လူမ်ိဳးတေယာက္ျဖစ္ပါတယ္။ က်ဴးလစ္ပန္းေတြစိုက္ပ်ိဳးတဲ့လုပ္ငန္းလုပ္ျပီး ေအာင္ျမင္လာတဲ့အခါ ေဒသခံလူဆိုးဂိုဏ္းတဂိုဏ္းရဲ႕အႏုိင္က်င့္မႈေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရတယ္။ Anna ဟာ သူ႔အေမရဲ႕အရိုးျပာကိုျမွဳပ္ဖို႔ဇာတိျမိဳ႕ကိုေရာက္လာတဲ့အခါမွာေတာ့ သူ႔ဖခင္ေပ်ာက္ဆံုးသြားရျခင္းရဲ႕အဓိကအေၾကာင္းရင္းကိုရွာဖို႔ဆံုးျဖတ္လိုက္ပါတယ္။

https://www.imdb.com/title/tt4121610/

Sep 28 | Nay Pyi Taw Cinema (15:30)

Sink or Swim (France)

အသက္ ၄၀အရြယ္ Bertrand ဟာစိတ္ဓာတ္က်ေနတဲ့အလုပ္လက္မဲ့တေယာက္ပါ။ တေန႔တေန႔ဖုန္းနဲ႔ဂိမ္းကစားရင္းအခ်ိန္ကုန္ေနတဲ့သူဟာ သတင္းစာထဲအမ်ိဳးသားသရုပ္ျပေရကူးအသင္းအတြက္ လူရွာေနေၾကာင္းေၾကာ္ျငာေတြ႔လိုက္ရေတာ့ အသင္း၀င္ဖို႔ဆံုးျဖတ္လိုက္တယ္။ သူတို႔အဖြဲ႔ဟာေနာ္ေ၀ႏုိင္ငံမွာက်င္းပမယ့္ World Championships မွာ၀င္ျပိဳင္ဖို႔ဆံုးျဖတ္လိုက္မိရာကေန ဘ၀နဲ႔ခ်ီတဲ့အေျပာင္းအလဲေတြစတင္ခဲ့ပါတယ္။ ဒီလိုနဲ႔ပဲသက္လတ္ပိုင္းေရာက္ေနတဲ့အမ်ိဳးသားေတြဟာ သူတို႔ရဲ႕ျငီးေငြ႔စရာဘ၀ေတြကေန ရုန္းထြက္ရင္းအေတြ႔အၾကံဳသစ္အျမင္သစ္ေတြရလာပါေတာ့တယ္။

https://www.imdb.com/title/tt7476116/

Sep 28 | Nay Pyi Taw Cinema (18:30)

Jill, Joy and the Sleeping Clock (Finland)

ကေလးမ်ားအတြက္ရည္ရြယ္တဲ့ဒီရုပ္ရွင္မွာေတာ့ Jill နဲ႔ Joy ဆိုတဲ့ေကာင္မေလး ၂ေယာက္ကို ထူးထူးဆန္းဆန္းစက္ပစၥည္းေတြကိုျပဳလုပ္တတ္တဲ့တီထြင္ပါရဂူ Gadgetus ကိုၾကည့္ရႈေစာင့္ေရွာက္ေပးဖို႔ အိမ္နီးခ်င္းေတြကအကူအညီေတာင္းတယ္။ သူတို႔ဟာ Gadgetus တီထြင္ထားတဲ့စက္ပစၥည္းေတြနဲ႔ျပည့္ေနတဲ့ျခံကိုလည္းလည္ပတ္ခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ဒီျခံေလးဖ်က္ဆီးခံရေတာ့မယ့္အႏၱရာယ္နဲ႔ၾကံဳေတြ႔လာရခ်ိန္မွာေတာ့ သူငယ္ခ်င္း ၂ေယာက္လည္းအိမ္နီးခ်င္းေတြရဲ႕အကူအညီနဲ႔ျခံကိုကယ္တင္ဖို႔ၾကိဳးစားရပါေတာ့တယ္။

Sep 28 | Goethe-Institut (11:00)

Tiger Theory (Czech Republic)

ဒီဇာတ္လမ္းမွာေတာ့ ခ်က္လူမ်ိဳးေတြရဲ႕ထံုးတမ္းစဥ္လာေတြ၊ ေပါင္းသင္းဆက္ဆံေရးေတြကို ဟာသေလးေႏွာျပီးတင္ဆက္ထားတယ္။ အဓိကဇာတ္လိုက္ Olga ရဲ႕မိခင္ကသူ႔ရဲ႕ခင္ပြန္းကြယ္လြန္သြားတဲ့အခါမွာ သူမအိမ္ေဘးမွာပဲျမွဳပ္ႏွံဖို႔စီစဥ္ပါတယ္။ Olga ရဲ႕ဖခင္ကသူေသရင္မီးသျဂိဳဟ္ေပးပါလို႔မွာသြားတဲ့အတြက္ Olga ဟာသူ႔အေမရဲ႕ဆႏၵကိုသေဘာမတူပါဘူး။ Olga ရဲ႕အမ်ိဳးသား Jan ကလည္းဇနီးျဖစ္သူဘက္ကပါခဲ့ေပမယ့္ မိသားစုအေရးေတြမွာသူတုိ႔ေယာက်္ားေတြ ၀င္မပါတာအေကာင္းဆံုးပဲဆိုတာသိလာပါတယ္။ ဒီလိုနဲ႔ပဲအေမနဲ႔သမီးမသင့္ျမတ္မႈေလးေတြျဖစ္လာသလို ေယာကၡမနဲ႔သမက္ၾကားမွာလည္းအဖုအထစ္ေတြရွိလာပါတယ္။

Sep 28 | Goethe-Institut (16:00)

Cold War (Poland)

ေအာ္စကာဆုရဒါရိုက္တာ Pawel Pawlikowski ရဲ႕အျဖဴအမည္းစတိုင္ရိုက္ကူးထားတဲ့ဒီရုပ္ရွင္ဟာဖိႏွိမႈ၊ လြတ္လပ္ေရးနဲ႔ မဆံုႏုိင္တဲ့ခ်စ္ျခင္းေတြအေၾကာင္းေရးစပ္ထားတဲ့ကဗ်ာတပုဒ္နဲ႔တူတယ္။ ဒုတိယကမာၻစစ္ကေပးတဲ့အမာရြတ္ေတြကို ၁၉၄၉ခုႏွစ္ ပိုလန္ႏုိင္ငံမွာလတ္လတ္ဆတ္ဆတ္ျမင္ေနရဆဲပါ။ ဂီတပညာရွင္ Wiktor တုိ႔အဖြဲ႔ဟာေက်းလတ္ေနျပည္သူေတြရဲ႕ခက္ခဲၾကမ္းတမ္းတဲ့ဘ၀အေၾကာင္းေရးစပ္ဖို႔ ပိုလန္ေက်းလတ္ေဒသေတြကိုေလွ်ာက္လည္ရင္းကုန္ၾကမ္းရွာပါတယ္။ လွ်ိဳ႕၀ွက္တဲ့အတိတ္နဲ႔မိန္းမေခ်ာေလး Zula ဟာ Wiktor တုိ႔အဖြဲ႔ရဲ႕ပင္တိုင္အဆိုေတာ္ျဖစ္လာတယ္။ ဒီလိုနဲ႔သူတို႔ႏွစ္ေယာက္ခ်စ္မိသြားခဲ့တယ္။ အဲ့ဒီအခ်ိန္ဟာပိုလန္ႏိုင္ငံမွာကြန္ျမဴနစ္အေတြးအေခၚေတြေခါင္းေထာင္လာပါတယ္။ ႏုိင္ငံေတာ္ပါတီက Wiktor တုိ႔ဂီတ၀ိုင္းကို၀ါဒျဖန္႔တဲ့ေနရာမွာအသံုးခ်ဖို႔ၾကိဳးစားလာတဲ့အခါမွာ Wiktor ဟာအေနာက္ႏိုင္ငံေတြကိုထြက္ေျပးဖို႔ဆံုးျဖတ္လိုက္တယ္။ Zula ကသူ႔ေနာက္ကိုမလိုက္တဲ့အခါမွာေတာ့ အယူ၀ါဒကြဲျပားမႈေတြနဲ႔အတူ သူတို႔ဘ၀ေတြလည္းရွင္ကြဲကြဲခဲ့ရပါတယ္။

https://www.imdb.com/title/tt6543652/

Sep 28 | Goethe-Institut (19:00)

Puskas Hungary (Hungary)

Puskas ဆိုတာလူသိအမ်ားဆံုးဟန္ေဂရီစကားလံုးလို႔ဆိုၾကပါတယ္။ ဒီစကားလံုးရဲ႕ပိုင္ရွင္ေဘာလံုးသမား Ferenc Puskas ရဲ႕အတၳဳပၸတၱိရုပ္ရွင္မွာေတာ့ သူ႔ရဲ႕ဘ၀ျဖတ္သန္းမႈေတြကိုၾကည့္ၾကရမယ္။ ငယ္ငယ္ေလးကတည္းကေဘာလံုးကြင္းေဘးမွာၾကီးျပင္းလာျပီး ေဘာလံုးနည္းျပျဖစ္သူဖခင္ရဲ႕ေလ့က်င့္ေပးမႈေတြေၾကာင့္ Puskas ဟာငယ္စဥ္ကတည္းကေဘာလံုးအားကစားနဲ႔ရင္းႏွီးခဲ့တယ္။ ဒီကေနတဆင့္ ဟန္ေဂရီလက္ေရြးစင္ Golden Team ရဲ႕ ေခါင္းေဆာင္၊ Real Madrid ရဲ႕ေရွ႕တန္းကစားသမား၊ ဂရိနဲ႔ၾသစေၾတးလ်တုိ႔မွာေအာင္ျမင္တဲ့ ေဘာလံုးနည္းျပျဖစ္တဲ့အထိ တက္လွမ္းႏုိင္ခဲ့တဲ့ဘ၀ေလွကားထစ္ေတြကိုဒီရုပ္ရွင္မွာျမင္ရပါလိမ့္မယ္။

https://www.imdb.com/title/tt0829269/

Sep 28 | Goethe-Institut (21:00)

A Fortunate Man (Denmark)

၁၉ရာစုဒိန္းမတ္ႏုိင္ငံမွာ Per ဆိုတဲ့သိပၸံပညာရွင္ဟာ ေရအားနဲ႔ေလအားသံုးစီမံကိန္းေတြနဲ႔ ကမာၻကိုေျပာင္းလဲပစ္ဖို႔စိတ္ကူးေနသူတေယာက္ပါ။ ေရွးရိုးစြဲခရစ္ယာန္မိသားစုကိုစြန္႔ခြာျပီး ကိုပင္ေဟဂင္မွာသိပၸံပညာသင္ယူဖို႔တေယာက္တည္းထြက္လာခဲ့ပါတယ္။ အဲ့ဒီမွာဆင္းဆင္းရဲရဲပညာသင္ေနရတဲ့ Per ဟာသူ႔အိပ္မက္ေတြကိုကူညီပံ့ပိုးေပးမယ့္ Salomon မိသားစုနဲ႔ေတြ႔ဆံုခဲ့တယ္။ ၾသဇာအာဏာၾကီးမားတဲ့ Salomon မိသားစုရဲ႕အၾကီးဆံုးသမီး Jakobe နဲ႔လက္ထပ္ရင္ သူ႔စီမံကိန္းေတြကိုပံ့ပိုးေပးမယ္ဆိုတဲ့အေပးအယူဟာအရမ္းအေထာက္အကူျဖစ္ေပမယ့္ သူ႔မာနနဲ႔အတိတ္ကျပႆနာေတြေၾကာင့္ ဘ၀မွာအေႏွာင့္အယွက္ေတြျဖစ္လာပါေတာ့တယ္။

https://www.imdb.com/title/tt8436026/

Sep 29 | Nay Pyi Taw Cinema (15:30)

The Human Part (Finland)

Helena, Maija နဲ႔ Pekka တို႔ေမာင္ႏွမ ၃ေယာက္နဲ႔ မိဘေတြၾကားကအျဖစ္အပ်က္ေတြကိုေျပာထားပါတယ္။ Helena ဟာကေလးတေယာက္နဲ႔ရုန္းကန္ေနရတဲ့ single mom ျဖစ္ျပီး Maija ကေတာ့လိင္တူခ်စ္သူတေယာက္ျဖစ္ပါတယ္။ တခ်ိန္ကအရမ္းေအာင္ျမင္ခ်မ္းသာတဲ့ Pekka ကေတာ့အခုျခဴးတျပားမွမရွိေတာ့တဲ့အိမ္ရာမဲ့ျဖစ္ေနပါျပီ။ တေန႔မွာမိဘေတြသူတို႔ျမိဳ႕ကိုရုတ္တရတ္လာလည္တဲ့အခ်ိန္မွာေတာ့ မိဘေတြစိတ္ဆင္းရဲမွာစိုးလို႔ သူတို႔ရဲ႕ဘ၀ကိုဖံုးကြယ္ထားဖို႔ဆံုးျဖတ္လိုက္တယ္။ ဒါေပမယ့္ဘယ္အခ်ိန္အထိဖံုးကြယ္ထားႏုိင္မွာလဲ။ စစခ်င္းမွာဟာသဆန္ဆန္ရိုက္ျပထားေပမယ့္ တျဖည္းျဖည္းဒရာမာဆန္လာျပီး အေၾကာင္းအရာပိုင္းအရလည္းပိုေလးနက္လာပါတယ္။

Sep 29 | Nay Pyi Taw Cinema (18:30)

David Attenborough’s Natural History Museum Alive (UK)

David Attenborough ဟာေဆာင္းတညမွာ လံုျခံဳေရးေတြကိုေရွာင္တိမ္းရင္း လန္ဒန္ျမိဳ႕ကသဘာ၀သမိုင္းျပတုိက္ထဲကို၀င္ေရာက္သြားပါတယ္။ အဲ့ဒီမွာပဲ မ်ိဳးသုဥ္းေနျပီျဖစ္တဲ့သားရဲတိရစာၦန္ၾကီးေတြဟာရုပ္ၾကြင္းဘ၀ကေန အသက္၀င္လႈပ္ရွားလာတာနဲ႔ၾကံဳရတယ္။ အစြယ္ရွည္က်ားၾကီးေတြ၊ ဧရာမေျမြၾကီးေတြနဲ႔ေတြ႔ရသလို Diplodocus ဒိုင္ႏုိေဆာၾကီးနဲ႔လည္းမိတ္ေဆြျဖစ္ခဲ့ပါေသးတယ္။ ဒီဇာတ္လမ္းကေတာ့ သဘာ၀သမိုင္းနဲ႔ပတ္သက္ျပီး ဗဟုသုတအျဖစ္ရိုက္ကူးတင္ဆက္ထားတဲ့ documentary ျဖစ္ပါတယ္။

Sep 29 | Goethe-Institut (14:00)

Crd: EU Film Festival

UNICODE

ဒီအပတ်သောကြာနေ့ကနေတနင်္ဂနွေနေ့အထိပြသသွားမယ့် ဥရောပရုပ်ရှင်ပွဲတော်ကဇာတ်ကားတွေအကြောင်း ပြောပြချင်ပါတယ်။ စနေ တနင်္ဂနွေမှာပွဲချိန်တွေပိုများပြီး တချို့ဇာတ်ကားတွေပြန်ပြပေးတဲ့အတွက် လွတ်သွားတယ်ဆိုရင်ပြန်ကြည့်ဖို့အခွင့်အရေးပါ။ ရုပ်ရှင်အားလုံးဟာအင်္ဂလိပ်စာတန်းထိုးထားပါတယ်။ ပြသမယ့်နေရာတွေဆီ ပွဲမစခင် ၁နာရီလောက်ကြိုသွားပြီးဦးရာလူစနစ်နဲ့ လက်မှတ်တွေကိုအခမဲ့ရယူနိုင်ပါတယ်။

Western (Germany)

ဂျာမန်လူမျိုးဆောက်လုပ်ရေးလုပ်သားတစုဟာ ဘူဂေးရီးယားကျေးရွာတရွာအနားမှာ ရေအားသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နေတုန်း မထင်မှတ်ဘဲကြန့်ကြာမှုတွေဖြစ်သွားခဲ့တယ်။ ခန့်မှန်းထားတဲ့အချိန်ထက်ပိုပြီးနေနေရတဲ့အတွက် ဘာသာစကားမတူညီမှု၊ အကဲဆတ်တဲ့နိုင်ငံရေးအခြေအနေတွေကြောင့် ဆောက်လုပ်ရေးအလုပ်သမားတွေနဲ့ ဘူဂေးရီးယားရွာသားတွေကြားမသင့်မြတ်မှုတွေဖြစ်လာပါတယ်။ ကြမ်းတမ်းတဲ့နယ်စပ်ဒေသမှာ မတူညီတဲ့လူမျိုးစုနှစ်စုကြားကယောကျ်ားတွေရဲ့ပဋိပက္ခဘယ်လောက်အထိကြီးမားလာမှာလဲ။
https://www.imdb.com/title/tt5157326/
Sep 27 | Nay Pyi Taw Cinema (18:30)

Bloody Milk (EU Film Repository)

Pierre ဟာစကားနည်းတဲ့နွားမွေးမြူရေးသမားတယောက်ပါ။ သူတို့ကျေးလက်ဒေသတွေမှာလည်း စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းကြီးတွေတဖြည်းဖြည်းကြီးမားလာပြီး Pierre တို့လိုမိရိုးဖလာမွေးမြူရေးသမားတွေ ရုန်းကန်နေရတဲ့အချိန်ဖြစ်ပါတယ်။ တနေ့မှာသူ့နွားတကောင်ကူးစက်ရောဂါဖြစ်လာတော့ သူ့နွားတွေကိုကူးစက်ရောဂါပိုးဒဏ်ကကာကွယ်ဖို့ကြိုးစားရပါတော့တယ်။ ဒါရိုက်တာ Hubert Charuel ကိုယ်တိုင်ကလယ်သမားတယောက်ရဲ့သားဖြစ်တဲ့အတွက် ပြင်သစ်နိုင်ငံကျေးလက်ကမွေးမြူရေးသမားတွေနဲ့ သူတို့ရဲ့တိရစ္ဆာန်တွေကြားကသံယောဇဉ်ကိုပေါ်လွင်အောင်ရိုက်ကူးတင်ဆက်နိုင်ပါတယ်။
https://www.youtube.com/watch?v=d0xM1ox-tJc
Sep 27 | Goethe-Institut (19:00)

The Circle (Switzerland)

၁၉၄၃ကနေ ၁၉၆ရအထိလိင်တူချစ်သူတွေအခွင့်အရေးအတွက်လှုပ်ရှားကြတဲ့အဖွဲ့အစည်း The Circle ရဲ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကိုအခြေခံထားတဲ့ဇာတ်ကားပါ။ ကျောင်းဆရာဖြစ်သူ Ernst Ostertag ဟာဒီအဖွဲ့အစည်းထဲဝင်ရောက်ခဲ့ပြီးနောက် Robi Rapp ဆိုတဲ့ drag star နဲ့ချစ်သူတွေဖြစ်သွားခဲ့တယ်။ Robi အတွက်တော့ Ernst ဟာဘဝမှာပထမဆုံးအကြိမ်လေးလေးနက်နက်ချစ်ရတဲ့သူဖြစ်ပြီး Ernst ကတော့ သူ့လိင်သဘာဝနဲ့ မိန်းကလေးသီးသန့်ကျောင်းကကျောင်းဆရာဘဝတို့ကြားရွေးချယ်ရတော့မယ့် အခြေအနေဖြစ်လာပါတယ်။ ဒီဇာတ်ကားမှာတကယ့်သမိုင်းဝင်ဓာတ်ပုံတွေ၊ တကယ်ရှိခဲ့တဲ့ Ernst နဲ့ Robi တို့ရဲ့အင်တာဗျူးတွေလည်းပါဝင်ပါတယ်။
https://www.imdb.com/title/tt3148952/
Sep 27 | Goethe-Institut (21:00)
Sep 29 | Goethe-Institut (11:00)

Tulipani: Love, Honour and a Bicycle (The Netherlands)

Montreal မှာနေထိုင်တဲ့ Anna ဟာသူ့မိခင်ရဲ့အရိုးပြာကိုသူမရဲ့ဇာတိဖြစ်တဲ့အီတလီနိုင်ငံတောင်ပိုင်းက မြို့လေးမှာမြှုပ်နှံပေးဖို့အီတလီကိုခရီးထွက်လာခဲ့တယ်။ သူမရဲ့ဖခင်ဖြစ်သူ Gauke ဟာအီတလီနိုင်ငံမှာ လာရောက်အခြေချတဲ့ ဒတ်ချ်လူမျိုးတယောက်ဖြစ်ပါတယ်။ ကျူးလစ်ပန်းတွေစိုက်ပျိုးတဲ့လုပ်ငန်းလုပ်ပြီး အောင်မြင်လာတဲ့အခါ ဒေသခံလူဆိုးဂိုဏ်းတဂိုဏ်းရဲ့အနိုင်ကျင့်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ Anna ဟာ သူ့အမေရဲ့အရိုးပြာကိုမြှုပ်ဖို့ဇာတိမြို့ကိုရောက်လာတဲ့အခါမှာတော့ သူ့ဖခင်ပျောက်ဆုံးသွားရခြင်းရဲ့အဓိကအကြောင်းရင်းကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။
https://www.imdb.com/title/tt4121610/
Sep 28 | Nay Pyi Taw Cinema (15:30)

Sink or Swim (France)

အသက် ၄ဝအရွယ် Bertrand ဟာစိတ်ဓာတ်ကျနေတဲ့အလုပ်လက်မဲ့တယောက်ပါ။ တနေ့တနေ့ဖုန်းနဲ့ဂိမ်းကစားရင်းအချိန်ကုန်နေတဲ့သူဟာ သတင်းစာထဲအမျိုးသားသရုပ်ပြရေကူးအသင်းအတွက် လူရှာနေကြောင်းကြော်ငြာတွေ့လိုက်ရတော့ အသင်းဝင်ဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့အဖွဲ့ဟာနော်ဝေနိုင်ငံမှာကျင်းပမယ့် World Championships မှာဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်မိရာကနေ ဘဝနဲ့ချီတဲ့အပြောင်းအလဲတွေစတင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲသက်လတ်ပိုင်းရောက်နေတဲ့အမျိုးသားတွေဟာ သူတို့ရဲ့ငြီးငွေ့စရာဘဝတွေကနေ ရုန်းထွက်ရင်းအတွေ့အကြုံသစ်အမြင်သစ်တွေရလာပါတော့တယ်။
https://www.imdb.com/title/tt7476116/
Sep 28 | Nay Pyi Taw Cinema (18:30)

Jill, Joy and the Sleeping Clock (Finland)

ကလေးများအတွက်ရည်ရွယ်တဲ့ဒီရုပ်ရှင်မှာတော့ Jill နဲ့ Joy ဆိုတဲ့ကောင်မလေး ၂ယောက်ကို ထူးထူးဆန်းဆန်းစက်ပစ္စည်းတွေကိုပြုလုပ်တတ်တဲ့တီထွင်ပါရဂူ Gadgetus ကိုကြည့်ရှုစောင့်ရှောက်ပေးဖို့ အိမ်နီးချင်းတွေကအကူအညီတောင်းတယ်။ သူတို့ဟာ Gadgetus တီထွင်ထားတဲ့စက်ပစ္စည်းတွေနဲ့ပြည့်နေတဲ့ခြံကိုလည်းလည်ပတ်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်ဒီခြံလေးဖျက်ဆီးခံရတော့မယ့်အန္တရာယ်နဲ့ကြုံတွေ့လာရချိန်မှာတော့ သူငယ်ချင်း ၂ယောက်လည်းအိမ်နီးချင်းတွေရဲ့အကူအညီနဲ့ခြံကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။
https://www.youtube.com/watch?v=5JuiTJyxU04
Sep 28 | Goethe-Institut (11:00)

Tiger Theory (Czech Republic)

ဒီဇာတ်လမ်းမှာတော့ ချက်လူမျိုးတွေရဲ့ထုံးတမ်းစဉ်လာတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကို ဟာသလေးနှောပြီးတင်ဆက်ထားတယ်။ အဓိကဇာတ်လိုက် Olga ရဲ့မိခင်ကသူ့ရဲ့ခင်ပွန်းကွယ်လွန်သွားတဲ့အခါမှာ သူမအိမ်ဘေးမှာပဲမြှုပ်နှံဖို့စီစဉ်ပါတယ်။ Olga ရဲ့ဖခင်ကသူသေရင်မီးသဂြိုဟ်ပေးပါလို့မှာသွားတဲ့အတွက် Olga ဟာသူ့အမေရဲ့ဆန္ဒကိုသဘောမတူပါဘူး။ Olga ရဲ့အမျိုးသား Jan ကလည်းဇနီးဖြစ်သူဘက်ကပါခဲ့ပေမယ့် မိသားစုအရေးတွေမှာသူတို့ယောကျ်ားတွေ ဝင်မပါတာအကောင်းဆုံးပဲဆိုတာသိလာပါတယ်။ ဒီလိုနဲ့ပဲအမေနဲ့သမီးမသင့်မြတ်မှုလေးတွေဖြစ်လာသလို ယောက္ခမနဲ့သမက်ကြားမှာလည်းအဖုအထစ်တွေရှိလာပါတယ်။
https://www.youtube.com/watch?v=hpnJzDZeE7s
Sep 28 | Goethe-Institut (16:00)

Cold War (Poland)

အော်စကာဆုရဒါရိုက်တာ Pawel Pawlikowski ရဲ့အဖြူအမည်းစတိုင်ရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာဖိနှိမှု၊ လွတ်လပ်ရေးနဲ့ မဆုံနိုင်တဲ့ချစ်ခြင်းတွေအကြောင်းရေးစပ်ထားတဲ့ကဗျာတပုဒ်နဲ့တူတယ်။ ဒုတိယကမ္ဘာစစ်ကပေးတဲ့အမာရွတ်တွေကို ၁၉၄၉ခုနှစ် ပိုလန်နိုင်ငံမှာလတ်လတ်ဆတ်ဆတ်မြင်နေရဆဲပါ။ ဂီတပညာရှင် Wiktor တို့အဖွဲ့ဟာကျေးလတ်နေပြည်သူတွေရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝအကြောင်းရေးစပ်ဖို့ ပိုလန်ကျေးလတ်ဒေသတွေကိုလျှောက်လည်ရင်းကုန်ကြမ်းရှာပါတယ်။ လျှို့ဝှက်တဲ့အတိတ်နဲ့မိန်းမချောလေး Zula ဟာ Wiktor တို့အဖွဲ့ရဲ့ပင်တိုင်အဆိုတော်ဖြစ်လာတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ချစ်မိသွားခဲ့တယ်။ အဲ့ဒီအချိန်ဟာပိုလန်နိုင်ငံမှာကွန်မြူနစ်အတွေးအခေါ်တွေခေါင်းထောင်လာပါတယ်။ နိုင်ငံတော်ပါတီက Wiktor တို့ဂီတဝိုင်းကိုဝါဒဖြန့်တဲ့နေရာမှာအသုံးချဖို့ကြိုးစားလာတဲ့အခါမှာ Wiktor ဟာအနောက်နိုင်ငံတွေကိုထွက်ပြေးဖို့ဆုံးဖြတ်လိုက်တယ်။ Zula ကသူ့နောက်ကိုမလိုက်တဲ့အခါမှာတော့ အယူဝါဒကွဲပြားမှုတွေနဲ့အတူ သူတို့ဘဝတွေလည်းရှင်ကွဲကွဲခဲ့ရပါတယ်။
https://www.imdb.com/title/tt6543652/
Sep 28 | Goethe-Institut (19:00)

Puskas Hungary (Hungary)

Puskas ဆိုတာလူသိအများဆုံးဟန်ဂေရီစကားလုံးလို့ဆိုကြပါတယ်။ ဒီစကားလုံးရဲ့ပိုင်ရှင်ဘောလုံးသမား Ferenc Puskas ရဲ့အတ္ထုပ္ပတ္တိရုပ်ရှင်မှာတော့ သူ့ရဲ့ဘဝဖြတ်သန်းမှုတွေကိုကြည့်ကြရမယ်။ ငယ်ငယ်လေးကတည်းကဘောလုံးကွင်းဘေးမှာကြီးပြင်းလာပြီး ဘောလုံးနည်းပြဖြစ်သူဖခင်ရဲ့လေ့ကျင့်ပေးမှုတွေကြောင့် Puskas ဟာငယ်စဉ်ကတည်းကဘောလုံးအားကစားနဲ့ရင်းနှီးခဲ့တယ်။ ဒီကနေတဆင့် ဟန်ဂေရီလက်ရွေးစင် Golden Team ရဲ့ ခေါင်းဆောင်၊ Real Madrid ရဲ့ရှေ့တန်းကစားသမား၊ ဂရိနဲ့သြစတြေးလျတို့မှာအောင်မြင်တဲ့ ဘောလုံးနည်းပြဖြစ်တဲ့အထိ တက်လှမ်းနိုင်ခဲ့တဲ့ဘဝလှေကားထစ်တွေကိုဒီရုပ်ရှင်မှာမြင်ရပါလိမ့်မယ်။
https://www.imdb.com/title/tt0829269/
Sep 28 | Goethe-Institut (21:00)

A Fortunate Man (Denmark)

၁၉ရာစုဒိန်းမတ်နိုင်ငံမှာ Per ဆိုတဲ့သိပ္ပံပညာရှင်ဟာ ရေအားနဲ့လေအားသုံးစီမံကိန်းတွေနဲ့ ကမ္ဘာကိုပြောင်းလဲပစ်ဖို့စိတ်ကူးနေသူတယောက်ပါ။ ရှေးရိုးစွဲခရစ်ယာန်မိသားစုကိုစွန့်ခွာပြီး ကိုပင်ဟေဂင်မှာသိပ္ပံပညာသင်ယူဖို့တယောက်တည်းထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာဆင်းဆင်းရဲရဲပညာသင်နေရတဲ့ Per ဟာသူ့အိပ်မက်တွေကိုကူညီပံ့ပိုးပေးမယ့် Salomon မိသားစုနဲ့တွေ့ဆုံခဲ့တယ်။ သြဇာအာဏာကြီးမားတဲ့ Salomon မိသားစုရဲ့အကြီးဆုံးသမီး Jakobe နဲ့လက်ထပ်ရင် သူ့စီမံကိန်းတွေကိုပံ့ပိုးပေးမယ်ဆိုတဲ့အပေးအယူဟာအရမ်းအထောက်အကူဖြစ်ပေမယ့် သူ့မာနနဲ့အတိတ်ကပြဿနာတွေကြောင့် ဘဝမှာအနှောင့်အယှက်တွေဖြစ်လာပါတော့တယ်။
https://www.imdb.com/title/tt8436026/
Sep 29 | Nay Pyi Taw Cinema (15:30)

The Human Part (Finland)

Helena, Maija နဲ့ Pekka တို့မောင်နှမ ၃ယောက်နဲ့ မိဘတွေကြားကအဖြစ်အပျက်တွေကိုပြောထားပါတယ်။ Helena ဟာကလေးတယောက်နဲ့ရုန်းကန်နေရတဲ့ single mom ဖြစ်ပြီး Maija ကတော့လိင်တူချစ်သူတယောက်ဖြစ်ပါတယ်။ တချိန်ကအရမ်းအောင်မြင်ချမ်းသာတဲ့ Pekka ကတော့အခုခြူးတပြားမှမရှိတော့တဲ့အိမ်ရာမဲ့ဖြစ်နေပါပြီ။ တနေ့မှာမိဘတွေသူတို့မြို့ကိုရုတ်တရတ်လာလည်တဲ့အချိန်မှာတော့ မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ သူတို့ရဲ့ဘဝကိုဖုံးကွယ်ထားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်ဘယ်အချိန်အထိဖုံးကွယ်ထားနိုင်မှာလဲ။ စစချင်းမှာဟာသဆန်ဆန်ရိုက်ပြထားပေမယ့် တဖြည်းဖြည်းဒရာမာဆန်လာပြီး အကြောင်းအရာပိုင်းအရလည်းပိုလေးနက်လာပါတယ်။
https://www.youtube.com/watch?v=JklpBlLHn5Q
Sep 29 | Nay Pyi Taw Cinema (18:30)

David Attenborough’s Natural History Museum Alive (UK)

David Attenborough ဟာဆောင်းတညမှာ လုံခြုံရေးတွေကိုရှောင်တိမ်းရင်း လန်ဒန်မြို့ကသဘာဝသမိုင်းပြတိုက်ထဲကိုဝင်ရောက်သွားပါတယ်။ အဲ့ဒီမှာပဲ မျိုးသုဉ်းနေပြီဖြစ်တဲ့သားရဲတိရစ္ဆာန်ကြီးတွေဟာရုပ်ကြွင်းဘဝကနေ အသက်ဝင်လှုပ်ရှားလာတာနဲ့ကြုံရတယ်။ အစွယ်ရှည်ကျားကြီးတွေ၊ ဧရာမမြွေကြီးတွေနဲ့တွေ့ရသလို Diplodocus ဒိုင်နိုဆောကြီးနဲ့လည်းမိတ်ဆွေဖြစ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းကတော့ သဘာဝသမိုင်းနဲ့ပတ်သက်ပြီး ဗဟုသုတအဖြစ်ရိုက်ကူးတင်ဆက်ထားတဲ့ documentary ဖြစ်ပါတယ်။
https://www.youtube.com/watch?v=rWS-lDLQmmA
Sep 29 | Goethe-Institut (14:00)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here