https://www.burmaboating.com/dallinghoo
Advertisement

Burma Boating ကျမိတ္ကၽြန္းစုတ၀ိုက္ကိုရြက္ေလွနဲ႔လည္ပတ္ရင္း ေရငုပ္တဲ့အစီအစဥ္ကိုစတင္ေတာ့မွာပါ။

SY Dallinghoo လို႔ နာမည္ေပးထားတဲ့ မီတာ ၃၀ အရွည္ရွိျပီး ေရွးဆန္တဲ့ဒီဇိုင္းနဲ႔ ဒီရြြက္ေလွက အေမရိကန္ နာမည္ၾကီးရြြက္ေလွဖန္တီးရွင္ Dudley Dix ရဲ႕ လက္ရာျဖစ္ပါတယ္။

ဒီရြြက္ေလွက ၂၀၁၉ ႏုိဝင္ဘာလကေန ေနာက္ႏွစ္ဧျပီလအထိ ေကာ့ေသာင္းျမိဳ႕ကေန ျမတ္ကြ်န္းစုကို တစ္လတစ္ခါ ရြက္လႊင့္သြားမွာျဖစ္ပါတယ္။ တစ္ခါထြက္ရင္ ရွစ္ရက္၊ ခုႏွစ္ညအိပ္ ခရီးျဖစ္ျပီး ဒီခရီးစဥ္မွာ ကြ်မ္းက်င္ေရငုပ္သမား အမ်ားဆုံးရွစ္ေယာက္လိုက္ပါႏုိင္ပါတယ္။

“ဒီလို ရြက္လႊင့္ျပီး ေရငုပ္သြားတဲ့ ခရီးစဥ္ (Sail & Dive) မွာ အရမ္းကိုထူးျခားတဲ့အေတြ႔အၾကံဳကို ရေစခ်င္ပါတယ္။ လူမသိေသးတဲ့ နိဗြာန္ဘုံလို႔ တင္စားရတဲ့ အရမ္းလွတဲ့ ျမိတ္ကြ်န္းစုလိုေနရာေလးေတြ ဒီကမၻာမွာ ရွိေနေသးပါတယ္။ ဒီရြက္သေဘာၤက ခရီးသည္ေတြ သက္ေတာင့္သက္သာျဖစ္ေစမယ့္အျပင္ dinner ကိုလည္းေကာင္းေကာင္းေလး စီစဥ္ေပးထားပါတယ္။ ျပီးေတာ့ အနည္းဆုံးငါးေနရာေလာက္မွာ သႏၱာေက်ာက္တန္းေတြနဲ႔ေရသတၱ၀ါေတြကိုလည္း  ေရငုပ္ၾကည့္ျပီးအနီးကပ္ၾကည့္ရႈေလ့လာႏုိင္ေအာင္ ခရီးစဥ္တစ္ေလွ်ာက္အနည္းဆုံးငါးေနရာေလာက္ျပီးမွာ ရပ္ေပးသြားမွာပါ” လို႔ Burma Boating အဖြဲ႔ေခါင္းဆာင္ Michael Cole ကေျပာပါတယ္။

ပင္လယ္ဂ်စ္ပစီလို႔လူသိမ်ားတဲ့ ငါးဖမ္းျပီးအသက္ေမြးၾကတဲ့ Moken လူမိ်ဳးစုတို႔ေနထိုင္ၾကတဲ့ ဒီျမိတ္ကြ်န္းစုက ျမန္မာျပည္ေတာင္ပိုင္း၊ အက္ဒါမန္ပင္လယ္ကမ္းရိုးတန္းမွာ ရွိေနပါတယ္။ ကြ်န္းေပါင္း ၈၀၀ေက်ာ္၊ သႏၱာေက်ာက္တန္းေတြရွိတဲ့ ဒီျမိတ္ကြ်န္းစုကို ခရီးသြားေတြ ဝင္ခြင့္မရေအာင္ ႏွစ္ေတြအၾကာၾကီးပိတ္ပင္ထားခဲ့ဖူးပါတယ္။ အခုေတာ့လည္း အဲဒီေနရာကို အကန္႔အသတ္စနစ္နဲ႔ ခရီးသြားလာခြင့္ရေနျပီျဖစ္ျပီး ဟိုတယ္ငါးခုဖြင့္လွစ္ျပီးပါျပီ။

ဒီကြ်န္းစုေတြအတြက္ ခရီးသြားလာေရးလုပ္ငန္းကို ေရွ႕ေဆာင္စတင္လုပ္ေဆာင္ခဲ့တဲ့လုပ္ငန္းေတြထဲမွွာ Memories Group ကလည္းတစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒီစီးပြားေရးလုပ္ငန္းစုက ျမန္မာျပည္အႏွံ႔ ဟိုတယ္ေတြကိုဖြင့္လွစ္လုပ္ကိုင္ေနျပီး သူတို႔ရဲ႕ မီးပုံးပ်ံနဲ႔ ပုဂံကိုေဝဟင္ကေန လိုက္ၾကည့္လို႔ရတဲ့ Balloons Over Bagan ကလည္း နာမည္ၾကီးပါတယ္။ Memories Group က Burma Boating ဆိုတဲ့ ရြက္ေလွခရီးသြားလုပ္ငန္းကို ၂၀၁၈တုန္းက စတင္ခဲ့ျပီး အဲဒီ ကြ်န္းစုကြ်န္းတစ္ကြ်န္းမွာ Awei Pila ဆိုတဲ့ ဟိုတယ္လည္း ထပ္ဖြင့္ထားပါတယ္။ ယခင္ႏွစ္ဒီဇင္ဘာမွာ စတင္ခဲ့တဲ့ဒီ Awei Pila ဟိုတယ္က အခုႏွစ္ဆန္းပိုင္းကေလာက္ကစျပီး ျမိတ္ကြ်န္းစုမွာ ပထမဆုံးေရငုပ္စင္တာကို ဖြင့္လွစ္ခဲ့ျပီး PADI အသိအမွတ္ျပဳ beginners သင္တန္းကိုေပးေနပါတယ္။

ဒီ Sail & Dive ရြက္ေလွအဖြဲ႔ကေန အပတ္တုိင္း ျမိတ္ကြ်န္းစုတဝိုက္မွာ ရြက္လႊင့္ျပီး ေလ့လာေရးခရီးေတြကို စီစဥ္ေပးေနပါတယ္။

ဒီခရီးစဥ္ေတြကို www.burmaboating.com နဲ႔ [email protected] မွာေမးျမန္းစံုစမ္းလို႔ရပါတယ္။

By Gam Seng Maw

Unicode

Burma Boating ကမြိတ်ကျွန်းစုတဝိုက်ကိုရွက်လှေနဲ့လည်ပတ်ရင်း ရေငုပ်တဲ့အစီအစဉ်ကိုစတင်တော့မှာပါ။
SY Dallinghoo လို့ နာမည်ပေးထားတဲ့ မီတာ ၃၀ အရှည်ရှိပြီး ရှေးဆန်တဲ့ဒီဇိုင်းနဲ့ ဒီရွက်လှေက အမေရိကန် နာမည်ကြီးရွက်လှေဖန်တီးရှင် Dudley Dix ရဲ့ လက်ရာဖြစ်ပါတယ်။

ဒီရွက်လှေက ၂၀၁၉ နိုဝင်ဘာလကနေ နောက်နှစ်ဧပြီလအထိ ကော့သောင်းမြို့ကနေ မြတ်ကျွန်းစုကို တစ်လတစ်ခါ ရွက်လွှင့်သွားမှာဖြစ်ပါတယ်။ တစ်ခါထွက်ရင် ရှစ်ရက်၊ ခုနှစ်ညအိပ် ခရီးဖြစ်ပြီး ဒီခရီးစဉ်မှာ ကျွမ်းကျင်ရေငုပ်သမား အများဆုံးရှစ်ယောက်လိုက်ပါနိုင်ပါတယ်။

“ဒီလို ရွက်လွှင့်ပြီး ရေငုပ်သွားတဲ့ ခရီးစဉ် (Sail & Dive) မှာ အရမ်းကိုထူးခြားတဲ့အတွေ့အကြုံကို ရစေချင်ပါတယ်။ လူမသိသေးတဲ့ နိဗွာန်ဘုံလို့ တင်စားရတဲ့ အရမ်းလှတဲ့ မြိတ်ကျွန်းစုလိုနေရာလေးတွေ ဒီကမ္ဘာမှာ ရှိနေသေးပါတယ်။ ဒီရွက်သဘောၤက ခရီးသည်တွေ သက်တောင့်သက်သာဖြစ်စေမယ့်အပြင် dinner ကိုလည်းကောင်းကောင်းလေး စီစဉ်ပေးထားပါတယ်။ ပြီးတော့ အနည်းဆုံးငါးနေရာလောက်မှာ သန္တာကျောက်တန်းတွေနဲ့ရေသတ္တဝါတွေကိုလည်း ရေငုပ်ကြည့်ပြီးအနီးကပ်ကြည့်ရှုလေ့လာနိုင်အောင် ခရီးစဉ်တစ်လျှောက်အနည်းဆုံးငါးနေရာလောက်ပြီးမှာ ရပ်ပေးသွားမှာပါ” လို့ Burma Boating အဖွဲ့ခေါင်းဆာင် Michael Cole ကပြောပါတယ်။

ပင်လယ်ဂျစ်ပစီလို့လူသိများတဲ့ ငါးဖမ်းပြီးအသက်မွေးကြတဲ့ Moken လူမျိုးစုတို့နေထိုင်ကြတဲ့ ဒီမြိတ်ကျွန်းစုက မြန်မာပြည်တောင်ပိုင်း၊ အက်ဒါမန်ပင်လယ်ကမ်းရိုးတန်းမှာ ရှိနေပါတယ်။ ကျွန်းပေါင်း ၈၀၀ကျော်၊ သန္တာကျောက်တန်းတွေရှိတဲ့ ဒီမြိတ်ကျွန်းစုကို ခရီးသွားတွေ ဝင်ခွင့်မရအောင် နှစ်တွေအကြာကြီးပိတ်ပင်ထားခဲ့ဖူးပါတယ်။ အခုတော့လည်း အဲဒီနေရာကို အကန့်အသတ်စနစ်နဲ့ ခရီးသွားလာခွင့်ရနေပြီဖြစ်ပြီး ဟိုတယ်ငါးခုဖွင့်လှစ်ပြီးပါပြီ။

ဒီကျွန်းစုတွေအတွက် ခရီးသွားလာရေးလုပ်ငန်းကို ရှေ့ဆောင်စတင်လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းတွေထဲမှာ Memories Group ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီစီးပွားရေးလုပ်ငန်းစုက မြန်မာပြည်အနှံ့ ဟိုတယ်တွေကိုဖွင့်လှစ်လုပ်ကိုင်နေပြီး သူတို့ရဲ့ မီးပုံးပျံနဲ့ ပုဂံကိုဝေဟင်ကနေ လိုက်ကြည့်လို့ရတဲ့ Balloons Over Bagan ကလည်း နာမည်ကြီးပါတယ်။ Memories Group က Burma Boating ဆိုတဲ့ ရွက်လှေခရီးသွားလုပ်ငန်းကို ၂၀၁၈တုန်းက စတင်ခဲ့ပြီး အဲဒီ ကျွန်းစုကျွန်းတစ်ကျွန်းမှာ Awei Pila ဆိုတဲ့ ဟိုတယ်လည်း ထပ်ဖွင့်ထားပါတယ်။ ယခင်နှစ်ဒီဇင်ဘာမှာ စတင်ခဲ့တဲ့ဒီ Awei Pila ဟိုတယ်က အခုနှစ်ဆန်းပိုင်းကလောက်ကစပြီး မြိတ်ကျွန်းစုမှာ ပထမဆုံးရေငုပ်စင်တာကို ဖွင့်လှစ်ခဲ့ပြီး PADI အသိအမှတ်ပြု beginners သင်တန်းကိုပေးနေပါတယ်။

ဒီ Sail & Dive ရွက်လှေအဖွဲ့ကနေ အပတ်တိုင်း မြိတ်ကျွန်းစုတဝိုက်မှာ ရွက်လွှင့်ပြီး လေ့လာရေးခရီးတွေကို စီစဉ်ပေးနေပါတယ်။

ဒီခရီးစဉ်တွေကို www.burmaboating.com နဲ့ [email protected] မှာမေးမြန်းစုံစမ်းလို့ရပါတယ်။

By Gam Seng Maw

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here