၇ႀကိမ္ေျမာက္ Myanmar International Fashion Week ကို The Central Boulevard Yangon မွာ ဒီဇင္ဘာ ၂၀ရက္ေန႔ကေန ၂၂ရက္ေန႔အထိက်င္းပခဲ့ပါတယ္။
Stars & Models Int’l Yangon ကိုတည္ေထာင္သူ ဂြၽန္လြင္စီစဥ္တဲ့ဒီပြဲဟာ ႏွစ္စဥ္က်င္းပေလ့႐ွိၿပီးျမန္မာႏုိင္ငံရဲ႕အႀကီးဆံုးဖက္႐ွင္႐ႈိးလို႔လည္းေျပာလို႔ရပါတယ္။ ေအဂ်င္စီရဲ႕ေမာ္ဒယ္ေတြနဲ႔အဆင့္အတန္းျမင့္ဖက္႐ွင္ဒီဇိုင္းေတြအျပင္ နာမည္ႀကီးအႏုပညာ႐ွင္ေတြရဲ႕ေဖ်ာ္ေျဖမႈေတြကိုပါတင္ဆက္ျပသေလ့႐ွိပါတယ္။
ဒီႏွစ္မွာလည္းမိုးေဟကို၊ ေအာင္ရဲလင္း၊ အြန္ဆိုင္းတုိ႔အပါအ၀င္ ျမန္မာႏိုင္ငံရဲ႕နာမည္ႀကီးသ႐ုပ္ေဆာင္ေမာ္ဒယ္ေတြက ျပည္တြင္းျပည္ပဖက္႐ွင္ဒီဇိုင္နာ ၉ေယာက္ရဲ႕၀တ္စံုေတြကို၀တ္ဆင္ျပသသြားခဲ့ပါတယ္။ နာမည္ႀကီးေမာ္ဒယ္ေတြအျပင္ Stars and Models Int’l ရဲ႕တက္သစ္စေမာ္ဒယ္ေတြကိုပါပြဲထုတ္သြားခဲ့ပါတယ္။
ဒါ့အျပင္ျဖဴျဖဴေက်ာ္သိန္း၊ နီနီခင္ေဇာ္၊ Ar-T၊ ၿဖိဳးျပည့္စံုတုိ႔လိုနာမည္ႀကီးအဆုိေတာ္ေတြရဲ႕ေဖ်ာ္ေျဖမႈေတြကိုလည္းတင္ဆက္ခဲ့ပါတယ္။ လက္မွတ္ေတြကိုပြဲမစခင္တလေလာက္ကတည္းက လူထုၾကားအခမဲ့ျဖန္႔ေ၀ေပးခဲ့တာပါ။
Photo source: Myanmar Int’l Fashion Week by John Lwin
Unicode
၇ကြိမ်မြောက် Myanmar International Fashion Week ကို The Central Boulevard Yangon မှာ ဒီဇင်ဘာ ၂၀ရက်နေ့ကနေ ၂၂ရက်နေ့အထိကျင်းပခဲ့ပါတယ်။
Stars & Models Int’l Yangon ကိုတည်ထောင်သူ ဂျွန်လွင်စီစဉ်တဲ့ဒီပွဲဟာ နှစ်စဉ်ကျင်းပလေ့ရှိပြီးမြန်မာနိုင်ငံရဲ့အကြီးဆုံးဖက်ရှင်ရှိုးလို့လည်းပြောလို့ရပါတယ်။ အေဂျင်စီရဲ့မော်ဒယ်တွေနဲ့အဆင့်အတန်းမြင့်ဖက်ရှင်ဒီဇိုင်းတွေအပြင် နာမည်ကြီးအနုပညာရှင်တွေရဲ့ဖျော်ဖြေမှုတွေကိုပါတင်ဆက်ပြသလေ့ရှိပါတယ်။
ဒီနှစ်မှာလည်းမိုးဟေကို၊ အောင်ရဲလင်း၊ အွန်ဆိုင်းတို့အပါအဝင် မြန်မာနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်မော်ဒယ်တွေက ပြည်တွင်းပြည်ပဖက်ရှင်ဒီဇိုင်နာ ၉ယောက်ရဲ့ဝတ်စုံတွေကိုဝတ်ဆင်ပြသသွားခဲ့ပါတယ်။ နာမည်ကြီးမော်ဒယ်တွေအပြင် Stars and Models Int’l ရဲ့တက်သစ်စမော်ဒယ်တွေကိုပါပွဲထုတ်သွားခဲ့ပါတယ်။
ဒါ့အပြင်ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ Ar-T၊ ဖြိုးပြည့်စုံတို့လိုနာမည်ကြီးအဆိုတော်တွေရဲ့ဖျော်ဖြေမှုတွေကိုလည်းတင်ဆက်ခဲ့ပါတယ်။ လက်မှတ်တွေကိုပွဲမစခင်တလလောက်ကတည်းက လူထုကြားအခမဲ့ဖြန့်ဝေပေးခဲ့တာပါ။
Photo source: Myanmar Int’l Fashion Week by John Lwin