ခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၅)
မြန်မာနိုင်ငံတော်အစိုးရက ခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ ကိုထုတ်ပြန်လိုက်ပါတယ်။ Tourism Master Plan (2013-2020 ကိုအခြေခံတဲ့ဒီမဟာဗျူဟာဟာ Covid-19 ကပ်ရောဂါဖြစ်ပွားဆဲကာလမှာ ခရီးသွားလုပ်ငန်းကဏ္ဍကိုပြန်လည်ကုစားဖို့ UNWTO Global Guidelines to Restart Tourism ရဲ့လမ်းညွှန်ချက်တွေနဲ့အညီရေးဆွဲထားခြင်းဖြစ်ပါတယ်။ Tourism Master Plan ရဲ့ထောက်တိုင် ၆ရပ်ကိုကျယ်ပြန့်စွာအသုံးချရင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးကခရီးသွားကော်မတီတွေအနေနဲ့ ၎င်းတို့ရဲ့နယ်မြေဒေသနဲ့ကိုက်ညီတဲ့ခရီးသွားလုပ်ငန်းဆိုင်ရာစည်းမျဉ်းတွေရေးဆွဲရာမှာ အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီမဟာဗျူဟာမှာအောက်ပါအချက်တွေပါဝင်ပါတယ်။ · ...
AYA SOMPO နှင့် Oway တို့မှခရီးသွားအာမခံများမိတ်ဆက်
၂၀၂၁ခုနှစ်အတွက် AYA SOMPO Insurance (AYA SOMPO) နဲ့ Oway Pte Ltd တို့ပူးပေါင်းပြီး ပြည်တွင်းပြည်ပခရီးသွားလာရေးမှာလုံခြုံစိတ်ချမှုရှိစေဖို့ ခရီးသွားအာမခံတွေကိုမိတ်ဆက်ခဲ့ပါတယ်။ မြန်မာ့ပထမဆုံးအလုံးစုံခရီးသွားအာမခံတွေဖြစ်တဲ့ AYA Go နဲ့ AYA Joy ဟာလမ်းခရီးတလျှောက်ခရီးသည်တွေကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုတွေကနေကာကွယ်ပေးသွားမှာဖြစ်ပါတယ်။ AYA Joy ကပြည်ပခရီးသွားတွေအတွက်ရည်ရွယ်ပြီး ခရီးဆောင်အိတ်ပျောက်ဆုံးခြင်း၊ လေယာဉ်နောက်ကျမှုကြောင့်ဖြစ်တတ်တဲ့ဆုံးရှုံးနစ်နာမှုများ၊ မတော်တဆမှုများ၊ ဆေးရုံတက်ကုသခြင်း၊ ဆေးကုသမှုနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်များ၊ လမ်းခရီးမှာမတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရခြင်း...
အမှိုက်ကရွှေဖြစ် Eco-brick
ကျမတို့ရဲ့ပတ်ဝန်းကျင်မှာဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက်ပလတ်စတစ်အမှိုက်တွေကိုတွေ့နေရပါတယ်။ လမ်းတွေပေါ်မှာတင်မကဘဲ ကျမတို့စားနေတဲ့ပင်လယ်စာတွေထဲမှာတောင်ပလတ်စတစ်တွေက နေရာယူထားပါပြီ။ ပလတ်စတစ်ကိုလုံးဝအသုံးမပြုဘဲနေဖို့ကလည်းမလွယ်ပါဘူး။ ဒီအခြေအနေမှာပလတ်စတစ်အကြွင်းအကျန်တွေကိုစည်းမဲ့ကမ်းမဲ့လွှင့်ပစ်မယ့်အစား ပုံစံတမျိုးနဲ့ပြုပြင်သုံးစွဲနိုင်မယ့်နည်းလမ်းတွေကိုရှာဖွေခဲ့ကြတယ်။ Eco-brick ဟာထူထဲတဲ့ပလတ်စတစ်ဘူးတွေကို အုတ်နံရံတွေအဖြစ်အစားထိုးအသုံးပြုတဲ့နည်းလမ်းတခုပါ။ ပလတ်စတစ်တွေဟာာအကြမ်းခံသလို မိုးဒဏ်ရေဒဏ်ကိုလည်းကောင်းကောင်းခံနိုင်ရည်ရှိပါတယ်။ ပြည်တွင်းပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Badana Aid Foundation ဟာ eco-brick တွေအသုံးပြုပြီး ကျောင်း ၂ကျောင်းဆောက်ပေးထားတယ်။ ပထမကျောင်းက ပုဂံတောင်ပိုင်းမှာရှိတဲ့ နာဂျိုအေး (Na Jo Ai) ရွာစာသင်ကျောင်းဖြစ်ပြီး ၂၀၁၆ခုနှစ်မှာအပြီးသတ်ပါတယ်။...
Online စာအုပ်အရောင်းပွဲတော်အဖြစ်ကျင်းပသွားမယ့် Big Bad Wolf
Big Bad Wolf Book Sale ဟာ မြန်မာနိုင်ငံမှာ စတုတ္ထအကြိမ်မြောက်စာအုပ်အရောင်းပွဲတော်ကို ဒီဇင်ဘာ ၂၃ ရက် မှ ၃၀ ရက် အထိ ၈ ရက်တိုင်တိုင်ကျင်းပသွားမယ်လို့သိရပါတယ်။ Covid-19 ဖြစ်ပွားနေတဲ့ကာလအတွင်း စာအုပ်များကို လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်ရန်အတွက် Big Bad Wolf ရဲ့တရားဝင် website မှ...
Quarantine centre ရောက်အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများလှူးဒါန်းနိုင်
Covid-19 ဖြစ်ပွားနေချိန်မှာ quarantine centre တွေမှာရောက်နေတဲ့အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်းတွေမလောက်ငှတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ နိုင်ငံတဝှမ်းကစေတနာရှင်တွေဟာ အစားအသောက်၊ ဆပ်ပြာ၊ သွားတိုက်တံစတဲ့လှူဖွယ်ပစ္စည်းတွေကို ပေးပို့ပေးခဲ့ကြပေမယ့် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေတော့လှူဒါန်းမှုမရှိသေးကြောင်း အမျိုးသမီးအခွင့်အရေးတောင်းဆိုလှုပ်ရှားသူတွေကထောက်ပြခဲ့ပါတယ်။ အမျိုးသမီးအများစု အထူးသဖြင့်ကျေးလတ်ကလာတဲ့အမျိုးသမီးတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ လစဉ်သုံးပစ္စည်းလိုလာတဲ့အခါထုတ်ဖော်ပြောဆိုဖို့ရှက်ရွံ့လေ့ရှိကြတယ်။ ဒီလိုနဲ့စေတနာရှင်တချို့ဟာ Rotary Club of Central Yangon နဲ့အတူလစဉ်သုံးပစ္စည်းတွေဝယ်ယူလှူဒါန်းဖို့ ရန်ပုံငွေတရပ်မတည်လျက်ရှိပါတယ်။ ဒီစီမံကိန်းရဲ့ပဲ့ကိုင်ရှင်တယောက်ဖြစ်တဲ့ မခင်စုဟာ Facebook page...
မြန်မာတို့အတွက် မြန်မာတွေထုတ်လုပ်လိုက်သောဂိမ်း “Pwal Kyam”
မြန်မာနိုင်ငံမှာဂိမ်းကစားတဲ့သူတွေအရမ်းများပေမယ့် ဂိမ်းထုတ်လုပ်သူတွေကတော့ လက်ချိုးရေလို့ရအောင် နည်းလှပါတယ်။ ထုတ်လုပ်လိုက်တဲ့ဂိမ်းအများစုကလည်း အများပြည်သူကြားကျယ်ကျယ်ပြန့်ပြန့်ရေပန်းစားသွားတာမျိုးသိပ်မတွေ့ရဘဲ ဖဲဂိမ်းနဲ့ငါးပစ်ဂိမ်းတွေလောက်သာ cele တွေကြော်ငြာပေးရင်းပျံ့နှံ့နေတာတွေ့ရတယ်။ Venus Lab ကကိုစိုးသီဟနိုင်နဲ့တွေ့ဖြစ်တဲ့အကြောင်းရင်းက သူတို့ရဲ့ပထမဆုံးဂိမ်းဖြစ်တဲ့ ပွဲကြမ်း (Pwal Kyam) အကြောင်းပြောဖြစ်ခဲ့ပါတယ်။ ကိုစိုးသီဟတို့ရဲ့ ပွဲကြမ်းက mobile game ဖြစ်ပြီး online ပေါ်မှာတခြား player တွေနဲ့ပြိုင်ကစားလို့ရတဲ့ MOBA အမျိုးအစားပါ။ ၂၀၁၉ခုနှစ်ကတည်းက...
သဘာဝရဲ့ဖက်ရှင်
ရယ်ဒီမိတ်အထည်တွေနဲ့ import ထည်တွေကြောင့်ရိုးရာအဝတ်အစားတွေရဲ့အခန်းကဏ္ဍတဖြည်းဖြည်းမှေးမှိန်လာပါတယ်။ ဒီအချိန်မှာမြန်မာ့ရက်ကန်းယဉ်ကျေးမှုကိုထိန်းသိမ်းရင်း ချည်ထည်တွေ သဘာဝဆိုးဆေးတွေကိုအဓိကထားထုတ်လုပ်နေတဲ့ Mori Burma ကရိုးရာထည်နှစ်သက်သူတွေအတွက်ရွေးချယ်စရာဖြစ်လာပါတော့တယ်။ Mori Burma ရဲ့ပဲ့ကိုင်ရှင်မသီရိဝင်းမောင်ဟာ သူမရဲ့ဇာတိစစ်ကိုင်းတိုင်း ဘုတလင်မြို့က အင်းဒယ်နဲ့ကုက္ကိုကြီးရွာတွေကရိုးရာရက်ကန်းပညာမတိမ်ကောစေဖို့ရည်ရွယ်ပြီး ဒီလုပ်ငန်းကိုစတင်ခဲ့တာပါ။ ၂၀၁၇ခုနှစ်ကစခဲ့တဲ့ Mori Burma ဟာ လက်ရက်ကန်းကိုအဓိကထားလုပ်ကိုင်ရင်း ကျေးရွာတွေမှာနေထိုင်ကြတဲ့အမျိုးသမီးတွေအတွက် တဘက်တလမ်းကဝင်ငွေရှာပေးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဝန်ထန်း ၂၀ခန့်နဲ့လည်ပတ်နေပါပြီ။ လှပတဲ့အဆင်ဒီဇိုင်းတွေဟာအော်ဂဲနစ်ဝါစိုက်ခင်းတွေကနေရတဲ့ချည်စစ်စစ်ကိုသုံးထားပြီး သစ်ခေါက်တွေကရတဲ့ဆိုးဆေးကိုသာအသုံးပြုတယ်။ ''ကျမအနေနဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်မှာစိုးရိမ်တာကြောင့် ပင်စည်ကနေရတဲ့သစ်ခေါက်ဆိုးဆေးကို...
ပြည်တွင်းဖြစ်သီးနှံတွေအားပေးရင်းတောင်သူတွေကိုကူညီရအောင်
Covid-19 ကပ်ရောဂါကြောင့်ထိခိုက်နစ်နာရတဲ့လုပ်ငန်းတွေထဲမှာ လယ်ယာလုပ်ငန်းလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံကတောင်သူလယ်သမားတွေနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်နေတဲ့ OrganicValley ကမကြေးမုံလွင်နဲ့ လယ်ယာလုပ်ငန်းအခြေအနေအကြောင်းစကားပြောဖြစ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် မေလ ၂၀ရက်နေ့မှစတင်ခဲ့တဲ့ OrganicValley ဟာ ဓာတုဆေးဝါးနဲ့ဓာတ်မြေသြဇာတွေမသုံးဘဲ စိုက်ပျိုးထားတဲ့သီးနှံတွေကိုနယ်အသီးသီးကစိုက်ပျိုးရေးသမားတွေနဲ့ချိတ်ဆက်ပြီး ရန်ကုန်ကစားသောက်ဆိုင်နဲ့ ဟိုတယ်တွေဆီဖြန့်ချီနေခဲ့တာပါ။ ယခင်ကဆိုရင် ရုံးပိတ်ရက်တွေမှာခြံထွက်ပစ္စည်းတွေလက်လီရောင်းချတဲ့ တောင်သူလယ်သမားဈေး (Farmers’ Market) ကိုပုံမှန်ကျင်းပလေ့ရှိပါတယ်။ Covid-19 ဖြစ်ပြီးနောက် ဒီဈေးလေးမလုပ်ဖြစ်တာလည်း လအတော်ကြာခဲ့ပါပြီ။ OrganicValley တည်ထောင်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး “ရန်ကုန်မှာကျမလိုချင်တဲ့အော်ဂဲနစ်သီးနှံတွေကိုရှာရခက်တော့...
အကောင်းမြင်စိတ်နဲ့စိတ်ဓာတ်ခိုင်မာမှုကိုဘယ်လိုမွေးမြူမလဲ
ချစ်ခင်ရပါတဲ့ BSY မိသားစုဝင်များခင်ဗျား ဒီစာကိုဘယ်နေရာကနေ ဖတ်နေတာဖြစ်ပါစေ အားလုံးအနေနဲ့ လုံခြုံမှု၊ ပျော်ရွှင်မှု၊ ကျန်းမာခြင်းများနဲ့ အထူးသဖြင့်အကောင်းမြင်မှုတွေနဲ့အတူ ရှိနေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့အနေနဲ့ အကောင်းမြင်ခြင်း (သို့) အပြုသဘောဆောင်ခြင်း ဆိုတဲ့ အရာကိုမွေးရာပါလို့ထင်မှတ်တတ်ကြပါတယ်။ “သူမက အကောင်းမြင်တတ်သူပဲ” သို့မဟုတ် “သူကတော့ အားလုံးကိုအဆိုးမြင်နေတဲ့လူပဲ” ဆိုတာမျိုးတွေပေါ့။ ဒါက သဘောတရားအရမှန်တယ်လို့ ဆိုနိုင်ပေမယ့် အကောင်းမြင်ခြင်း...
ပြည်တွင်းဖြစ်သီးနှံတွေဝယ်ယူပြီးတောင်သူတွေကိုကူညီရအောင်
Kokkoya Organics ဆိုတာသင်္ကန်းကျွန်းမှာအခြေစိုက်တဲ့စိုက်ခင်းဖြစ်ပြီး လူငယ်တွေကို အော်ဂဲနစ်သီးနှံစိုက်ပျိုးရေးနည်းနာတွေသင်ကြားပေးလျက်ရှိပါတယ်။ စိုက်ပျိုးရေးသမားတွေဟာ အသက် ၂၀-၂၅နှစ်ဝန်းကျင်သာရှိသေးပြီးစိုက်ခင်းကိုသူတို့ကိုယ်တိုင်ပဲစီမံခန့်ခွဲကြတယ်။ ခေါင်းဆောင်ရယ်လို့မသတ်မှတ်ထားဘဲ အတူတူအလုပ်လုပ်ရင်းအကျိုးအမြတ်ကိုလည်းမျှဝေခံစားကြပါတယ်။ ၂၀၁၇ခုနှစ် စက်တင်ဘာလကတည်းကစတင်ခဲ့တဲ့ Kokkoya (ကုက္ကိုရ) ဟာဟင်းသီးဟင်းရွက်သေတ္တာတွေကိုအဖွဲ့ဝင်စနစ်နဲ့ရောင်းချပြီး လစဉ်အဖွဲ့ဝင်ထားတဲ့သူ ၈၀ရှိတယ်။ သန့်ရှင်းလတ်ဆတ်ပြီးအန္တရာယ်ကင်းတဲ့တနိုင်တပိုင်စိုက်ပျိုးရေးကိုဝါသနာပါသူတွေရဲ့ အသိုင်းအဝိုင်းလေးလို့လည်းဆိုနိုင်ပါတယ်။ ကပ်ရောဂါကြောင့်ပဲဖြစ်ဖြစ် မိုးတွေအရမ်းသည်းလို့ပဲဖြစ်ဖြစ်ဈေးသွားဝယ်ဖို့အခက်အခဲရှိတယ်ဆိုရင် Kokkoya ရဲ့အပတ်စဉ်ဟင်းသီးဟင်းရွက်သေတ္တာတွေကို online ကတဆင့်ဝယ်ယူအားပေးနိုင်တယ်။ ဒီလိုဝယ်ယူခြင်းဟာစိုက်ပျိုးရေးသမားတွေကိုတိုက်ရိုက်ကူညီရာလည်းရောက်ပါတယ်။ Kokkoya ကိုတည်ထောင်သူတဦးဖြစ်တဲ့ Sophia ကလယ်ယာလုပ်ငန်းရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး...