Advertisement

ဇွန်လမှာကြည့်သင့်တဲ့ Netflix movie နဲ့ show တချို့အကြောင်းပြောပြချင်ပါတယ်။

13 Reasons Why (5 Jun)

13 Reasons Why series ရဲ့စတုတ္ထမြောက်နဲ့နောက်ဆုံး season ပါ။ ဒီ season မှာတော့ Liberty High School ကကျောင်းသူကျောင်းသားတွေဟာ ကျောင်းပြီးသွားပြီးနောက် ဘဝရဲ့တဆစ်ချိုးပြောင်းလဲမှုတွေနဲ့ ကြုံရတော့မှာပါ။ နောက်ဆုံး season ဖြစ်လို့ရှေ့မှာတွေ့ခဲ့ရတဲ့ပဟေဠိတွေကိုဖြေရှင်းသွားပါလိမ့်မယ်။ ပုံမှ season တခုကို ၁၃ပိုင်းထုတ်လွှင့်နေကျဖြစ်ပေမယ့် အခု season မှာတော့ ၁၀ပိုင်းပဲပါပါတယ်။ အဆုံးသတ်ကိုကြည့်လိုက်ရင် ဘာကြောင့် ၁၀ပိုင်းပဲပါသလဲဆိုတာနားလည်သွားပါလိမ့်မယ်လို့ ထုတ်လုပ်သူ Brian Yorkey က Entertainment Weekly ကိုပြောပါတယ်။

A Whisker Away (18 Jun)

Anime ချစ်သူတွေစောင့်ကြည့်သင့်တဲ့ရုပ်ရှင်ပါ။ တိတ်တခိုးချစ်ရတဲ့အခန်းဖော်ကောင်လေးရဲ့ကြင်နာမှုကိုရဖို့ ကြောင်အဖြစ်အသွင်ပြောင်းလိုက်တဲ့ကောင်မလေးတယောက်အကြောင်းတင်ဆက်ထားတယ်။ Sci-fi နဲ့ fantasy ဇာတ်လမ်းမှာ ဆယ်ကျော်သက်လူငယ်တွေရဲ့အချစ်ဇာတ်လမ်းကိုလည်းမြင်ရမယ်။ Mirai Shida (The Secret World of Arrietty), Natsuki Hanae (Demon Slayer) တို့ကအဓိကဇာတ်ကောင်တွေ အဖြစ်အသံသရုပ်ဆောင်ထားပြီး Sailor Moon ကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Junichi Satoh ရိုက်ကူးထားပါတယ်။

Curon (10 Jun)

အဖြစ်ဆိုးတခုကြောင့် Curon မြို့ကိုစွန့်ခွာသွားခဲ့တဲ့အမျိုးသမီးတယောက်ဟာ အမြွှာကလေး ၂ယောက်နဲ့အတူ ပြန်ရောက်လာအပြီးမှာတော့ သူတို့မြို့ဟာကျိန်စာသင့်နေမှန်းသတိထားမိခဲ့ပါတယ်။ အဲ့ဒီကျိန်စာကတော့ မြို့ထဲကဘုရားကျောင်းအိုကြီးရဲ့ခေါင်းလောင်းသံကိုကြားတာနဲ့ မြို့သူမြို့သားတွေဟာအတိတ်ကအဖြစ်ဆိုးတွေနဲ့ မေ့ပျောက်ထားခဲ့တဲ့ဝမ်းနည်းမှုတွေကို ပြန်ခံစားလာရတော့တာပါပဲ။ ဒီအီတလီစကားပြောဇာတ်လမ်းတွဲကတော့ သရဲတစ္ဆေဇာတ်လမ်းကြိုက်သူတွေအတွက်ပါ။

Da 5 Bloods (12 Jun)

Black Panther မင်းသား Chadwick Boseman ဦးဆောင်ပါဝင်ထားတဲ့ ဗီယက်နမ်စစ်ပြီးကာလနောက်ခံရုပ်ရှင်ဖြစ်ပါတယ်။ အမေရိကန်လူမည်းစစ်သား ၅ယောက်ဟာ စစ်ပွဲအပြီး သူတို့တပ်စိတ်ခေါင်းဆောင်ရဲ့အလောင်းနဲ့ ရတနာသိုက်တခုကိုရှာဖို့ဗီယက်နမ်နိုင်ငံကိုပြန်သွားခဲ့တယ်။ အဲ့ဒီမှာစစ်အတွင်းကရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အများပြည်သူကိုချမပြခဲ့တဲ့စစ်ရာဇဝတ်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတော့တယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံရုပ်ရှင်နှစ်သက်သူတွေအကြိုက်တွေ့မယ်ထင်ပါတယ်။

Pokemon Journeys (12 Jun)

Pokemon ရဲ့ ၂၃ခုမြောက် season ဖြစ်ပါတယ်။ Ash ကတော့အသက်မကြီးသေးပါဘူး။ Alola Region ကနေထွက်ခွာလာတဲ့ Ash, Pikachu နဲ့ သူတို့သူငယ်ချင်း Goh တို့ကိုစွန့်စားခန်းအသစ်တွေကစောင့်ကြိုနေတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ theme song အသစ်ပါမယ်လို့သိရတယ်။ စစချင်း ၁၂ပိုင်းထွက်ရှိလာမှာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေကို ၃လတကြိမ်ထုတ်လွှင့်မှာဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here