Advertisement

ပိတ်ရက်ရှည်တွေမရှိတော့လို့ ခရီးထွက်ဖို့အချိန်လည်းသိပ်မပေးနိုင်ဘူး၊ သဘာဝအလှအပတွေကိုလည်း ခံစားချင်တယ်ဆိုတဲ့သူများအတွက် မြန်မာပြည်အနှံ့ရက်တိုခရီးစဉ် ၁၀ခုကိုဖော်ပြပေးလိုက်ပါတယ်။

အခုဖော်ပြမယ့်ခရီးစဉ်တွေကမြန်မာပြည်ရဲ့ကျေးလတ်ဒေသကိုအဓိကလေ့လာမယ့်ခရီးစဉ်တွေမို့ စိမ်းလန်းတဲ့သဘာဝအလှအပတွေကိုမြင်ရမယ်။ သွားနေကျနေရာတွေမဟုတ်တဲ့အတွက် လူအရမ်းများတဲ့ပြဿနာ၊ ဟိုတယ်ဘွတ်ကင်မရတဲ့ပြဿနာတွေလည်းကင်းဝေးသွားမှာပါ။

ကိုယ်တိုင်စီစဉ်ဖို့အချိန်မရှိဘူးဆိုရင်လည်း Exploration Travel ကုမ္ပဏီက တယောက်ကို တရက် ဒေါ်လာ ၅၀ လောက်ပဲကျသင့်တဲ့ package တွေစီစဉ်ပေးထားတဲ့အတွက် သူတို့ကိုဆက်သွယ်နိုင်ပါတယ်။ ခရီးစဉ်တခုကိုအနည်းဆုံး လူ ၂ယောက်လိုက်ပါဖို့လိုပြီး စက်တင်ဘာနဲ့အောက်တိုဘာ ၂လအတွင်းဒီ package တွေကိုရရှိနိုင်ပါတယ်။

ခရီးစဉ်တွေအကြောင်း ပုံတပုံချင်းစီမှာဖတ်သွားပေးနော်။

ဘားအံမှာလှေလှော်

ကရင်ရွာလေးတွေကိုလမ်းလျှောက်လည်ရတာညောင်းလာပြီဆိုရင်တော့ လှေလှော်ရင်း သဘာဝရဲ့အလှအပကိုခံစားတာအကောင်းဆုံးပါပဲ။ ရိုးရာအစားအသောက်တွေကိုလည်း မြည်းကြည့်ဖို့မမေ့နဲ့နော်။

အင်းဝကိုစက်ဘီးနဲ့လည်မယ်

ပုဂံကိုခဏခဏသွားကြပေမယ့် အင်းဝကိုသွားလည်ဖို့ မေ့နေတတ်ကြတယ်။ တချိန်ကမင်းနေပြည်တော်ဟောင်းဖြစ်ခဲ့တဲ့အင်းဝမှာလည်း ပုဂံထက်မလျော့တဲ့ရှေးဟောင်းစေတီတွေ သဘာဝအလှအပတွေရှိပါတယ်။ စက်ဘီးလေးစီးရင်းဘုရားဖူးမယ်၊ ကျေးလတ်တွေအထိလျှောက်လည်ရင်း ရွာသူရွာသားတွေရဲ့နေ့စဉ်ဘဝကိုလေ့လာကြမယ်။

ကလောမှာဆင်လေးတွေနဲ့မနက်စာစား

မနက်စောစောလမ်းလျှောက်ရင်းဆင်စခန်းကိုဝင်မယ်။ အဲ့ဒီအချိန်လောက်ဆိုဆင်ဦးစီးတွေက တညလုံးတောထဲလွှတ်ထားတဲ့ဆင်တွေကိုပြန်ခေါ်တဲ့အချိန်မို့ သူတို့သဘာဝကိုကြည့်ရှုလေ့လာခွင့်ရပါလိမ့်မယ်။

ဒုဌဝတီတလျှောက်လှေစီးမယ်

သီပေါကနေတဆင့်ဒုဌဝတီမြစ်တလျှောက်လှေစီးမယ်။ မြစ်ဆိပ်တွေမှာခဏနားပြီး မြစ်ကမ်းဘေးကကျေးရွာတွေကိုလျှောက်လည်ပါ။ သစ်သားနဲ့ဆောက်ထားတဲ့ ရှမ်းအိမ်လေးတွေကိုတွေ့နိုင်ပါတယ်။

ကယားမှာပဒေါင်လူမျိုးတွေအကြောင်းလေ့လာမယ်

ပဒေါင်လူမျိုးတွေရဲ့နေ့စဉ်ဘဝကိုလေ့လာမယ်။ ဒေသခံစကားပြန်ကတဆင့် ပဒေါင်လူမျိုးတွေနဲ့စကားပြောလို့လည်းရပါတယ်။

ပုဂံရဲ့ညအလှကိုခံစားမယ်

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံရဲ့ညအချိန်ဟာနေ့အခါနဲ့မတူတဲ့အလှတရားရှိတာသင်သိပါသလား။ မီးတုတ်တွေကြားမှာညစာစားရင်း ပုဂံမှာသာတဲ့လကိုကြည့်ရှုခံစားပါ။ 

ဆမ်ကာကန်အနားကဝါးတောလေး

သူငယ်ချင်းတွေနဲ့ပျော်ပွဲစားထွက်လို့ကောင်းတဲ့နေရာလေးဖြစ်ပြီး ဝါးပင်တွေကြားလမ်းလျှောက်ရတာကလည်း အရသာရှိပါတယ်။ အနားမှာဘုရားတွေလည်းရှိပါသေးတယ်။

ရေနံချောင်းမှာဆိုင်ကယ်စီး

မြန်မာနိုင်ငံအလယ်ပိုင်းရဲ့အိုအေစစ်လို့ပြောလို့ရတဲ့ရေနံချောင်းမြို့ဟာ မိုးတွင်းဆိုလည်လို့ကောင်းတဲ့ဒေသတခုပါ။ ဆိုင်ကယ်စီးရင်းရှေးဟောင်းဘုရားကျောင်းတွေနဲ့ အဆောက်အအုံတွေကိုလေ့လာပါ။

အင်းလေးမှာရိုးရာဟင်းချက်နည်းသင်မလား

အင်းလေးကန်ရဲ့အလယ်မှာရိုးရာဟင်းချက်နည်းတွေသင်ပေးတဲ့သင်တန်းရှိတယ်။ ဟင်းချက်ဝါသနာမပါဘူးဆိုရင်တောင် ကိုယ့်ရှေ့မှာချက်ပြုတ်နေတဲ့သူတွေကိုကြည့်ရတာ စိတ်ဝင်စားစရာကောင်းပါတယ်။

သံလွင်မြစ်ကိုလှေနဲ့လည်

မော်လမြိုင်ကနေတဆင့်သန်လွင်မြစ်ပေါ်မှာလှေစီးရင်း ဦးနာအောက်ရွာကိုသွားမယ်။ အဲ့ဒီမှာအရမ်းခမ်းနားတဲ့ဘုရားကျောင်းကိုလေ့လာနိုင်ပါတယ်။

Exploration Travel ၏ MD Edwin Briels ၏ Top 10 of experiences to try your next trip upcountry အားဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။

Exploration Travel
5/9, Bogalay Zay Street, Yangon.
01 375 577
[email protected]

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here