နှစ် ၁၂၀ သက်တမ်းရှိတဲ့ မြန်မာ့အမြင့်ဆုံး ဂုတ်ထိပ်တံတား

0
မြန်မာနိုင်ငံရဲ့ ရှေးဟောင်းတံတားတွေထဲမှာ ဂုတ်ထိပ်တံတားက နာမည်ကြီးပါတယ်။ လျှိုကို ဖြတ်ဖောက်ထားပြီး ရထားနဲ့ငြိမ့်ငြိမ့်လေး သွားရတဲ့ ဂုတ်ထိပ်ခရီးက ပျော်ဖို့ကောင်းပါတယ်။ ဂုတ်ထိပ်တံတားဟာ ရှမ်းပြည်နယ်အနောက်ပိုင်း နောင်ချိုမြို့အနီးမှာတည်ရှိပါတယ်။ တံတားဆိုရင် မြန်မာနိုင်ငံမှာ မြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ တံတားများပေမယ့် လျှိုကြီးကိုဖြတ်ပြီး ဆောက်ထားတဲ့တံတားကတော့ ဂုတ်ထိပ်တံတားပဲရှိပါတယ်။ မြင်းခုံးသဏ္ဌာန် ဂုတ်ထိပ်တံတားကြီးဟာ ရှမ်းပြည်အနောက်မြောက်ပိုင်းမှာရှိပြီး ပြင်ဦးလွင်နဲ့ လားရှိုးမြို့အကြားမှာ တည်ရှိပါတယ်။ မြန်မာပြည်မှာ...

သမိုင်းဝင်နေရာများရှိရာ မွန်တို့ဌာနေ ရာမညမြေ

0
မွန်ပြည်နယ်သည် ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ၊ သမိုင်းဝင် အထင်ကရနေရာများ၊ သာယာရှုမောဖွယ် ကမ်းခြေအလှများ ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်သည် ကရင်ပြည်နယ်ကဲ့သို့ ထိုင်းနိုင်ငံ ကန်ချနာဘူရီတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည်ဖြစ်ရာ မွန်ပြည်နယ်၏ မြို့များဖြစ်သည့် ကျိုက်ထို၊  မော်လမြိုင်၊  မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေး၊ ပေါင်၊...

မြန်မာ့အဖိုးတန် ရုပ်သေးသဘင်ပညာ

0
ရှေးခေတ်က အမြင့်သဘင်တွင် နေရာယူခဲ့သော မြန်မာ့ရုပ်သေးပညာမှာ မြန်မာ့အနုပညာတို့ပေါင်းဆုံရာ အဖိုးတန်အနုပညာအဖြစ် တင်စားကြသည်။ ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ကို လှုပ်ရှား၍ လူ့သဏ္ဌာန် ဟန်အမူအရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြခြင်းကို ခေါ်သည်။ မြန်မာ့ရုပ်သေးသည် ကမ္ဘာ့ရုပ်သေးအမျိုးအစားများထဲတွင် တစ်ခုအပါဖြစ်သည်။ မြန်မာ့ရုပ်သေးကို အင်္ဂလိပ်အမည်ဖြင့်...

မြန်မာ့အထင်ရှားဆုံး အပန်းဖြေကမ်းခြေ ၅ ခု

0
အရှေ့တောင်အာရှမှာ အပန်းဖြေကမ်းခြေဆိုရင် အင်ဒိုနီးရှား ဘာလီကမ်းခြေက နာမည်ကြီးပါတယ်။ ဒါပေမယ့် မြန်မာမှာလည်း ဘာလီလိုလှတဲ့ ကမ်းခြေတွေအများကြီးရှိပါတယ်။ ကြော်ငြာအားနည်းလို့ လူမသိသေးတာပါ။ မြန်မာနိုင်ငံရဲ့ ကမ်းခြေတွေမှာ လှပတဲ့သဲသောင်တွေ၊ ပင်လယ်ပြာရေပြင်တွေ၊ ဈေးနှုန်းသက်သာတဲ့ ဟိုတယ်တွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံဟာ ကမ်းရိုးတန်းရှည်လျားပြီး ရေမိုင် ၁၃၀၀ ကျော်ရှိပါတယ်။ မြန်မာ့ ကမ်းခြေတွေက ရခိုင်နဲ့ဧရာဝတီမှာရှိသလို မွန်၊...

ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်

0
တန်ဆောင်မုန်းလဟာမြန်မာ့ပြက္ခဒိန်မှာဆိုရင် ၈လမြောက်ဖြစ်ပြီး အင်္ဂလိပ်ပြက္ခဒိန်မှာတော့ ၁၁လမြောက်ဖြစ်တဲ့ နိုဝင်ဘာလမှာကျင်းပလေ့ရှိပါတယ်။ ဒီနှစ်တန်ဆောင်မုန်းလပြည့်နေ့ကတော့ ၂၈ရက်နေ့မှာကျရောက်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်မှာ ဗုဒ္ဓဘာသာဝင်တွေဟာမသိုးသင်္ကန်းတွေကို တညအတွင်းပြီးအောင်ရက်လုပ်ပြီး လပြည့်နေ့မှာရဟန်းတော်တွေကိုလှူဒါန်းလေ့ရှိတယ်။ အစားအသောက်တွေဟာ နေ့ကူးရင်သိုးသွားတတ်ပါတယ်။ ဒီဥပမာအတိုင်း သင်္ကန်းကိုနေ့မကူးခင်ရက်လုပ်ပြီးလှူဒါန်းရတဲ့အတွက် မသိုးသင်္ကန်းလို့ခေါ်တာပါ။ နှစ်တိုင်းရွှေတိဂုံဘုရားနဲ့ အနယ်နယ်အရပ်ရပ်ကတန်ခိုးကြီးဘုရားတွေမှာ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွေကျင်းပလေ့ရှိပေမယ့် ဒီနှစ်ကတော့ကိုဗစ်ကြောင့် ဒီပွဲကျင်းပဖို့အခက်အခဲရှိမယ်ထင်တယ်။ လပြည့်နေ့မတိုင်ခင်ကူးစက်မှုတွေလျော့ပါးသွားဖို့ပဲ ဆုတောင်းပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ဟာ နက္ခတ်တွေစုံလင်တဲ့ညဖြစ်တာမို့ ဒီညမှာဆေးဝါးအစီအရင်တွေတန်ခိုးပြတတ်တယ်လို့ ရှေးကယုံကြည်ခဲ့ကြတယ်။ ဒါကြောင့်လပြည့်နေ့မှာဆေးမင်ကြောင်ထိုးတာမျိုး၊ ထိုးပြီးသားဆေးမင်ကြောင်ကို သိဒ္ဒိတင်တာမျိုးတွေလုပ်တတ်ကြပါတယ်။ ဒီအခါမှာ...

ပန်းမြို့တော် ရာဇဝင် (သို့) ပြင်ဦးလွင် သမိုင်း

0
သာယာလှသည့် ရာသီဥတု၊ လှပသော ပန်းခင်းကြီးများရှိသည့် ပြင်ဦးလွင် (ခေါ်) မေမြို့ကို ကန္တာရထဲက အိုအေစစ်အဖြစ်တင်စားနိုင်သည်။ အပူချိန်မြင့်မားသော မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်ဦးလွင်မြို့သည် အေးချမ်းစွာ တည်ရှိနေသည်။ ပြင်ဦးလွင်မြို့သည် အမည်အားဖြင့် မေမြို့၊ တောင်လှေကားမြို့၊ တောင်စခန်းမြို့၊ ပန်းဦးမြို့၊ ပန်းမြို့တော်ဟု ခေါ်တွင်ခဲ့ကြသည်။ ပြင်ဦးလွင်မြို့သည် မန္တလေးတိုင်းတွင်ပါဝင်ပြီး မန္တလေးမြို့နှင့် ၄၂ မိုင်၊...

ဝါလကင်းလွတ် သီတင်းကျွတ်

0
သီတင်းကျွတ်ပွဲတော်သည် မြန်မာလူမျိုးများအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက် အစည်ကားဆုံးကျင်းပသော ပွဲတော်ဖြစ်သည်။သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးများ စိတ်အား ထက်သန်စွာဖြင့် ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များ အနက်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ် မီးထွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့်မတိုင်မီတစ်ရက်၊ သီတင်းကျွတ် လပြည့်နေ့ နှင့် သီတင်းကျွတ် လပြည့်ကျော် တစ်ရက် ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပဆင်နွှဲလေ့ရှိပါသည်။ ၂၀၂၀...

ပူလောင်မှုများကြား အေးချမ်းရာတည်ဆောက်ခြင်း (သို့) ထိုက်ချိ

0
မနက်စောစော ရန်ကုန်ကပန်းခြံတခုခုမှာလမ်းလျှောက်ဖြစ်တယ်ဆိုရင် ငြင်သာလှပစွာလှုပ်ရှားနေတဲ့ လူတစုကိုတွေ့မိမှာပါ။ ဒါဟာထိုက်ချိလေ့ကျင့်နေကြတာဖြစ်ပါတယ်။ ထိုက်ချိနဲ့ကွန်ဖူးဟာရေနဲ့ငါးလိုပါပဲ။ ထိုက်ချိကစားတဲ့သူအများစုဟာ ကျန်းမာရေးအတွက်ကစားကြတာလို့ ရန်ကုန်မှာနေတဲ့ထိုက်ချိနည်းပြ ကိုဝဏ္ဏဇော်လွင်ကပြောပါတယ်။ အများအားဖြင့်မနက်စောစော လေကောင်းလေသန့်ရတဲ့နေရာတွေမှာလေ့ကျင့်ရတာသဘောကျကြပါတယ်။ ထိုက်ချိဟာကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတယ်ပေးပြီးကိုယ်စိတ်နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်ကြောင်းယုံကြည်ကြပါတယ်။ ထိုက်ချိဆိုတဲ့တရုတ်ဝေါဟာရကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် “အထွဋ်အထိပ်” လို့အဓိပ္ပါယ်ရပါတယ်။ ကိုဝဏ္ဏကတော့ထိုက်ချိဟာလူ့ခန္ဓာရဲ့ပင်မထောက်တိုင်တွေဖြစ်တဲ့ ကြွက်သား၊ စွမ်းအင်၊ စိတ်နဲ့ ဝိညာန်တို့ကို သက်ရောက်မှုရှိတယ်လို့ဆိုတယ်။ လွန်ခဲ့တဲ့ ၆နှစ်လောက်က သူဂျာမနီကပြန်ရောက်လာတဲ့အချိန်မှာကွန်ဖူးနဲ့ထိုက်ချိကိုဆက်လက်သင်ယူဖို့ သင်တန်းတွေလိုက်ရှာပေမယ့်မတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ပဲကိုဝဏ္ဏဟာသူ့ကိုယ်ပိုင်ထိုက်ချိသင်တန်းကျောင်းတခုကို စတင်တည်ထောင်ခဲ့ပါတယ်။ ကွန်ဖူးဆရာတဦးဖြစ်တဲ့ကိုဝဏ္ဏဟာဂျာမနီကကွန်ဖူးသင်တန်းကျောင်းက...

အိုင်ဒီယာအသစ်နဲ့ ဖွင့်လှစ်မယ့် စင်္ကာပူက လေယာဥ်စားသောက်ဆိုင်

0
ကိုဗစ်ကာလမှာ လေကြောင်းလိုင်းတွေ အဆင်မပြေဖြစ်နေပေမယ့် စင်္ကာပူလေကြောင်းလိုင်းကုမ္ပဏီကတော့ သူတို့ရဲ့ Airbus A380 ကို စားသောက်ဆိုင်ပုံစံပြောင်းပြီး စီးပွားရေးအိုင်ဒီယာအသစ်ချပြခဲ့ပါတယ်။ ဆိုင်နာမည်ကို "Restaurant A380 @Changi"လို့ အမည်ပေးထားပြီး ကိုယ်ပိုင်လေယာဥ်ထဲက စားသောက်ဆိုင်လို ခံစားစေရမယ်လို့ ညွှန်းထားပါတယ်။ A380 လေယာဥ်စားသောက်ဆိုင်မှာ စားသုံးသူတွေအနေနဲ့ အခန်းရွေးချယ်မှုကို စျေးနှုန်းအမျိုးအစားအလိုက်ရွေးချယ်နိုင်ပါတယ်။ အစားသောက်အတွေကို စင်္ကာပူဝါရင့်စားဖိုမှူး ရှန်မေလီးလ်က ချက်ပြုတ်ပေးမှာပါ။...

ကမ္ဘာ့အလှဆုံးအက္ခရာ ၅မျိုးထဲမြန်မာစာပါဝင်

0
ကမ္ဘာတဝှမ်းကဘာသာဗေဒပညာရှင်တွေဟာ အလှဆုံးအက္ခရာ ၅မျိုးကိုရွေးချယ်သတ်မှတ်ရာမှာ မြန်မာအက္ခရာကထိပ်ဆုံးကပါလာပါတယ်။ အလှအပဆိုတာကတော့လူတယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်မို့ အမြင်ကွဲပြားမှုအမျိုးမျိုးရှိမှာပါ။ သေချာတာတခုကတော့ဒီအက္ခရာ ၅မျိုးဟာအလွန်အသုံးပြုမှုနည်းနေပြီဖြစ်တာကြောင့် ပျောက်ကွယ်သွားတော့မယ့်ဘေးနဲ့ရင်ဆိုင်နေရပြီဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ ပညာရှင်တွေသတ်မှတ်ထားတဲ့ ကမ္ဘာ့အလှဆုံးအက္ခရာ ၅မျိုးအကြောင်းဗဟုသုတအဖြစ်ပြောပြချင်ပါတယ်။ မြန်မာ နာရီလက်တံအတိုင်းရေးသားရပြီး လုံးဝိုင်းတဲ့အနားသတ်တွေရှိတဲ့မြန်မာစာကို ပညာရှင်တွေကအလှဆုံးအဖြစ်သတ်မှတ်ခဲ့ကြတယ်။ တကယ်တော့ဝိုင်းစက်တဲ့အနားသတ်တွေနဲ့ ရေးသားခြင်းဟာ အလှအပအတွက်မဟုတ်ဘဲ ခေတ်ကာလလိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။ ရှေးအခါကပေရွက်ထန်းရွက်တွေနဲ့စာရေးကြတဲ့အခါမှာ ထောင့်တွေမျဉ်းတွေကိုကညစ်နဲ့ဆွဲတဲ့အခါ အရွက်တွေပြဲတတ်တာမို့ ဝိုင်းစက်တဲ့အနားသတ်ဖြစ်အောင်ရေးသားကြတာပါ။ လတ်တလောမြန်မာနိုင်ငံမှာပဲအသုံးပြုတော့တဲ့ဘာသာစကားဖြစ်ပါတယ်။ ဆင်ဟာလေ (သီရိလင်္ကာ) အသံထွက်ပုံ ၅၀ကျော်ရှိတဲ့ဒီဘာသာစကားဟာ နှုတ်ခမ်းအဖိအဖော့လေးနည်းနည်းကွဲတာနဲ့ အဓိပ္ပါယ်ကွဲပြားသွားတဲ့အထိကျယ်ပြန့်ပါတယ်။ မျက်မှောက်ခေတ်မှာတော့ အသံထွက်...