ပုပ္ပားတောင်အကြောင်း သိကောင်းစရာ

0
ပုပ္ပားတောင်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၏ တောင်ဘက် ပုပ္ပားမြို့အနီး တည်ရှိသည်။  ပုပ္ပားမြို့လေးသည် UNESCO စာရင်းဝင်ကမ္ဘာ့ အမွေအနှစ်တစ်ခုဖြစ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည်။စံကားဝါမြေဆီသို့ သွားရာလမ်းတစ်လျှောက်၌ အညာမြေ၏ အငွေ့အသက် ဖြစ်သော လွမ်းမောဖွယ်ရာ ထန်းတောများကို မြင်တွေ့ရမည်ဖြစ်ပြီး ထန်းသမားတို့၏ဘဝဓလေ့တို့ကိုလည်း ဝင်ရောက်လေ့လာခံစားနိုင်ပါသည်။ အဆိုပါ ထန်းတောတို့တွင် အညာမြေ၏အနှစ်သာရဖြစ်သည့်...

တောင်ကြီးကို ခရီးသွားမယ်ဆိုရင်…

0
ဆောင်းနှင်းဝေတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလရောက်တိုင်း မြန်မာပြည်ခရီးသွားတွေ အများဆုံး သွားရောက်တဲ့ မြို့က တောင်ကြီးမြို့ဖြစ်ပါတယ်။ တန်ဆောင်တိုင်မှာ ကျင်းပတဲ့ တောင်ကြီးမီးပုံးပျံပွဲကတော့ အစည်ကားဆုံးဖြစ်ပါတယ်။ တောင်ကြီးမြို့ဟာ ရှမ်းပြည်အနောက်ပိုင်းမှာ တည်ရှိပြီး ပြည်နယ်ရဲ့အကြီးဆုံးမြို့ဖြစ်ပါတယ်။တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် စတုတ္ထအကြီးဆုံးမြို့ဖြစ်ပါတယ်။ တောင်ကြီးမြို့တည်နှစ်ကို ၁၈၉၅ ခုနှစ် လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ကိုလိုနီခေတ်တုန်းကတော့...

ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားမလဲ

0
ကျွန်တော်တို့တွေ အစားအစာကို ပုံမှန်စားသုံးကြပေမယ့် အချိန်တိတိကျကျစားသုံးတဲ့သူ နည်းပါးပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေအားလုံးကတော့ အချိန်တိတိကျကျလုပ် နေတာတွေ့ရပါတယ်။ ဇီဝယန္တရားဟာ စားလိုက်တဲ့အစာကို စားတဲ့အချိန်ပေါ် မူတည်ပြီး တုံ့ပြန်တာကိုတွေ့ရပါတယ်။ နေ့အချိန် စားသလား၊ ညအချိန်စားသလား စားတဲ့အချိန်ပေါ်မူတည်ပြီး ခန္ဓာကိုယ်အပေါ်ကွဲပြားစွာ အကျိုးသက်ရောက် ပါတယ်။ ညစာ ဇီဝပညာရှင်တွေက စမ်းသပ်ခံ ကြွက်လေးတွေကို...

မြန်မာ့အမြင့်ဆုံးရေတံခွန် (သို့) ဘုံတလာ ရေတံခွန်

0
ချင်းပြည်နယ်ကို အလည်အပတ်သွားရင် မဖြစ်မနေသွားသင့်တဲ့ ရေတံခွန်တစ်ခုရှိပါတယ်။ အဲဒီရေတံခွန်ကတော့ အဆင့် ၉ ဆင့်နဲ့ လှပစွာစီးဆင်း နေတဲ့ ဘုံတလာ ရေတံခွန် ဖြစ်ပါတယ်။ ဘုံတလာရေတံခွန်ဟာ ချင်းပြည်နယ်ရဲ့ ကျက်သရေ ဆောင် အရှည်ဆုံးရေတံခွန်ဖြစ်ပြီး မတူပီမြို့ရဲ့ မြောက်ဘက် (၁၆) မိုင်အကွာမှာ တည်ရှိပါတယ်။ ဘုံတလာရေတံခွန်ရဲ့...

နှစ် ၁၂၀ သက်တမ်းရှိတဲ့ မြန်မာ့အမြင့်ဆုံး ဂုတ်ထိပ်တံတား

0
မြန်မာနိုင်ငံရဲ့ ရှေးဟောင်းတံတားတွေထဲမှာ ဂုတ်ထိပ်တံတားက နာမည်ကြီးပါတယ်။ လျှိုကို ဖြတ်ဖောက်ထားပြီး ရထားနဲ့ငြိမ့်ငြိမ့်လေး သွားရတဲ့ ဂုတ်ထိပ်ခရီးက ပျော်ဖို့ကောင်းပါတယ်။ ဂုတ်ထိပ်တံတားဟာ ရှမ်းပြည်နယ်အနောက်ပိုင်း နောင်ချိုမြို့အနီးမှာတည်ရှိပါတယ်။ တံတားဆိုရင် မြန်မာနိုင်ငံမှာ မြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ တံတားများပေမယ့် လျှိုကြီးကိုဖြတ်ပြီး ဆောက်ထားတဲ့တံတားကတော့ ဂုတ်ထိပ်တံတားပဲရှိပါတယ်။ မြင်းခုံးသဏ္ဌာန် ဂုတ်ထိပ်တံတားကြီးဟာ ရှမ်းပြည်အနောက်မြောက်ပိုင်းမှာရှိပြီး ပြင်ဦးလွင်နဲ့...

သမိုင်းဝင်နေရာများရှိရာ မွန်တို့ဌာနေ ရာမညမြေ

0
မွန်ပြည်နယ်သည် ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ၊ သမိုင်းဝင် အထင်ကရနေရာများ၊ သာယာရှုမောဖွယ် ကမ်းခြေအလှများ ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်သည် ကရင်ပြည်နယ်ကဲ့သို့ ထိုင်းနိုင်ငံ ကန်ချနာဘူရီတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည်ဖြစ်ရာ မွန်ပြည်နယ်၏ မြို့များဖြစ်သည့် ကျိုက်ထို၊  မော်လမြိုင်၊  မုဒုံ၊ သံဖြူဇရပ်၊...

မြန်မာ့အဖိုးတန် ရုပ်သေးသဘင်ပညာ

0
ရှေးခေတ်က အမြင့်သဘင်တွင် နေရာယူခဲ့သော မြန်မာ့ရုပ်သေးပညာမှာ မြန်မာ့အနုပညာတို့ပေါင်းဆုံရာ အဖိုးတန်အနုပညာအဖြစ် တင်စားကြသည်။ ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ကို လှုပ်ရှား၍ လူ့သဏ္ဌာန် ဟန်အမူအရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြခြင်းကို ခေါ်သည်။ မြန်မာ့ရုပ်သေးသည် ကမ္ဘာ့ရုပ်သေးအမျိုးအစားများထဲတွင်...

မြန်မာ့အထင်ရှားဆုံး အပန်းဖြေကမ်းခြေ ၅ ခု

0
အရှေ့တောင်အာရှမှာ အပန်းဖြေကမ်းခြေဆိုရင် အင်ဒိုနီးရှား ဘာလီကမ်းခြေက နာမည်ကြီးပါတယ်။ ဒါပေမယ့် မြန်မာမှာလည်း ဘာလီလိုလှတဲ့ ကမ်းခြေတွေအများကြီးရှိပါတယ်။ ကြော်ငြာအားနည်းလို့ လူမသိသေးတာပါ။ မြန်မာနိုင်ငံရဲ့ ကမ်းခြေတွေမှာ လှပတဲ့သဲသောင်တွေ၊ ပင်လယ်ပြာရေပြင်တွေ၊ ဈေးနှုန်းသက်သာတဲ့ ဟိုတယ်တွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံဟာ ကမ်းရိုးတန်းရှည်လျားပြီး ရေမိုင် ၁၃၀၀ ကျော်ရှိပါတယ်။ မြန်မာ့...

ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်

0
တန်ဆောင်မုန်းလဟာမြန်မာ့ပြက္ခဒိန်မှာဆိုရင် ၈လမြောက်ဖြစ်ပြီး အင်္ဂလိပ်ပြက္ခဒိန်မှာတော့ ၁၁လမြောက်ဖြစ်တဲ့ နိုဝင်ဘာလမှာကျင်းပလေ့ရှိပါတယ်။ ဒီနှစ်တန်ဆောင်မုန်းလပြည့်နေ့ကတော့ ၂၈ရက်နေ့မှာကျရောက်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်မှာ ဗုဒ္ဓဘာသာဝင်တွေဟာမသိုးသင်္ကန်းတွေကို တညအတွင်းပြီးအောင်ရက်လုပ်ပြီး လပြည့်နေ့မှာရဟန်းတော်တွေကိုလှူဒါန်းလေ့ရှိတယ်။ အစားအသောက်တွေဟာ နေ့ကူးရင်သိုးသွားတတ်ပါတယ်။ ဒီဥပမာအတိုင်း သင်္ကန်းကိုနေ့မကူးခင်ရက်လုပ်ပြီးလှူဒါန်းရတဲ့အတွက် မသိုးသင်္ကန်းလို့ခေါ်တာပါ။ နှစ်တိုင်းရွှေတိဂုံဘုရားနဲ့ အနယ်နယ်အရပ်ရပ်ကတန်ခိုးကြီးဘုရားတွေမှာ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွေကျင်းပလေ့ရှိပေမယ့် ဒီနှစ်ကတော့ကိုဗစ်ကြောင့် ဒီပွဲကျင်းပဖို့အခက်အခဲရှိမယ်ထင်တယ်။ လပြည့်နေ့မတိုင်ခင်ကူးစက်မှုတွေလျော့ပါးသွားဖို့ပဲ ဆုတောင်းပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ဟာ နက္ခတ်တွေစုံလင်တဲ့ညဖြစ်တာမို့ ဒီညမှာဆေးဝါးအစီအရင်တွေတန်ခိုးပြတတ်တယ်လို့ ရှေးကယုံကြည်ခဲ့ကြတယ်။...

ပန်းမြို့တော် ရာဇဝင် (သို့) ပြင်ဦးလွင် သမိုင်း

0
သာယာလှသည့် ရာသီဥတု၊ လှပသော ပန်းခင်းကြီးများရှိသည့် ပြင်ဦးလွင် (ခေါ်) မေမြို့ကို ကန္တာရထဲက အိုအေစစ်အဖြစ်တင်စားနိုင်သည်။ အပူချိန်မြင့်မားသော မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်ဦးလွင်မြို့သည် အေးချမ်းစွာ တည်ရှိနေသည်။ ပြင်ဦးလွင်မြို့သည် အမည်အားဖြင့် မေမြို့၊ တောင်လှေကားမြို့၊ တောင်စခန်းမြို့၊ ပန်းဦးမြို့၊ ပန်းမြို့တော်ဟု ခေါ်တွင်ခဲ့ကြသည်။ ပြင်ဦးလွင်မြို့သည် မန္တလေးတိုင်းတွင်ပါဝင်ပြီး...