မင်းကွန်းခေါင်းလောင်းကြီးနဲ့ ကမ္ဘာကျော် ကြီးငါးကြီး
ဧရာဝတီမြစ်ကမ်းနဖူးမှာ တည်နေတဲ့ မင်းကွန်းဒေသဟာ ကမ္ဘာကျော် ကြီးငါးကြီး တည်ရှိရာ ဒေသလေးပါ။ ကြီးငါးကြီးဆိုတာကတော့ ၁။ မင်းကွန်းပုထိုးတော်ကြီး ၂။ မင်းကွန်းခေါင်းလောင်းတော်ကြီး ၃။ ပုထိုးတော်ကြီးရှေ့က ခြင်္သေ့ရုပ်ကြီး၂ရုပ် ၄။ မင်းကွန်းဆရာတော်ဘုရားကြီး ၅။ ကန်တော်ကြီး တို့ပဲဖြစ်ပါတယ်။ ၁။ မင်းကွန်းပုထိုးတော်ကြီး ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၇၉၀မှာ ပုထိုးတော်ကြီးကို လူသူအင်အား အများအပြားအသုံးပြုပြီး တည်ထားဆောက်လုပ်ခဲ့တာပါ။ "ဘုရားကြီးအပြီးတိုင်၊ မုဆိုးမဏ္ဍိုင်ကျိုးလိမ့်မလွဲ" ဆိုတဲ့...
Face Mask ဝတ်ထားတဲ့အခါ သက်တောင့်သက်သာဖြစ်နေစေနိုင်မယ့်နည်းလမ်းများ
လူစုလူေဝးကြားကိုသွားတဲ့အချိန်တိုင်း Face Mask ဝတ်ဆင်သွားခြင်း က COVID-19 ကူးစက်ပျံ့နှံ့မှုနှုန်းေနှးေကွးသွားေအာင်လုပ်ေဆာင်နိုင်တဲ့အေကာင်းဆုံးနည်းလမ်းေတွထဲကတစ်ခုဆိုတာကိုတော့ စာဖတ်သူတို့လည်း သိကြပြီးဖြစ်မှာပါ။ ဒါပေမဲ့လည်း Face Mask ဝတ်ဆင်ရခြင်းဟာ အမြဲတစေ သက်တောင့်သက်သာဖြစ်နေစမယ့်ကိစ္စမျိုးေတာ့ မဟုတ်ပြန်ပါဘူး။ အချိန်ကြာကြာဝတ်ဆင်ပြီးတဲ့အခါမှာ နားရွက်ေတွနာကျင်ကျန်ခဲ့မှု၊ ယားယံမှုနဲ့ ပိတ်လှောင်မွန်းကြပ်ခြင်းကိုကြောက်ရွံ့တဲ့စိတ်ေဝဒနာ တွေ ပေါ်လာစေတတ်ပါတယ်။ အကယ်၍ ဒီလိုပြဿနာေတွကိုကြုံလာခဲ့ရင် သောကများမေနရေစဖို့အတွက်...
မြန်မာအမျိုးသမီးခေါင်းဆောင်များနှင့် Audi ၏ တစ်ရက်တာခရီးစဉ်
Myanmar Women Leaders Program 2019 ရဲ့ ဥရောပခရီးစဉ်ကို Audi Myanmar မှလည်း တစ်ရက်တာ ဧည့်ခံကြိုဆိုခဲ့ပါတယ်။ Audi ဟာ မြန်မာနိုင်ငံမှာ မကြာခင် Showroom ဖွင့်လှစ်တော့မယ့် ဂျာမနီထိပ်တန်း ကားကုမ္ပဏီဖြစ်ပါတယ်။ Audi အနေနဲ့ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များကို ၂၀၁၉ ခုနှစ်အတွင်း...
နိဗ္ဗာန်မျှော်ရည် သဲစေတီ
မြန်မာနိုင်ငံရဲ့နေရာဒေသအနှံ့အပြားမှာကျင်းပလေ့ရှိတဲ့ရိုးရာပွဲတော်တွေဟာ တခါတလေထင်မှတ်မထားရလောက်အောင် ခမ်းနားနေတတ်ပါတယ်။ နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကရိုးရာပွဲတော်တွေနဲ့ပတ်သက်ရင် အင်းလေးဖော်တော်ဦးဘုရားပွဲတို့ ရွှေတိဂုံဘုရားကသီတင်းကျွတ်ဆီမီးထွန်းပွဲတော်တို့နဲ့ ရင်းနှီးပြီးဖြစ်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကိုလည်းအနည်းဆုံးတခေါက်လောက်တော့ သွားရောက်ကြည့်ရှုလေ့ရှိကြတယ်။ အင်းလေးကန်ထဲမှာ လူအယောက် ၁၀၀ လောက်လှေကိုခြေနဲ့လှော်တာ၊ ရွှေတိဂုံဘုရားကိုဆီမီးတထောင်နဲ့ပူဇော်တာ၊ မီးပုံးပျံနဲ့မီးရှူးမီးပန်းတွေပေါက်ကွဲတာတွေကို ရင်သပ်ရှုမောခံစားလေ့ရှိကြပါတယ်။ ဒီအထဲမှာလူတော်တော်များများမျက်စိသျှမ်းလေ့ရှိတဲ့ပွဲတော်ကတော့ သဲပုံစေတီပွဲတော်ပါ။ တပေါင်းလ (မတ်လ) မှာစတင်ကျင်းပလေ့ရှိတဲ့ဒီပွဲတော်ဟာ ကဆုန်လ (မေလ) မှာနောက်တကြိမ်ကျင်းပလေ့ရှိပါတယ်။...
မြန်မာ့အမြင့်ဆုံးရေတံခွန် (သို့) ဘုံတလာ ရေတံခွန်
ချင်းပြည်နယ်ကို အလည်အပတ်သွားရင် မဖြစ်မနေသွားသင့်တဲ့ ရေတံခွန်တစ်ခုရှိပါတယ်။ အဲဒီရေတံခွန်ကတော့ အဆင့် ၉ ဆင့်နဲ့ လှပစွာစီးဆင်း နေတဲ့ ဘုံတလာ ရေတံခွန် ဖြစ်ပါတယ်။ ဘုံတလာရေတံခွန်ဟာ ချင်းပြည်နယ်ရဲ့ ကျက်သရေ ဆောင် အရှည်ဆုံးရေတံခွန်ဖြစ်ပြီး မတူပီမြို့ရဲ့ မြောက်ဘက် (၁၆) မိုင်အကွာမှာ တည်ရှိပါတယ်။ ဘုံတလာရေတံခွန်ရဲ့...
ေ၀ဟင္ထက္ကပံုရိပ္မ်ား
By Nay
Thiha Facebook
ပေါ်မှာကောင်းကင်ပေါ်ကစီးမိုးပြီးရိုက်ထားတဲ့ဓာတ်ပုံတွေကိုတွေ့ဖူးကြမယ်၊ ကိုယ်နဲ့အကျွမ်းဝင်ပြီးသားနေရာတခုကို
ကိုယ်မမြင်ဖူးတဲ့ရှုထောင့်ကနေတွေ့ရတော့ရင်သပ်ရှုမောခံစားရမယ်။ ဒီဓာတ်ပုံတွေ၊
ဗီဒီယိုတွေရဖို့ ဘယ်လောက်များကြိုးစားအားထုတ်ခဲ့ရပါသလဲ။ Drone
photography နဲ့ပတ်သက်ပြီးပညာရှင်အဆင့်လုပ်ကိုင်နေတဲ့ NayLa Drone Photography ရဲ့တည်ထောင်သူပဲ့ကိုင်ရှင်
ကိုကောင်းကောင်းရဲ့အတွေ့အကြုံတွေကို ဖတ်ကြည့်ရအောင်ပါ။ “လွန်ခဲ့တဲ့
၎နှစ်လောက်က ၁၀တန်းပြီးတဲ့အချိန်မှာကျနော်ကဒါရိုက်တာဘက်ကိုသွားချင်တယ်။ ကိုဝင်းလွင်ထက်တို့လို
MTV တွေရိုက်ဖို့ပဲစဉ်းစားထားတာ။ အိမ်ကနေကင်မရာဝယ်ဖို့အရင်းအနှီးတခုထုတ်ပေးတယ်။ အဲ့ဒီအချိန်မှာ
drone လေးတွေကနိုင်ငံတကာမှာခေတ်စားနေကြပြီဗျ။ အဲ့ဒါနဲ့ drone တစင်းပါဝယ်ဖြစ်ခဲ့တယ်”
လို့ကိုကောင်းကောင်းကဒီလောကထဲဝင်ရောက်လာဖြစ်ပုံကိုပြောပြပါတယ်။ “ကျနော်တို့တုန်းက
drone ကချက်ချင်းဝယ်လို့မရသေးဘူးဗျ။ မှာပြီးတလလောက်စောင့်ရသေးတယ်။ ကျနော့်အတွက်အဆင်ပြေသွားတာတခုကစောင့်ဆိုင်းနေတဲ့ကာလမှာ
drone နဲ့ပတ်သက်တဲ့လုံခြုံရေးပိုင်းတွေကိုသေချာလေ့လာဖြစ်ခဲ့တယ်။...
မိုးကုတ်ပေါက်ပေါက်
လုံချည်ဆိုတာကတော့ မြန်မာနိုင်ငံမှာ ယောက်ျားမိန်းမ မရွေးဝတ်လို့ရတဲ့ အထည်တစ်မျိုးပါ။
ခါးကနေ ခြေဖျားလောက်ထိရှည်ပြီး ချည်နဲ့ရက်လုပ်ထားတဲ့ အထည်တွေအပြင် တစ်ခြား အထည်တွေကိုလဲ တွေ့နိုင်ပါတယ်။ မင်္ဂလာဆောင်ပွဲနဲ့ ဧည့်ခံပွဲတွေမှာ တွေ့ရတဲ့ လုံချည်တွေကိုတော့ ပိုသားနဲ့ရက်လုပ်ထားပါတယ်။
ထဘီဆိုတာက အမျိုးသမီးတွေဝတ်တဲ့ လုံချည်ကိုခေါ်တာဖြစ်ပြီး ပုဆိုးကတော့ အမျိုးသားတွေဝတ်တဲ့ အထည်ပါ။ ထဘီနဲ့ ပုဆိုးပေါ်မှာ...
မြိတ်ကျွန်းစုကိုအထာကျကျလျှောက်လည်ကြမယ်
Burma
Boating ကမြိတ်ကျွန်းစုတ၀ိုက်ကိုရွက်လှေနဲ့လည်ပတ်ရင်း ရေငုပ်တဲ့အစီအစဉ်ကိုစတင်တော့မှာပါ။ SY Dallinghoo လို့ နာမည်ပေးထားတဲ့ မီတာ ၃၀ အရှည်ရှိပြီး ရှေးဆန်တဲ့ဒီဇိုင်းနဲ့ ဒီရွက်လှေက အမေရိကန် နာမည်ကြီးရွက်လှေဖန်တီးရှင် Dudley Dix ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီရွက်လှေက ၂၀၁၉ နိုဝင်ဘာလကနေ နောက်နှစ်ဧပြီလအထိ ကော့သောင်းမြို့ကနေ မြတ်ကျွန်းစုကို...
တရက် ၇ သောင်းနဲ့မြန်မာပြည်အနှံ့ခရီးထွက်မလား
ပိတ်ရက်ရှည်တွေမရှိတော့လို့ ခရီးထွက်ဖို့အချိန်လည်းသိပ်မပေးနိုင်ဘူး၊ သဘာဝအလှအပတွေကိုလည်း ခံစားချင်တယ်ဆိုတဲ့သူများအတွက် မြန်မာပြည်အနှံ့ရက်တိုခရီးစဉ် ၁၀ခုကိုဖော်ပြပေးလိုက်ပါတယ်။ အခုဖော်ပြမယ့်ခရီးစဉ်တွေကမြန်မာပြည်ရဲ့ကျေးလတ်ဒေသကိုအဓိကလေ့လာမယ့်ခရီးစဉ်တွေမို့ စိမ်းလန်းတဲ့သဘာဝအလှအပတွေကိုမြင်ရမယ်။ သွားနေကျနေရာတွေမဟုတ်တဲ့အတွက် လူအရမ်းများတဲ့ပြဿနာ၊ ဟိုတယ်ဘွတ်ကင်မရတဲ့ပြဿနာတွေလည်းကင်းဝေးသွားမှာပါ။ ကိုယ်တိုင်စီစဉ်ဖို့အချိန်မရှိဘူးဆိုရင်လည်း Exploration Travel ကုမ္ပဏီက တယောက်ကို တရက် ဒေါ်လာ ၅၀ လောက်ပဲကျသင့်တဲ့ package တွေစီစဉ်ပေးထားတဲ့အတွက် သူတို့ကိုဆက်သွယ်နိုင်ပါတယ်။ ခရီးစဉ်တခုကိုအနည်းဆုံး လူ ၂ယောက်လိုက်ပါဖို့လိုပြီး...
မြန်မာနိုင်ငံတောင်ပိုင်းမှလှိုဏ်ဂူသို့
စာရေးသူ Keith Lyons ဟာမြန်မာနိုင်ငံတောင်ပိုင်းကလူသူအရောက်အပေါက်နည်းတဲ့ လှိုဏ်ဂူတဂူအကြောင်း ပြောပြထားပါတယ်။ ဓာတ်ပုံတွေကိုတော့ David Van Driessche ကရိုက်ကူးထားပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းကိုစွန့်စားခန်းထွက်ပြီးနောက်ပိုင်းမှာတော့
လှိုဏ်ဂူတဂူကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီအမည်မသိလှိုဏ်ဂူရဲ့နေရာအတိအကျကိုတော့ ရှင်းရှင်းလင်းလင်းမသိခဲ့ဘူး။
ပြီးတော့အဲ့ဒီနေရာကို ဘယ်လောက်ကြာကြာသွားရမယ်ဆိုတာကိုလည်းမပြောတတ်ပါဘူး။ ကျနော့်အနေနဲ့ကပ္ပလီပင်လယ်
(Andaman Sea) နဲ့နီးတဲ့မုတ္တမကွေ့ကမြို့လေးတမြို့ဆီကနေ သင်္ဘောနဲ့ခရီးတိုလေးတခုသွားရင်း
လှိုဏ်ဂူဆီရောက်ခဲ့တာလို့ထင်တာပဲဗျ။ ကျနော်နဲ့အတူ ခရီးထွက်ရတာဝါသနာကြီးတဲ့ Bjorn
Burchard နဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာတွေကို ဓာတ်ပုံရိုက်ရတာဝါသနာထုံတဲ့ David
Van...










