YBSက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ တိုက်ရိုက်ပြေးဆွဲမှုစတင်

0
နေ့စဉ်သွားလာလှုပ်ရှားရန် လိုင်းကားကိုမှီခိုနေရသည့် ခရီးသည်များ အဆင်ပြေစေရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ တိုက်ရိုက်ပြေးဆွဲမှု ၀န်ဆောင်မှုအစီအဉ်သစ်ကို YBS မှ စတင်မိတ်ဆက်လိုက်ပါပြီ။ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ “shuttle service” စာတန်းပါ အနီရောင် နှင့် အဖြူရောင် ဘတ်စ်ကား...

စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ နောက်ဆုံး ဇိမ်ခံဟိုတယ် Yangon Excelsior စတင်ဖွင့်လှစ်

0
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ ဇိမ်ခံဟိုတယ် အသစ် Yangon Excelsior ကို မြို့ရဲ့ အချက်အချာကျနေရာဖြစ်တဲ့ ဗိုလ်ဆွန်ပက်လမ်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ယခင် Steel Brothers Limited Company ရဲ့ ရုံးချုပ်ဟောင်းလည်း ဖြစ်တဲ့ ၁၉ရာစု လက်ရာအဆောက်အုံကို ပြန်လည်မွမ်းမံပြီး ကြယ်ငါးပွင့်အဆင့်ရှိ...

ချင်းပြည်နယ် မြောက်ပိုင်းသို့ ဆိုင်ကယ်စီး ခရီးနှင်ခြင်း

0
အရိုးပြုတ်ကျလုမတတ် ချိုင့်ခွက်များနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံ၏ လမ်းမကြီးအတော်များများတွင် ခရီးသွားရသည်မှာ ရင်ခုန်ချင်စရာ သိပ်ကောင်းလှသည်မဟုတ်။ သို့ပေမယ့် ရင်သပ်ရှုမောဖွယ် ရှုခင်းများ၊ လတ်ဆတ်သော လေပြည်ညှင်းများနှင့် လမ်းတစ်လျောက်တွေ့ရသောချစ်စဖွယ် မြို့ငယ်လေးများကို မြင်ရသည်မှာ ပေးရသော အဖိုးအခနှင့် ချိန်ဆလျှင်မူ တန်လွန်းလှပေတော့သည်။ ဆယ်စုနှစ် တစ်ခုကျော် မြန်မာပြည်အနှံ့ ခရီးသွားအတွေ့အကြုံရှိခဲ့ဖူးသူကျွန်တော့်အတွက်တော့...

၈ ယောက်စီးမော်ဒယ်အဖြစ်ထွက်ရှိလာတော့မည့် 2019 Hyundai Santa Fe

0
  *ဂျူလိုင် ၁၈.၂၀၁၈ ရက်နေ့ထုတ် DRIVE magazine မှ ထပ်ဆင့်ကူးယူဖော်ပြသည်။ Hyundai မှ 2019 Santa Fe အား ခရီးသည် ၈ ယောက်စီး၊ ခုံ(၃) တန်း SUV အနေဖြင့် အဆင့် မြှင့်ထားသည်။Hyundai သည် All New...

တစ်သက်မှာ အနည်းဆုံး တစ်ခေါက်လောက် သွားရောက်လည်ပတ်သင့်တဲ့ ဥရောပတိုက်ရဲ့ ထိပ်တန်း ကျွန်း ၅ ကျွန်း

0
သင်ဟာ ဥရောပမြေကို ခရီးထွက်ဖြစ်ခဲ့မယ်ဆိုရင် ရာစုနှစ်နဲ့ချီတဲ့  သမိုင်းဝင် နေရာဒေသတွေ ရှေးခေတ် အဆောက်အဦးတွေ နဲ့ ကိုယ်စီလှပနေကြတဲ့ လန်ဒန်၊ ပဲရစ်၊ အမ်စတာဒမ်၊ ရောမ စတဲ့ ဥရောပတိုက်ရဲ့ ထိပ်တန်းမြို့ကြီးတွေကိုသာ သွားရောက်ဖြစ်ပါလိမ့်မယ်။ အဲဒီမြို့ကြီးတွေဟာ ယနေ့မျက်မှောက်ခေတ်ထိ တိုင်အောင် ကမ္ဘာ့နိုင်ငံရေးမှာပါ အဓိက အရေးပါတဲ့...

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Kempinski Group ၏ မြန်မာပြည်တွင်ပထမဆုံးသော Rosewood ဟိုတယ် ဆောင်းအ၀င်တွင် ဖွင့်လှစ်မည်

0
ကန့်ကွက်မှုများစွာနှင့် ကြုံခဲ့ရသော ကမ်းနားလမ်းရှိ တရားလွှတ်တော် အဆောက်အဦးဟောင်းကို ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ် ယခုနှစ်ဆောင်းအ၀င်တွင် ဖွင့်လှစ်နိုင်တော့မည်ဟု Rosewood Hotels & Resorts မှ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားလိုက်ပါတယ်။ ရဲဋ္ဌာနချုပ်အဖြစ် ၁၉၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့သော ကမ်းနားလမ်းရှိ အချက်အချာကျနေရာဖြစ်သော နန်းသီတာဆိပ်ကမ်းအနီးရှိ တရားလွှတ်တော် အဆောက်အဦးဟောင်းကို...

နိုင်ငံခြားသားမိတ်ဆွေတွေကို ဒီဒေသတွေခေါ်သွားလိုက်ပါ

0
ကိုယ့်သူငယ်ချင်းအပေါင်းအသင်းတွေ အထူးသဖြင့်နိုင်ငံခြားကမိတ်ဆွေတွေကို မြန်မာနိုင်ငံအနှံ့လှည့်လည်ပြသချင်တယ်။ ဒါပေမယ့် ရောက်ဖူးပြီးသားသွားဖူးပြီးသားနေရာတွေမဟုတ်ဘဲ လူသိပ်မသိသေးတဲ့နေရာတွေနဲ့ လည်လို့ကောင်းမယ့်နေရာတွေကိုလည်းပြချင်တယ်ဆိုပါတော့။ အဲ့ဒီအခါမှာသင့်အနေနဲ့ခရီးသွားအေဂျင်စီတခုခုနဲ့ချိတ်ဆက်ပြီးသွားရင်တော့ အစစအရာရာသူတို့ကိုပြောပြပြီး အေးအေးဆေးဆေးလိုက်ပါသွားရုံပါပဲ။ ဒါမဟုတ်ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ်သွားချင်ရင်တော့ ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာကြိုစီစဉ်ထားမှ တကယ်သွားတဲ့အခါအခက်အခဲမတွေ့မှာပါ။ Khiri Travel Myanmar ရဲ့မန်နေးဂျင်းဒါရိုက်တာ Edwin Briels ကလာမယ့်မုတ်သုန်ရာသီမှာခရီးထွက်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် အခုလိုလမ်းညွှန်ပေးထားပါတယ်။ မွန်နှင့်ကရင်ပြည်နယ် မကြာသေးခင်ကမှရှာဖွေတွေ့ရှိခဲ့တဲ့ ရေဂူကိုလေ့လာပါ၊ နေ၀င်ချိန်ဆိုထောင်နဲ့ချီတဲ့ လင်းနို့တွေပျံသန်းနေတာကိုတွေ့ရမယ်။ဇွဲကပင်တောင်တက်ပါ။စပါးခင်းတွေထဲမှာလှေလှော်ပါ၊ သန်လွင်မြစ်ပေါ်မှာလှေစီးပါ၊ ဦးနာအောက်ရွာကလည်းလည်လို့ကောင်းပါတယ်။ဒေသခံအိမ်ချက်ဟင်းလျာတွေကိုမြည်းစမ်းကြည့်ဖို့မမေ့ပါနဲ့။ရန်ကုန်ကိုရထားစီးပြန်ရင်း လမ်းတလျှောက်ကရှုခင်းတွေကိုခံစားပါ။ ကယားပြည်နယ်နှင့် ဆမ်ကာကန် ကယားလူမျိုးစုတွေနဲ့ဆက်ဆံစကားပြောကြည့်ပါ၊ မျိုးနွယ်စုအထိမ်းအမှတ်ကျောက်တိုင် တွေအကြောင်းလေ့လာပါ။ကယားအရက်ကိုဝက်အူချောင်းနဲ့မြည်းပါ။လီဆူးမျိုးနွယ်စုတွေနေတဲ့နေရာကိုသွားလည်ပါ၊...
Cherry blossoms in Kunming and Chongqing hotpot street food spring travel from Myanmar

နွေဦးမှာ Chongqing နဲ့ Kunming ကို လွယ်လွယ်ကူကူ ထွက်မလား 🌸 MAI flight နဲ့ Cherry Blossom ခရီးစဉ်

0
နွေဦးရောက်ပြီဆိုရင် Cherry Blossom လှလှတွေကြည့်ဖို့ China ကိုပဲ သွားမလားYangon ကနေ နွေဦးရာသီ (March - April) ဝင်လာပြီဆိုရင် ခရီးထွက်ချင်စိတ်က တက်လာတာ သာမန်ပါပဲ။ အခုချိန်မှာ trending ဖြစ်နေတဲ့ destination နှစ်ခုကတော့ Chongqing နဲ့ Kunming...

မြန်မာနိုင်ငံရောက်လာတဲ့ကမ္ဘာလှည့်အမျိုးသမီးဆိုင်ကယ်ခရီးစဉ်

0
မော်တော်ဆိုင်ကယ်စီးတယ်ဆိုရင် လူတော်တော်များများက အမျိုးသားတွေပဲစီးကြတယ်လို့ထင်လေ့ရှိပါတယ်။ တကယ်တော့မော်တော်ဆိုင်ကယ်စီးအားကစား (motorsport) ဟာ လိင်ခွဲခြားခြင်းမရှိတဲ့အားကစားတခုပါ။ မြန်မာလူမျိုးတွေအနေနဲ့လည်း မော်တော်ဆိုင်ကယ်စီးခြင်းနဲ့ပတ်သက်ပြီးနောက်ကျကျန်ခဲ့ခြင်းမရှိပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၃နှစ်က ကမ္ဘာလှည့်(ဒေါ်)တင်တင်စိန်လို့ခေါ်တဲ့အမျိုးသမီးနဲ့သူ့ခင်ပွန်းသည် ဦးဘတုပ်တို့ဟာ မြန်မာနိုင်ငံကနေ BSA ဆိုင်ကယ်လေးတစီးနဲ့ကမ္ဘာပတ်ဖူးတဲ့သာဓကတွေရှိပါတယ်။ သူ့ခေတ်သူ့အခါမှာဆိုရင် သူတို့ဇနီးမောင်နှံရဲ့ကမ္ဘာလှည့်စွန့်စားခန်းဟာအာရှတိုက်မှာပထမဆုံးဖြစ်ပါတယ်။ အခုလည်း Women Riders World Relay (WRWR) ဆိုတဲ့ကမ္ဘာလှည့်ဆိုင်ကယ်စီးတဲ့အဖွဲ့ကြီးဟာ မြန်မာနိုင်ငံကအမျိုးသမီးဆိုင်ကယ်မောင်းသူတွေနဲ့ပူးပေါင်းပြီးဆိုင်ကယ်စီးဖို့စီစဉ်နေပါပြီ။ ဇူလိုင် ၂၄ရက်နေ့မှာ ဒီအစီအစဉ်နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကို...

လောကနိဗ္ဗာန် ဆမ်ကာကန်

0
ရန်ကုန်မိုးတွေနဲ့ကင်းဝေးရာ တည်ငြိမ်အေးချမ်းတဲ့နေရာလေးတခုမှာအနားယူချင်ပါသလား။ ဟိုတယ်တွေနဲ့ဝေးရာ၊ မော်တော်ဘုတ်သံတွေနဲ့ဝေးရာရေကန်လေးတခုမှာအနားယူဖို့ စိတ်ကူးဖူးပါသလား။ ဒါဆိုရင်တော့ ဆမ်ကာကန်ဟာသင့်အိပ်မက်ထဲကနိဗ္ဗာန်ဘုံလေးဖြစ်မှာပါ။ ဒီကန်အနားမှာနေရင်း ပိုးစုန်းကြူးလေးတွေကိုကြည့်ရင်းအိပ်စက်ရမယ်၊ ငှက်လေးတွေရဲ့တွန်ကျူးသံနဲ့နိုးထရမယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုပြောင်းလဲလုပ်ကိုင်နေတဲ့ အနီးအနားကတံငါရွာလေးတွေကိုလည်းလေ့လာခွင့်ရဦးမှာပါ။ ဆမ်ကာကန်ကိုအင်းလေးကန်ကတဆင့်သွားရပါတယ်။ အင်းလေးကနေလှေနဲ့ထွက်လာတာနဲ့ ရေကြောင်းတွေကျဉ်းမြောင်းသွားပြီးတောင်ကုန်းတွေမှာကွေ့ကွေ့ကောက်ကောက်ပေါက်ရောက်နေတဲ့ သင်ပင်ချုံပင်တွေကိုမြင်ရမယ်။ လမ်းတလျှောက်ဟာသောင်ပြင်တွေ ၀ါးရုံတွေနဲ့ပြည့်နေပြီး နွားတွေနဲ့လယ်ထွန်နေတဲ့မြင်ကွင်းကိုလည်းတွေ့နိုင်တယ်။ သစ်သားအိမ်လေးတွေကို ဘေးတဘက်တချက်မှာတွေ့နိုင်ပြီး သောင်ပြင်မှာရေချိုးနေကြတဲ့မိသားစုတွေကိုလည်း မကြာမကြာမြင်ရပါလိမ့်မယ်။ ဒီကျေးရွာလေးတွေဟာ အချိန်ကာလရဲ့တိုက်စားမှုကကင်းလွတ်နေပြီး ခေတ်စနစ်ရဲ့လွှမ်းမိုးမှုကိုမခံရဘဲ သီးသန့်တည်ရှိနေသလိုပါပဲ။ ဘုရားစေတီတော်တော်များများတွေ့နိုင်ပြီး ဘုရားထီးတော်တွေနဲ့အပြိုင်မြင့်မားစွာပေါက်ရောက်နေတဲ့ သစ်ပင်ကြီးတွေလည်းတော်တော်ပေါတယ်။ လေတိုက်လိုက်တိုင်းစေတီပုထိုးတွေက ဆည်းလည်းသံတွေကိုလည်းကြားရမယ်။ စေတီပုထိုးအပျက်တခုစီမှာလည်း သူတို့ကိုယ်ပိုင်ရာဇ၀င်တွေရှိတယ်လို့သိရပါတယ်။ ဒီခရီးလမ်းကိုလှေနဲ့သွားလို့ရသလို ညောင်ရွှေကနေကားနဲ့သွားရင်းလည်း ဘုရားတွေဖူးလို့ရပါတယ်။ ညောင်ရွှေက ဆမ်ကာကန်ကိုကားနဲ့သွားရင်တော့...