Fantastic Beasts: The Secrets of Dumbledore Review

0
Fantastic Beasts saga ရဲ့ တတိယမြောက်ရုပ်ရှင်ကဒုတိယကားထက်ပိုကောင်းတယ်လို့တော့ပြောရမယ်။ ဇာတ်လမ်းကပိုသွက်တယ်၊ ရယ်ရတယ်၊ visual တွေလှတယ်။ ဒါပေမယ့် Harry Potter ဇာတ်ကားတွေကိုတော့မမီသေးဘဲ Harry Potter ရဲ့အရှိန်နဲ့ငွေရှာဖို့ရိုက်ကူးထားတဲ့ ဇာတ်ကားတကားသာဖြစ်နေပါသေးတယ်။ Spoiler ပါလို့ကြည့်ပြီးမှဖတ်ပါ။ Fantastic Beasts and Where to Find Them စထွက်တော့ဝမ်းသာမိတဲ့သူတွေထဲမှာ ကျနော်လည်းပါတယ်။...

Sonic the Hedgehog 2 Review

0
Sonic 2 ဟာတကမ္ဘာလုံးဝင်ငွေဒေါ်လာသန်း ၃၃၀ကျော်နဲ့ရုံဝင်ငွေအမြင့်ဆုံး ဗီဒီယိုဂိမ်းအခြေခံရုပ်ရှင်ဖြစ်သွားပါပြီ။ ဒါဟာသူ့အရှေ့က Sonic the Hedgehog တင်ခဲ့တဲ့စံချိန်ကိုထပ်ချိုးလိုက်တာပါပဲ။ ဟောလိဝုဒ်ရုပ်ရှင်တွေမှာများသောအားဖြင့် sequel တွေကဂွမ်းတတ်တာမို့ Sonic 2 ကတော့ဒီအစဉ်အလာကိုကျော်ဖြတ်နိုင်ခဲ့တယ်ဗျ။ Sonic 2 ဟာပထမကားမှာပြီးသွားတဲ့နေရာကနေအစပြုတယ်။ Mushroom Planet ကိုရောက်သွားတဲ့ Dr Robotnik (Jim Carrey) ဟာဂြိုဟ်ပေါ်ကနေလွတ်လမ်းရှာရင်း Knuckles...

အခင်းအကျင်းသစ်ကြားက Wathann ၁၀နှစ်ပြည့်

0
Covid-19 ကပ်ရောဂါကြောင့် ၁၀နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် Online ကနေကျင်းပမယ့် Wathann Film Festival (ဝဿန်ရုပ်ရှင်ပွဲတော်) ဟာအောက်တိုဘာ ၁၀ရက်နေ့ကျရင်စတင်တော့မှာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနှစ်ဟာ Wathann ၁၀နှစ်ပြည့်ဖြစ်သလို မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ပြည့်တဲ့နှစ်လည်းဖြစ်နေတယ်။ ဒီလိုထူးခြားတဲ့အခင်းအကျင်းတွေကြားမှာ Wathann ကိုဘယ်လိုကျင်းပမလဲဆိုတာ Wathann ရဲ့ Festival Director မသူသူရှိန်ကို email ကတဆင့်မေမြန်းဖြစ်ခဲ့ပါတယ်။ ၁)...

Mulan 2020 (Honest Review)

0
Mulan ရဲ့ live-action ကိုမျှော်နေကြတဲ့သူအများကြီးပါပဲ။ တချို့ကလည်း Liu Yifei ကိုကြည့်ချင်လို့၊ တချို့ကလည်း ငယ်ငယ်ကကြည့်ခဲ့တဲ့ကာတွန်းရုပ်ရှင်ကိုဘယ်လောက်မီအောင်ပြနိုင်လဲသိချင်လို့။ Disney ကတချိန်ကကျော်ကြားခဲ့တဲ့ကာတွန်းရုပ်ရှင်တွေကို ရှုထောင့်အသစ်တမျိုးနဲ့ live-action အဖြစ်ပုံဖော်နေတာမှာ Maleficent မူရင်းနဲ့ကွဲထွက်တဲ့အရည်အသွေးကောင်းရုပ်ရှင်တွေပေါ်လာသလို Lion King လို ဘာရသအသစ်မှမပေးနိုင်တဲ့ကြည့်ကောင်းရုံရုပ်ရှင်တွေလည်းပါလာပါတယ်။ Mulan live-action ကလည်းကာတွန်းနဲ့ဇာတ်လမ်းကွဲမယ်ဆိုတာသိပေမယ့် သူဘယ်လိုသရုပ်ဖော်မလဲဆိုတာသိချင်လို့ကြည့်ဖြစ်ခဲ့ပြီး ထင်မြင်ချက်လေးတွေရေးချင်ပါတယ်။ Spoiler alert ပါ။ ဇာတ်လမ်းကတော့ထုံးစံအတိုင်းခြေထောက်မကောင်းတဲ့ဖခင်ဖြစ်သူကိုယ်စား...

Chadwick Boseman ကိုအမှတ်ရနေစေမယ့်ရုပ်ရှင် ၅ကား

0
Black Panther အဖြစ်လူသိများခဲ့တဲ့ Chadwick Boseman ဟာသောကြာနေ့ကပဲ အူမကြီးကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ပါပြီ။ အသက် ၄၃နှစ်ပဲရှိသေးတဲ့ Boseman ဟာအူမကြီးကင်ဆာကို ၄နှစ်တာခံစားနေခဲ့ရပေမယ့် သူ့ရောဂါအကြောင်းလူသိရှင်ကြားမကြေညာခဲ့ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်ခဲ့ရပေမယ့် သူ့ပရိသတ်တွေအမြဲအမှတ်ရနေစေမယ့် ရုပ်ရှင်တွေအများကြီးမှာပါဝင်သရုပ်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒီထဲကအကောင်းဆုံး ၅ကားကိုဖော်ပြပေးလိုက်ပါတယ်။ ငြိမ်းချမ်းရာဘုံဘဝမှာအနားယူနိုင်ပါစေ Boseman ရေ။ 42 (2013) သူခေါင်းဆောင်အဖြစ်ပထမဆုံးပါဝင်ခွင့်ရတဲ့ရုပ်ရှင်ဖြစ်ပြီး ပရိသတ်နဲ့ဝေဖန်ရေးဆရာတွေရဲ့အာရုံစိုက်မှုကို ပထမဆုံးရခဲ့တဲ့ရုပ်ရှင်လည်းဖြစ်တယ်။ ဒီကားထဲမှာ Boseman ဟာအမေရိကန်လူမည်းဘေ့စ်ဘောကြယ်ပွင့် Jackie...

Project Power (Honest Review)

0
Netflix က superhero genre ကိုပဲ mainstream နဲ့ကွဲပြားတဲ့ဇာတ်လမ်းတွေကို အမျိုးမျိုးစမ်းသပ်လေ့ရှိပါတယ်။ ရလဒ်အဖြစ် Umbrella Academy လို နှစ်သက်စရာ show ထွက်လာသလို Old Guard လိုအပျင်းပြေရုံရုပ်ရှင်တွေလည်းရှိခဲ့ပါတယ်။ Project Power က alternative superhero ရုပ်ရှင်ကားမျိုးပါ။ Power လို့ခေါ်တဲ့ဆေးကိုသောက်လိုက်ရင် ၅မိနစ်စာအစွမ်းသတ္တိတခုရပါတယ်။ ဒါပေမယ့်ဒီဆေးကကိုယ့်ကိုဘယ်လိုစွမ်းအားပေးမလဲဆိုတာ...

မိုးအေးအေးနဲ့သရဲကားကြည့်မယ်

0
မိုးတွေရွာနေတဲ့ညမှာခြောက်ခြောက်ခြားခြားသရဲကားလေးကြည့်ရတဲ့အရသာကိုကြိုက်တဲ့သူတွေအတွက် အသဲတအေးအေးကြည့်ရမယ့် ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေကိုဖော်ပြပေးလိုက်ပါတယ်။ Netflix မှာကြည့်လို့ရပါတယ်။ Apostle The Wicker Man နဲ့ Midsommarတို့လိုဇာတ်လမ်းမျိုးကြိုက်တယ်ဆိုရင် Apostle ကိုလည်းသဘောကျလိမ့်မယ်။ ၁၉၀၅ခုနှစ် အင်္ဂလန်နိုင်ငံမှာဇာတ်အိမ်တည်ထားပြီး Dan Stevens နဲ့ Michael Sheen တို့အဓိကပါဝင်ထားပါတယ်။ Thomas Richardson (Stevens) ဟာသူ့ညီမကို ယဇ်ပူဇော်ဖို့ဖမ်းခေါ်သွားတဲ့တိတ္ထိဘာသာရေးဂိုဏ်းထဲဝင်ရောက်ပြီးညီမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ။ Sheen ကအဲ့ဒီဂိုဏ်းရဲ့ခေါင်းဆောင်အဖြစ်ပါဝင်ထားပါတယ်။ Ares Dutch စီးရီးဖြစ်ပြီး...

Pontianak (သို့) တစ္ဆေမလေး၏ကြေကွဲဖွယ်ပုံပြင်

0
ခုတလော Facebook အသုံးပြုသူတွေကြားရေပန်းစားနေတဲ့ Revenge of the Pontianak ဇာတ်လမ်းအကြောင်းပြောပြချင်ပါတယ်။ မကြည့်ရသေးတဲ့သူတွေအတွက်ဒီကားကို Facebook မှာဘယ်လိုကြည့်ရမလဲဆိုတာကိုလည်းညွှန်ပြထားသေးတာမို့ ပို့စ်ကိုဆုံးအောင်ဖတ်ကြည့်လိုက်နော်။ Revenge of the Pontianak ဆိုတာ စင်ကာပူနဲ့မလေးရှားဖက်စပ်ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီး ၂၀၁၉ခုနှစ် သြဂုတ်မှာစင်ကာပူနိုင်ငံမှာရုံတင်ပြသခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၆၅ခုနှစ် မလေးရှားနိုင်ငံကကျေးရွာလေးတရွာမှာ Khalid နဲ့ Siti ဆိုတဲ့စုံတွဲဟာ မင်္ဂလာပွဲကျင်းပဖို့စီစဉ်နေတုန်း သူတို့ရွာကရွာသားတွေဟာတယောက်ပြီးတယောက်...

နွံ

0
BDSM ဆက်ဆံရေးကိုရုပ်ရှင်တွေထဲရိုက်ပြတာက ဆယ်စုနှစ်များစွာကြာနေပြီဖြစ်ပေမယ့် 50 Shades of Grey ကတော့လူသိအများဆုံးလို့ပြောရပါလိမ့်မယ်။ BDSM ဆိုတာ ကိုယ့် partner ကိုချုပ်နှောင်ခြင်း (bondage)၊ ထားရာနေစေရာသွားကိုယ့်အမိန့်ကိုနာခံစေခြင်း (discipline)၊ နှိပ်စက်ကလူပြုခြင်း (sadism)၊ နိုင်ထက်စီးနင်းဆက်ဆံခံရတာကိုသာယာခြင်း (masochism) ဆိုတဲ့အပြုအမူတွေပေါင်းစပ်ထားတာပါ။ ဒီဆက်ဆံရေးဟာလူအများစုအတွက်တော့မနှစ်မြို့စရာဖြစ်ပေမယ့် ဒါကိုမှသာယာတတ်သူတွေအတွက်တော့ နွံမှာနှစ်နေသလိုအချိန်ကြာလာလေရုန်းထွက်ဖို့ခက်လေပါပဲ။ BDSM ဆက်ဆံရေးနဲ့လူ့စိတ်အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်တွေကိုပညာပေးသဘောပြောပြချင်ပါတယ်။ 18+...

ရိုက်လက်စရိုက်ကွင်းကနေ ရုတ်တရက်နှုတ်ဆက်ထွက်ခွာခဲ့ရဖူးတဲ့ နာမည်ကြီးသရုပ်ဆောင်များး

0
ရုပ်ရှင်ကား‌ေကာင်းတစ်ကားကိုရိုက်ကူးဖန်တီးဖို့ဆိုတာ ခက်ခဲနက်နဲလွန်းတဲ့အလုပ်တစ်ခုဖြစ်သလို အဘက်ဘက်ကပြီးပြည့်စုံ‌‌ေနပါမှလည်း ဖြစ်မြောက်လာနိုင်တဲ့ကိစ္စပါ။ တစ်ခါတလေ ယ ရုပ်ရှင်ရိုက်ကူး‌ေရးမှာပါဝင်‌ေနတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ တစ်ဦးဦး‌ေကြာင့်‌အလွဲအမှားတစ်ခုခုဖြစ်သွားလို့ ဆုံးရှုံးလိုက်ရမှာ‌ေတွကလည်း အများသားပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ကွင်းမှာ တစ်ခုခုလွဲမှားလုပ်မိလိုက်တဲ့ဘယ်သူမဆို (Mega Star တစ်ဦးပင်ဖြစ်နေ‌ပါစေ) ရိုက်ကူးရေးလုပ်ငန်းစဥ်ထဲကထုတ်ပယ်ခြင်းကို ခံလိုက်ရနိုင်ပါတယ်။ အခုဖော်ပြပေးလိုက်တာကလည်း ရုပ်ရှင်ရိုက်ကူးလက်စအချိန်အတွင်းမှာတင် အကြောင်းအမျိုးမျိုးကြောင့်ထုတ်ပယ်ခံရ/ နုတ်ထွက်ခဲ့ရတဲ့ နာမည်ကြီးသရုပ်ဆောင်တချို့ရဲ့အဖြစ်အပျက်တွေပါ။ ဘာ‌ေကြာင့်များ သူတို့ဒီလိုလွဲခဲ့ကြရလဲ...