အခုရံုတင္ေနတဲ့ Frozen 2 ကိုေတာ္ေတာ္မ်ားမ်ားၾကည့္ျပီးေလာက္ျပီထင္ပါတယ္။ ဒီေဆာင္းပါးမွာ Frozen 2 ရဲ႕ေနာက္ကြယ္ကဒ႑ာရီပံုျပင္ေတြနဲ႔ အယူအဆေတြအေၾကာင္းေျပာျပခ်င္တယ္။ SPOILER ပါမယ္ေနာ္။ ဇာတ္ကားထဲကကိစၥေတြအေၾကာင္းရွင္းျပတဲ့ေဆာင္းပါးမုိ႔ ၾကည့္ျပီးမွဖတ္တာပိုအဆင္ေျပပါလိမ့္မယ္။
Frozen 2 ကိုယ္တုိင္ကိုက စကင္ဒီေနးဗီးယားတုိင္းျပည္ကရိုးရာပံုျပင္ကိုအေျခခံထားတာပါ။ ဒီပံုျပင္မွာေသြးေအးရက္စက္တဲ့ႏွင္းေဒ၀ီဟာ ကေလးသူငယ္ေတြကိုခဲသြားေအာင္ျပဳစားတတ္သူလို႔ နာမည္ေက်ာ္ပါတယ္။ ထံုးစံအတိုင္းလူၾကီးမိဘေတြက ကေလးေတြညဘက္အျပင္ထြက္မေဆာ့ရဲေအာင္ ေျခာက္လွန္႔တဲ့အေနနဲ႔ေျပာၾကတာျဖစ္ျပီး ဒီအေၾကာင္းကို Hans Christian Anderson က Snow Queen ဆိုတဲ့ပံုျပင္ေရးခဲ့တယ္။ ဒီထဲမွာေတာ့ Snow Queen ဟာ villain ျဖစ္ပါတယ္။
Frozen 2 မွာေတာ့စကင္ဒီေနးဗီးယားလူမ်ိဳးေတြရဲ႕ေရွးေဟာင္းဘာသာေရးယံုၾကည္မႈ၊ အေနာက္တုိင္းယဥ္ေက်းမႈရဲ႕၀ိေသသလကၡဏာေတြကိုပါေရာေႏွာထားတယ္။
ဇာတ္လမ္းအက်ဥ္း

Elsa နန္းတက္ျပီး ၃ႏွစ္ေလာက္ၾကာတဲ့အခ်ိန္မွာဇာတ္အိမ္တည္ထားတယ္။ Elsa ဟာညီမျဖစ္သူ Anna၊ Kristoff၊ Olaf၊ Sven တို႔နဲ႔အတူ Arendelle မွာေနထိုင္ေနပါတယ္။ တေန႔မွာအမ်ိဳးအမည္မသိတဲ့အသံတခုေနာက္ကိုလိုက္ရင္း Elsa ဟာ ဓာတ္ၾကီး ၄ပါး၀ိဥာဥ္ေတြကို မေတာ္တဆႏိႈးလိုက္မိပါတယ္။ ဒီ၀ိဥာဥ္ေတြရဲ႕ေဒါသေၾကာင့္ ျပည္သူေတြဟာ Arendelle ကေနထြက္ေျပးၾကရတယ္။ အဲ့ဒီေနာက္ Arendelle ဆီ Trolls ေတြေရာက္လာျပီး ႏိုင္ငံကိုကယ္တင္ဖို႔အတြက္ သူ႔ရဲ႕အတိတ္ကိုနားလည္ဖို႔လိုတယ္ဆိုတာ Elsa တို႔ကိုေျပာပါတယ္။ ဒီလိုနဲ႔ပဲ အသံရဲ႕လမ္းညႊန္ရာအတိုင္း Elsa တို႔ဟာေျမာက္အရပ္ကိုခရီးထြက္လာခဲ့ပါတယ္။
ဓာတ္ၾကီး ၄ပါး

အေရွ႕တုိင္းနဲ႔အေနာက္တိုင္းယဥ္ေက်းမႈမွာ ကမာၻၾကီးကို မီး ေရ ေလ ေျမ ဓာတ္ၾကီး ၄ပါးလႊမ္းမိုးရာေနရာအျဖစ္ ေဖာ္ျပေလ့ရွိပါတယ္။ Frozen 2 မွာလည္း ဒီ ၄မ်ိဳးကိုကိုယ္စားျပဳတဲ့ ၀ိဥာဥ္ (Elemental Spirit) ေတြကိုမိတ္ဆက္ထားတယ္။
Earth Giants ေတြဟာ ေျမဓာတ္ကိုကိုယ္စားျပဳျပီး Gale ကေတာ့ ေလဓာတ္ကိုကိုယ္စားျပဳပါတယ္။ Giant ေတြဟာအေနာက္တုိင္းနတ္သမီးပံုျပင္ေတြမွာပါေလ့ရွိတဲ့အတြက္ ပရိသတ္နဲ႔သိပ္မစိမ္းပါဘူး။ Gale ကေတာ့ဂရိေလနတ္သား Zephyrus ကိုမွီးထားတာပါ။ ဒီနာမည္ကေနက်ေနာ္တို႔ယေန႔သံုးေနတဲ့ အဂၤလိပ္ေ၀ါဟာရ Zephyr (ေလျပည္ေလညွင္း) ဆင္းသက္လာပါတယ္။ ဇာတ္လမ္းထဲမွာေတာ့ Gale ဟာေလလႈိင္းအျဖစ္နဲ႔ပဲျမင္ရတယ္။
Trailer ထဲမွာ ပင္လယ္ထဲ Elsa နဲ႔အားျပိဳင္ေနတဲ့ျမင္းၾကီးကေတာ့ေရ၀ိဥာဥ္ Nokk ျဖစ္ပါတယ္။ Nokk ဟာ Germanic ပံုျပင္ေတြထဲကျဖစ္ျပီး ဂ်ာမနီမွာဆို Nix၊ ဆြီဒင္မွာဆို Nock လို႔သိၾကပါတယ္။ ဒ႑ာရီေတြထဲမွာေတာ့ Nokk ဟာရုပ္ေျပာင္းရုပ္လႊဲလုပ္ႏုိင္သူျဖစ္ျပီး လူေတြကိုေရထဲဆင္းေအာင္ဆြဲေဆာင္ရင္း ေရႏွစ္သတ္ေလ့ရွိတဲ့နတ္ဆိုးျဖစ္ပါတယ္။ ဇာတ္ကားထဲမွာေတာ့ေမွာ္၀င္ေတာအုပ္ရဲ႕ အေစာင့္အေရွာက္၀ိဥာဥ္အျဖစ္ေတြ႔ရမယ္။ ပုတ္သင္ညိဳေလး Bruni ကေတာ့ မီး၀ိဥာဥ္ျဖစ္ပါတယ္။ သူကေတာ့ Elsa နဲ႔အလြမ္းအသင့္ဆံုးလို႔ဆိုရမယ္ဗ်။
Elsa ကိုယ္တိုင္ကေတာ့ ပဥၥမေျမာက္ဓာတ္ျဖစ္ျပီး ႏွင္းနဲ႔အေအးဓာတ္ကိုကိုယ္စားျပဳပါတယ္။ သူ႔ရဲ႕ျဖစ္တည္မႈအေၾကာင္းကိုေတာ့ရုပ္ရွင္ထဲမွာပဲၾကည့္လိုက္ပါေတာ့ေနာ္။
Enchanted Forest and Runes

ေမွာ္၀င္ေတာအုပ္ (Enchanted Forest) ကို ဓာတ္ၾကီး ၄ပါးကိုကိုယ္စားျပဳတဲ့ rune stone ၄ခုနဲ႔ လူေတြမ၀င္ႏုိင္ေအာင္ကာကြယ္ထားတယ္။ ေတာအုပ္ၾကီးေတြကသမိုင္းအဆက္ဆက္ကပံုျပင္ေတြထဲမွာ သဘာ၀လြန္သက္ရွိေတြ (elves၊ trolls စသျဖင့္) မွီတင္းေနထိုင္ရာ၊ ေမွာ္ပညာသက္၀င္လႈပ္ရွားရာျဖစ္ခဲ့ပါတယ္။ ေတာအုပ္ကိုကာကြယ္ထားတဲ့ေက်ာက္တုိင္ၾကီးေတြကေတာ့ Anglo-Saxon တိတၳိကိုးကြယ္မႈေတြနဲ႔ဆက္စပ္ေနတဲ့ေက်ာက္တုိင္ၾကီးေတြကို inspire ယူထားတာျဖစ္တယ္။
Rune stone ေပၚထြင္းထားတဲ့အကၡရာေတြကေတာ့ေရွးအခါကဗိုက္ကင္းေတြရဲ႕ ဂူသခ်ၤိဳင္းေတြမွာေတြ႔ရေလ့ရွိတဲ့သေကၤတေတြကိုအေျခခံထားတာပါ။ ဗိုက္ကင္းလူမ်ိဳးေတြဟာ rune ေတြကိုအထြတ္အျမတ္ထားၾကျပီး နတ္ဘုရား Odin ရဲ႕လက္ေဆာင္လို႔ယူဆၾကပါတယ္။ ေမွာ္ပညာနဲ႔ဆက္စပ္အသံုးျပဳေလ့ရွိျပီး rune ေတြကိုေသေသခ်ာခ်ာနားမလည္ဘဲအလြန္အကၽြံအသံုးျပဳရင္ နတ္ေဒ၀ါေတြရဲ႕အမ်က္ေဒါသကိုခံရေလ့ရွိတယ္လို႔ယံုၾကည္ၾကတယ္။ ဒီအယူအဆကိုအေျခခံျပီးရုပ္ရွင္ထဲမွာ Elsa ေၾကာင့္ Arendelle တေလွ်ာက္ icy rune ေတြပ်ံ႕ကုန္တဲ့အတြက္ တျခား Elemental Spirit ေတြႏိုးလာေၾကာင္းျပထားပါတယ္။
Unicode
အခုရုံတင်နေတဲ့ Frozen 2 ကိုတော်တော်များများကြည့်ပြီးလောက်ပြီထင်ပါတယ်။ ဒီဆောင်းပါးမှာ Frozen 2 ရဲ့နောက်ကွယ်ကဒဏ္ဍာရီပုံပြင်တွေနဲ့ အယူအဆတွေအကြောင်းပြောပြချင်တယ်။ SPOILER ပါမယ်နော်။ ဇာတ်ကားထဲကကိစ္စတွေအကြောင်းရှင်းပြတဲ့ဆောင်းပါးမို့ ကြည့်ပြီးမှဖတ်တာပိုအဆင်ပြေပါလိမ့်မယ်။
Frozen 2 ကိုယ်တိုင်ကိုက စကင်ဒီနေးဗီးယားတိုင်းပြည်ကရိုးရာပုံပြင်ကိုအခြေခံထားတာပါ။ ဒီပုံပြင်မှာသွေးအေးရက်စက်တဲ့နှင်းဒေဝီဟာ ကလေးသူငယ်တွေကိုခဲသွားအောင်ပြုစားတတ်သူလို့ နာမည်ကျော်ပါတယ်။ ထုံးစံအတိုင်းလူကြီးမိဘတွေက ကလေးတွေညဘက်အပြင်ထွက်မဆော့ရဲအောင် ခြောက်လှန့်တဲ့အနေနဲ့ပြောကြတာဖြစ်ပြီး ဒီအကြောင်းကို Hans Christian Anderson က Snow Queen ဆိုတဲ့ပုံပြင်ရေးခဲ့တယ်။ ဒီထဲမှာတော့ Snow Queen ဟာ villain ဖြစ်ပါတယ်။
Frozen 2 မှာတော့စကင်ဒီနေးဗီးယားလူမျိုးတွေရဲ့ရှေးဟောင်းဘာသာရေးယုံကြည်မှု၊ အနောက်တိုင်းယဉ်ကျေးမှုရဲ့ဝိသေသလက္ခဏာတွေကိုပါရောနှောထားတယ်။
ဇာတ်လမ်းအကျဉ်း
Elsa နန်းတက်ပြီး ၃နှစ်လောက်ကြာတဲ့အချိန်မှာဇာတ်အိမ်တည်ထားတယ်။ Elsa ဟာညီမဖြစ်သူ Anna၊ Kristoff၊ Olaf၊ Sven တို့နဲ့အတူ Arendelle မှာနေထိုင်နေပါတယ်။ တနေ့မှာအမျိုးအမည်မသိတဲ့အသံတခုနောက်ကိုလိုက်ရင်း Elsa ဟာ ဓာတ်ကြီး ၄ပါးဝိဉာဉ်တွေကို မတော်တဆနှိုးလိုက်မိပါတယ်။ ဒီဝိဉာဉ်တွေရဲ့ဒေါသကြောင့် ပြည်သူတွေဟာ Arendelle ကနေထွက်ပြေးကြရတယ်။ အဲ့ဒီနောက် Arendelle ဆီ Trolls တွေရောက်လာပြီး နိုင်ငံကိုကယ်တင်ဖို့အတွက် သူ့ရဲ့အတိတ်ကိုနားလည်ဖို့လိုတယ်ဆိုတာ Elsa တို့ကိုပြောပါတယ်။ ဒီလိုနဲ့ပဲ အသံရဲ့လမ်းညွှန်ရာအတိုင်း Elsa တို့ဟာမြောက်အရပ်ကိုခရီးထွက်လာခဲ့ပါတယ်။
ဓာတ်ကြီး ၄ပါး
အရှေ့တိုင်းနဲ့အနောက်တိုင်းယဉ်ကျေးမှုမှာ ကမ္ဘာကြီးကို မီး ရေ လေ မြေ ဓာတ်ကြီး ၄ပါးလွှမ်းမိုးရာနေရာအဖြစ် ဖော်ပြလေ့ရှိပါတယ်။ Frozen 2 မှာလည်း ဒီ ၄မျိုးကိုကိုယ်စားပြုတဲ့ ဝိဉာဉ် (Elemental Spirit) တွေကိုမိတ်ဆက်ထားတယ်။
Earth Giants တွေဟာ မြေဓာတ်ကိုကိုယ်စားပြုပြီး Gale ကတော့ လေဓာတ်ကိုကိုယ်စားပြုပါတယ်။ Giant တွေဟာအနောက်တိုင်းနတ်သမီးပုံပြင်တွေမှာပါလေ့ရှိတဲ့အတွက် ပရိသတ်နဲ့သိပ်မစိမ်းပါဘူး။ Gale ကတော့ဂရိလေနတ်သား Zephyrus ကိုမှီးထားတာပါ။ ဒီနာမည်ကနေကျနော်တို့ယနေ့သုံးနေတဲ့ အင်္ဂလိပ်ဝေါဟာရ Zephyr (လေပြည်လေညှင်း) ဆင်းသက်လာပါတယ်။ ဇာတ်လမ်းထဲမှာတော့ Gale ဟာလေလှိုင်းအဖြစ်နဲ့ပဲမြင်ရတယ်။
Trailer ထဲမှာ ပင်လယ်ထဲ Elsa နဲ့အားပြိုင်နေတဲ့မြင်းကြီးကတော့ရေဝိဉာဉ် Nokk ဖြစ်ပါတယ်။ Nokk ဟာ Germanic ပုံပြင်တွေထဲကဖြစ်ပြီး ဂျာမနီမှာဆို Nix၊ ဆွီဒင်မှာဆို Nock လို့သိကြပါတယ်။ ဒဏ္ဍာရီတွေထဲမှာတော့ Nokk ဟာရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်သူဖြစ်ပြီး လူတွေကိုရေထဲဆင်းအောင်ဆွဲဆောင်ရင်း ရေနှစ်သတ်လေ့ရှိတဲ့နတ်ဆိုးဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့မှော်ဝင်တောအုပ်ရဲ့ အစောင့်အရှောက်ဝိဉာဉ်အဖြစ်တွေ့ရမယ်။ ပုတ်သင်ညိုလေး Bruni ကတော့ မီးဝိဉာဉ်ဖြစ်ပါတယ်။ သူကတော့ Elsa နဲ့အလွမ်းအသင့်ဆုံးလို့ဆိုရမယ်ဗျ။
Elsa ကိုယ်တိုင်ကတော့ ပဉ္စမမြောက်ဓာတ်ဖြစ်ပြီး နှင်းနဲ့အအေးဓာတ်ကိုကိုယ်စားပြုပါတယ်။ သူ့ရဲ့ဖြစ်တည်မှုအကြောင်းကိုတော့ရုပ်ရှင်ထဲမှာပဲကြည့်လိုက်ပါတော့နော်။
Enchanted Forest and Runes
မှော်ဝင်တောအုပ် (Enchanted Forest) ကို ဓာတ်ကြီး ၄ပါးကိုကိုယ်စားပြုတဲ့ rune stone ၄ခုနဲ့ လူတွေမဝင်နိုင်အောင်ကာကွယ်ထားတယ်။ တောအုပ်ကြီးတွေကသမိုင်းအဆက်ဆက်ကပုံပြင်တွေထဲမှာ သဘာဝလွန်သက်ရှိတွေ (elves၊ trolls စသဖြင့်) မှီတင်းနေထိုင်ရာ၊ မှော်ပညာသက်ဝင်လှုပ်ရှားရာဖြစ်ခဲ့ပါတယ်။ တောအုပ်ကိုကာကွယ်ထားတဲ့ကျောက်တိုင်ကြီးတွေကတော့ Anglo-Saxon တိတ္ထိကိုးကွယ်မှုတွေနဲ့ဆက်စပ်နေတဲ့ကျောက်တိုင်ကြီးတွေကို inspire ယူထားတာဖြစ်တယ်။
Rune stone ပေါ်ထွင်းထားတဲ့အက္ခရာတွေကတော့ရှေးအခါကဗိုက်ကင်းတွေရဲ့ ဂူသင်္ချိုင်းတွေမှာတွေ့ရလေ့ရှိတဲ့သင်္ကေတတွေကိုအခြေခံထားတာပါ။ ဗိုက်ကင်းလူမျိုးတွေဟာ rune တွေကိုအထွတ်အမြတ်ထားကြပြီး နတ်ဘုရား Odin ရဲ့လက်ဆောင်လို့ယူဆကြပါတယ်။ မှော်ပညာနဲ့ဆက်စပ်အသုံးပြုလေ့ရှိပြီး rune တွေကိုသေသေချာချာနားမလည်ဘဲအလွန်အကျွံအသုံးပြုရင် နတ်ဒေဝါတွေရဲ့အမျက်ဒေါသကိုခံရလေ့ရှိတယ်လို့ယုံကြည်ကြတယ်။ ဒီအယူအဆကိုအခြေခံပြီးရုပ်ရှင်ထဲမှာ Elsa ကြောင့် Arendelle တလျှောက် icy rune တွေပျံ့ကုန်တဲ့အတွက် တခြား Elemental Spirit တွေနိုးလာကြောင်းပြထားပါတယ်။