နောက်ဆုံးမှာတော့ Christian Bale က Thor: Love and Thunder မှာ ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်မယ်ဆိုတာကို ကိုယ်တိုင်အတည်ပြုပြောကြားလိုက်ပြီလို့ သတင်းတွေကဖော်ပြလာကြပါတယ်။
Bale ဟာ DC ရဲ့ The Dark Night ရုပ်ရှင်မှာ Batman အဖြစ်သရုပ်ဆောင်ပြီးအောင်မြင်မှုရရှိခဲ့သူလည်းဖြစ်ပြီး အခု Marvel မှာ ပါဝင်လာမယ်ဆိုတဲ့အတွက် Ryan Reynolds နဲ့ Ben Affleck တို့နည်းတူ DC နဲ့ Marvel နှစ်ခုလုံးရဲ့ အဖြစ်သရုပ်ဆောင်ဖူးသူဖြစ်လာတော့မှာပါ။
ပြီးခဲ့တဲ့လတွေတုန်းက ကောလာဟလအဖြစ်သာရှိခဲ့ပေမဲ့လည်း “Christian Bale က ကျွန်မတို့ရဲ့ ဗီလိန်ဖြစ်လာမယ်ဆိုတော့ တကယ်ကြည့်ကောင်းပြီပေါ့။ ဇာတ်ညွှန်းကိုဖတ်ပြီးပေမဲ့ ပြောပြလို့တော့မရဘူး။ စိတ်လှုပ်ရှားစရာပဲလို့ နာတာလီနဲ့တောင် ပြောဖြစ်သေးတယ်။ လူဟောင်းတွေကော လူသစ်တွေကိုပါ တွေ့ရမှာပါ” လို့ Tessa Thompson ရဲ့ အတည်ပြုပြောဆိုခဲ့မှုကြောင့် Bale ပါဝင်မယ့်ကိစ္စက ပိုသေချာလာခဲ့ပြီး အခုကတော့ လုံးဝသေချာသလောက်ဖြစ်သွားတာပါ။
ဘယ်ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်လာမယ်ဆိုတာ အခုထိမသဲကွဲသေးပေမဲ့ Thor ရဲ့ တူကိုကိုင်ဖို့ Worthy ဖြစ်သူ Beta Ray Bill အဖြစ်ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ Director Taika Waititi ရိုက်ကူးမယ့် ဒီရုပ်ရှင်ကားသစ်မှာ အရင်ကားတွေမှာ မတွေ့ခဲ့ရတဲ့ Natalie Portman ရဲ့ JaneForster ဇာတ်ရုပ်ကိုလည်း ဒီကားမှာ ထူးခြားမှုတွေနဲ့အတူ ပြန်မြင်ရဖို့ရှိနေပါတယ်။
(Zawgyi)
ေနာက္ဆုံးမွာေတာ့ Christian Bale က Thor: Love and Thunder မွာ ဗီလိန္ဇာတ္ေကာင္အျဖစ္ ပါဝင္မယ္ဆိုတာကို ကိုယ္တိုင္အတည္ျပဳေျပာၾကားလိုက္ၿပီလို႔ သတင္းေတြကေဖာ္ျပလာၾကပါတယ္။

Bale ဟာ DC ရဲ႕ The Dark Night ႐ုပ္ရွင္မွာ Batman အျဖစ္သ႐ုပ္ေဆာင္ၿပီးေအာင္ျမင္မႈရရွိခဲ့သူလည္းျဖစ္ၿပီး အခု Marvel မွာ ပါဝင္လာမယ္ဆိုတဲ့အတြက္ Ryan Reynolds နဲ့ Ben Affleck တို့နည္းတူ DC နဲ့ Marvel နွစ္ခုလံုးရဲ့ အျဖစ္သရုပ္ေဆာင္ဖူးသူျဖစ္လာေတာ့မွာပါ။

ၿပီးခဲ့တဲ့လေတြတုန္းက ေကာလာဟလအျဖစ္သာရွိခဲ့ေပမဲ့လည္း “Christian Bale က ကြၽန္မတို႔ရဲ႕ ဗီလိန္ျဖစ္လာမယ္ဆိုေတာ့ တကယ္ၾကည့္ေကာင္းၿပီေပါ့။ ဇာတ္ၫႊန္းကိုဖတ္ၿပီးေပမဲ့ ေျပာျပလို႔ေတာ့မရဘူး။ စိတ္လႈပ္ရွားစရာပဲလို႔ နာတာလီနဲ႔ေတာင္ ေျပာျဖစ္ေသးတယ္။ လူေဟာင္းေတြေကာ လူသစ္ေတြကိုပါ ေတြ႕ရမွာပါ” လို႔ Tessa Thompson ရဲ႕ အတည္ျပဳေျပာဆိုခဲ့မႈေၾကာင့္ Bale ပါဝင္မယ့္ကိစၥက ပိုေသခ်ာလာခဲ့ၿပီး အခုကေတာ့ လုံးဝေသခ်ာသေလာက္ျဖစ္သြားတာပါ။


ဘယ္ဇာတ္ေကာင္အျဖစ္နဲ႔ ပါဝင္လာမယ္ဆိုတာ အခုထိမသဲကြဲေသးေပမဲ့ Thor ရဲ႕ တူကိုကိုင္ဖို႔ Worthy ျဖစ္သူ Beta Ray Bill အျဖစ္ပါဝင္လာႏိုင္တယ္လို့ ခန႔္မွန္းေနၾကပါတယ္။ Director Taika Waititi ႐ိုက္ကူးမယ့္ ဒီ႐ုပ္ရွင္ကားသစ္မွာ အရင္ကားေတြမွာ မေတြ႕ခဲ့ရတဲ့ Natalie Portman ရဲ႕ JaneForster ဇာတ္႐ုပ္ကိုလည္း ဒီကားမွာ ထူးျခားမႈေတြနဲ႔အတူ ျပန္ျမင္ရဖို႔ရွိေနပါတယ္။
Ref: Hypebeast
Thiha