Advertisement

ဧပြီလအတွက် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲအညွှန်းတွေပါ။ ဒီစာရင်းထဲမှာမပါပေမယ့် ကိုယ့်စိတ်ကြိုက်ဇာတ်လမ်းတွေရှိရင်လည်း comment ပေးသွားပါဦးနော်။

Love Wedding Repeat (April 10)

Love, Rosie တို့ Me Before You တို့လိုအချစ်ကားတွေ နဲ့အောင်မြင်ပြီးတဲ့နောက်ပိုင်းအသစ်ထွက်ရှိလာတဲ့ Sam Claflin ရဲ့ rom-com ရုပ်ရှင်လေးပါ။ Olivia Munn နဲ့ Frieda Pinto တို့ကအားဖြည့်ထားတာမို့ သရုပ်ဆောင်ပိုင်းတော်တော်ကောင်းတယ်ပြောရမယ်။ ဒီကားမှာ Claflin ရဲ့ဇာတ်ကောင် Jack ဟာညီမဖြစ်သူရဲ့မင်္ဂလာပွဲအောင်အောင်မြင်မြင်ပြီးစီးသွားဖို့စီစဉ်ရင်းမမျှော်လင့်ဘဲ စိတ်ဆိုးမပြေသေးတဲ့သူ့ရည်းစားဟောင်းနဲ့မင်္ဂလာပွဲမှာပြန်တွေ့ကြတယ်။ ဒီကြားထဲဖိတ်မထားဘဲရောက်လာတဲ့ဧည့်သည်တယောက်နဲ့လည်းရင်ဆိုင်ရတဲ့အပြင် သူသဘောကျနေတဲ့မိန်းကလေးကလည်းပွဲတက်လာပါတယ်။ အလွဲအချော်ပေါင်းများစွာကြားက ဒီမင်္ဂလာပွဲကိုဘယ်လိုကျင်းပကြမလဲဆိုတာ တဝါးဝါးတဟားဟားနဲ့ကြည့်ကြရမှာပါ။ Trailer နဲ့တင်တော်တော်ရယ်ရတယ်ဗျ။

Extraction (April 24)

Action ဇာတ်ကားခပ်ကြမ်းကြမ်းကြိုက်တယ်ဆိုရင်တော့ Extraction ကိုညွှန်းပါတယ်။ ဒီကားထဲမှာ Chris Hemsworth ကကြေးစားစစ်သားတယောက်အဖြစ်ပါဝင်ထားပြီး ဘင်္ဂလားဒေ့ရှ်ကမူးယစ်ရာဇာတယောက်ရဲ့သားကိုပြန်ပေးသမားတွေလက်ထဲကကယ်တင်ရတဲ့ဇာတ်လမ်းပါ။ လက်နက်မှောင်ခိုတွေ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေရဲ့ကမ္ဘာမှာ အပြစ်မဲ့တဲ့ကလေးငယ်ကိုကယ်တင်တဲ့ခရီးလမ်းဟာ အခက်အခဲတွေနဲ့ပြည့်နေတယ်။ သူတို့ ၂ယောက်လုံးအသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလား။

Cooked with Cannabis (April 20)

ကြည့်နေကျမဟုတ်တဲ့ cooking show တခုပါ။ ပုံမှန် cooking show တွေထက်ထူးခြားတာက ဆေးခြောက်ကိုဟင်းခတ်အဖြစ်သုံးပြီးဟင်းအမျိုးမျိုးချက်ပြရတာပဲ။ စားဖိုမှူး ၃ယောက်ပါမယ်။ နိုင်တဲ့သူက ဒေါ်လာ တသောင်းဆုကြေးရပါမယ်။ ဟင်းပွဲကို ဒိုင် ၃ယောက်ကအဆင့်ဆင့်အကဲဖြတ်သွားမှာဖြစ်ပြီး reality show တွေနဲ့အောင်မြင်နေတဲ့ cele တွေကိုလည်းဧည့်ဒိုင်အဖြစ်ဖိတ်ခေါ်ထားတယ်လို့သိရတယ်။ Weed တွေစားပြီးဒိုင်တွေ high နေတာကြည့်ရင်းရယ်နေရမယ့် cooking show ပါ။

Ghost in the Shell: SAC_2045 (April 23)

နာမည်ကြီး manga ကိုအခြေခံထားတဲ့ဒီဇာတ်လမ်းတွဲမှာ စက်ရုပ်လူသားစစ်သည်တော် Motoko နဲ့သူမရဲ့ကြေးစားစစ်သားအဖွဲ့ဟာ ဉာဏ်ရည်အလွန်မြင့်ပြီး သာမာန်လူတယောက်ထက်ခွန်အားကြီးမားတဲ့ Post Human တွေနဲ့ရင်ဆိုင်ရပါတယ်။ အမေရိကန်အနောက်ပိုင်းဒေသမှာ Post Human တွေနဲ့တိုက်ခိုက်ရင်း လူသားတွေကိုဉာဏ်ရည်တုနည်းပညာရဲ့အန္တရာယ်ကကယ်တင်ရပါလိမ့်မယ်။

Tigertail (April 10)

ထိုင်ဝမ်မှာဆင်းဆင်းရဲရဲနဲ့နေရတဲ့ Grover ဟာာသူ့ငယ်ချစ်နဲ့မွေးရပ်မြေကိုစွန့်လွှတ်ပြီး သူနဲ့စိတ်ချင်းမနီးစပ်တဲ့အမျိုးသမီးတယောက်နဲ့အမေရိကကိုပြောင်းရွှေ့ခဲ့ပါတယ်။ အရွယ်ရလာပြီဖြစ်တဲ့ Grover ဟာသူ့ဘဝဆုံးဖြတ်ချက်တွေကိုပြန်စဉ်းစားရင်း သူ့လိုပဲခေါင်းမာလှတဲ့သမီးဖြစ်သူ Angela နဲ့အဆင်ပြေဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ။ Trailer မှာတော့ နွမ်းပါးတဲ့အရှေ့တိုင်းသားတွေမှာဖြစ်လေ့ရှိတဲ့ အနောက်နိုင်ငံတွေကိုအထင်ကြီးတဲ့စိတ်ကိုပါးပါးလေးပြသွားပါတယ်။

Money Heist (April 3)

Season 4 ထိရောက်လာပြီဖြစ်တဲ့ Money Heist ဟာ Season 3 မှာပါးစပ်အဟောင်းသားဖြစ်ရလောက်တဲ့ cliffhanger တွေနဲ့အဆုံးသတ်ခဲ့ပါတယ်။ ဒီ season မှာတော့မပြီးပြတ်သေးတဲ့ဇာတ်လမ်းကိုအဆုံးသတ်မယ်လို့ မျှော်လင့်ရတယ်။ လတ်တလောမှာ Season 5 ဆက်ရိုက်မရိုက်မထုတ်ပြန်သေးပေမယ့် အရမ်းနာမည်ကြီးတဲ့ဇာတ်လမ်းတွဲမို့ နောက်ဆက်တွဲရိုက်လိမ့်ဦးမယ်ထင်ပါတယ်။ ပရိသတ်ကြီးကော Season 4 ကိုကြည့်ပြီးပြီလား။ Season 5 ထပ်ရိုက်မယ်ဆိုရင်ကောကြည့်ချင်သေးလား။

How to Fix a Drug Scandal (April 1)

အမေရိကန်ပြည်ထောင်စုမှာတကယ်ဖြစ်ပျက်ခဲ့တဲ့မှုခင်း ၂ခုကိုအခြေခံရိုက်ကူးထားတဲ့ documentary ဇာတ်လမ်းတွဲပါ။ မူးယစ်ဆေးတွေကိုစစ်ဆေးရတဲ့ဓာတ်ခွဲခန်းကဝန်ထမ်းကိုယ်တိုင်ဆေးစွဲနေတဲ့အခါ သူတို့ရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ပါဦးမလား။ သူတို့ရဲ့သက်သေထွက်ချက်နဲ့ထောင်နန်းစံခဲ့ရတဲ့ အပြစ်သားတွေကကော တကယ်အပြစ်ရှိရဲ့လား။ Amherst နဲ့ Massachusetts ကဓာတ်ခွဲခန်းအရာရှိ ၂ယောက်ရဲ့တကယ့်အဖြစ်အပျက်နဲ့ တရားဥပဒေအကျပ်အတည်းတွေကိုကြည့်ကြရမှာပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here