Advertisement

မေလမှာစောင့်ကြည့်သင့်တဲ့ Netflix ပေါ်ကရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေအကြောင်းမျှဝေပေးလိုက်ပါတယ်။ Netflix original မဟုတ်ပေမယ့်နာမည်ကြီးရုပ်ရှင် franchise တွေဖြစ်တဲ့ Back to the Future, Jarhead, Underworld တို့ပါမေလမှာရောက်လာဖို့ရှိတယ်။ Region restriction ထဲမပါရင်တော့ကြည့်လို့ရမှာပါ။

Space Force (29 May)

The Office လိုမျိုးအလုပ်ခွင်ဟာသဇာတ်လမ်းတွဲကြိုက်တယ်ဆိုရင်တော့ Space Force ကိုညွှန်းပါတယ်။ The Office နဲ့ပဲနာမည်ကြီးလာခဲ့တဲ့ ဇာတ်ညွှန်းဆရာ Greg Daniels နဲ့ Steve Carell တို့ဦးဆောင်ဖန်တီးထားလို့ မရယ်ရမှာတော့မပူနဲ့။ John Malkovich လည်းအားဖြည့်ပါဝင်ထားတယ်။ ဇာတ်လမ်းကတော့ Trump အစိုးရအာဏာရပြီး ၂နှစ်အကြာမှာတည်ထောင်လိုက်တဲ့ အာကာသစစ်ဆင်ရေးတပ်ဖွဲ့ Space Force ဌာနအတွင်းဖြစ်တတ်တဲ့ လုပ်ငန်းခွင်အလွဲတွေကိုဟာသမြောက်အောင်တင်ဆက်ထားတာပါ။

The Lovebirds (22 May)

Kumail Nanjiani ဆိုရင် Silicon Valley sitcom နဲ့လူသိများကြသလို ၂၀၁၇တုန်းကထွက်ရှိခဲ့တဲ့ သူ့ရဲ့ဖြစ်ရပ်မှန်ရုပ်ရှင် The Big Sick rom-com ကိုလည်းကြည့်ဖူးကြမယ်ထင်ပါတယ် (မကြည့်ရသေးရင် ကြည့်ကြည့်ပါလို့ညွှန်းပါတယ်)။ Lovebirds မှာတော့သူနဲ့ Issa Rae တို့ဟာဆက်ဆံရေးအဆင်မပြေတဲ့စုံတွဲအဖြစ်သရုပ်ဆောင်ထားပါတယ်။ တညမှာလူသတ်မှုတခုရဲ့တရားခံအဖြစ် စွပ်စွဲခံရတဲ့အတွက် သူတို့အပြစ်ကင်းကြောင်းသက်သေပြဖို့အလွန်ရှုပ်ထွေးလှတဲ့လူသတ်မှုကိုဖော်ဖို့ ကြိုးစားကြရပါတော့တယ်။ မူလကဧပြီ ၃ရက်နေ့မှာရုံတင်ဖို့စီစဉ်ထားပေမယ့် Covid-19 ကြောင့် မတင်ဖြစ်လိုက်ဘဲ Netflix ကနေထုတ်လွှင့်လိုက်ရတာပါ။

Hollywood (1 May)

ဒုတိယကမ္ဘာစစ်အပြီးဟောလိဝုဒ်ရွှေခေတ်ရဲ့အကြောင်းအခြေခံထားတဲ့ period drama ဇာတ်လမ်းတွဲပါ။ ဟောလိဝုဒ်မှာမင်းသားမင်းသမီးဖြစ်ဖို့ဘာပဲလုပ်ရလုပ်ရဆိုတဲ့လူငယ်တွေ၊ အသားအရောင် ကျားမ လိင်တိမ်းညွတ်မှုပေါ်မူတည်ပြီးခွဲခြားဆက်ဆံတတ်တဲ့အလေ့အထတွေအကြောင်းတင်ဆက်ထားတယ်။ Laura Harrier (Spider-Man: Homecoming)၊ Jim Parsons (The Big Bang Theory)၊ Samara Weaving (Ready or Not) တို့လိုနာမည်ကြီးတက်သစ်စသရုပ်ဆောင်တွေဦးဆောင်ပါဝင်ထားပါတယ်။

Mrs. Serial Killer (1 May)

ဟင်ဒီစကားပြောရုပ်ရှင်ဖြစ်ပြီး ကွင်းဆက်လူသတ်သမားအဖြစ်စွပ်စွဲခံရတဲ့ယောကျ်ားဖြစ်သူအပြစ်မရှိကြောင်း သက်သေပြဖို့ အဲ့ဒီလူသတ်မှုတွေနဲ့ဆင်တူလူသတ်မှုတွေထပ်မံဖန်တီးတဲ့ဇနီးသည်တယောက်အကြောင်း ရိုက်ကူးထားပါတယ်။

The Eddy (8 May)

Jazz ဂီတချစ်သူတွေများရှိလား။ အဲ့ဒါဆိုရင်တော့ဒီဇာတ်လမ်းတွဲကိုအကြိုက်တွေ့မှာပါ။ ပြင်သစ်မှာ jazz club ပိုင်ရှင်တယောက်ရဲ့ရုန်းကန်မှုတွေအကြောင်း၊ jazz တေးဂီတဝါသနာရှင်တွေအကြောင်းကြည့်ရမယ်။ Jazz တေးသွားတွေအများကြီးကိုလည်းနားထောင်ခွင့်ရပါလိမ့်မယ်။

The Wrong Missy (13 May)

နောက်ထပ်ညွှန်းပေးချင်တဲ့ rom-com ကတော့ The Wrong Missy ပါ။ ဒီရုပ်ရှင်မှာ Adam Sandler တို့နဲ့အတွဲများတဲ့ဟာသမင်းသား David Spade နဲ့ The Big Bang Theory က Lauren Lapkus တို့ဦးဆောင်ပါဝင်ထားတယ်။ အဓိကဇာတ်ကောင်ကသူကြိုက်နေတဲ့အမျိုးသမီးနဲ့နာမည်တူတဲ့အမျိုးသမီး တယောက်ကိုအပန်းဖြေခရီးအတူထွက်ဖို့မှားပြီးဖိတ်မိရာကနေဖြစ်ပွားလာတဲ့အလွဲအချော်တွေကို ရိုက်ကူးထားတာပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here