Advertisement

Social media တွေကနေလူတယောက်အကြောင်းဘယ်လောက်ထိသိနိုင်ပါသလဲ။ Anna Delvey (သို့မဟုတ် Anna Sorokin) ဆိုတဲ့အမျိုးသမီးတယောက်ဟာ New York ရေပေါ်ဆီအသိုင်းအဝိုင်းမှာဝင်ဆံ့အောင်နေထိုင်ပြီး ဒေါ်လာသန်းနဲ့ချီလိမ်သွားတဲ့ကိစ္စကတကယ်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းကို Grey’s Anatomy, Scandal တို့လို နာမည်ကျော်ဇာတ်လမ်းတွဲတွေကိုဖန်တီးထုတ်လုပ်ခဲ့တဲ့ Shonda Rhimes ကစီစဉ်ပြီး Netflix ကဖြန့်ချီတဲ့ Inventing Anna မှာတွေ့ရပါလိမ့်မယ်။ Episode ၉ခုပါပြီး တခုကို တနာရီလောက်ကြာပါတယ်။ Spoiler free review ပါ။

Anna ဆိုတဲ့အသက် ၂၆နှစ်အရွယ်မိန်းမချောတယောက်ဟာ သူ့ကိုယ်သူဂျာမနီကသူဌေးသမီးတယောက်ပါ ဆိုပြီး Manhattan ကိုပြောင်းရွှေ့လာတယ်။ ဝတ်တတ်စားတတ်ပြီးဟိတ်ဟန်ကောင်းတဲ့ Anna ကို New York အထက်တန်းလွှာတွေကလည်းယုံတယ်။

ဒါပေမယ့်သူ့အလိမ်အညာတွေကို ဘဏ်တွေ နာမည်ကြီးဟိုတယ်တွေကရိပ်မိသွားပြီးတရားစွဲတော့ Anna လည်းအချုပ်ထဲရောက်သွားပြီးအမှုရင်ဆိုင်ရတော့တယ်။ Vivian Kent ဆိုတဲ့သတင်းထောက်တယောက်က Anna ရဲ့အကြောင်းသတင်းရေးတာကိုအခြေခံပြီးဇာတ်လမ်းတည်ထားပါတယ်။ အဖြစ်အပျက်တွေက ၂၀၁၇-၂၀၁၈လောက်မှာဖြစ်သွားတာပါ။

Vivian ကကိုယ်ဝန်ဆောင်တဦးဖြစ်တာမို့မီးဖွားခွင့်မယူခင်ဒီသတင်းကိုပြီးစီးအောင်ရေးမှဖြစ်မယ်။ အတိတ်မှာဖြစ်ခဲ့တဲ့လုပ်ငန်းခွင်အမှားတခုကြောင့်သူ့နာမည်ကိုအဖတ်ဆယ်တဲ့အနေနဲ့ ဒီသတင်းကိုသဲကြီးမဲကြီးလိုချင်နေတယ်။ မဟုတ်ရင်သူ့အယ်ဒီတာကချောင်ထိုးတာခံရတော့မှာဖြစ်ပြီး တခြားမီဒီယာတွေမှာအလုပ်ရှာဖို့ကလည်းမလွယ်တော့ပါဘူး။

ဒီနေရာမှာကျနော်တို့အနေနဲ့ Vivian ရဲ့စုံစမ်းမှုတွေကနေတဆင့် Anna ကိုမြင်တွေ့ရမှာဖြစ်ပြီး ဒီအမျိုးသမီး ၂ယောက်လုံးက အဓိကဇာတ်ဆောင်တွေဖြစ်ပါတယ်။ Anna လိမ်တာခံရတဲ့သူတွေကလည်း Anna ဆီကတခုခုကိုမျှော်လင့်ပြီးပေါင်းသင်းဆက်ဆံတာဖြစ်တဲ့အတွက် အားလုံးကအမှားမကင်းသလိုပုံစံမျိုးပြထားတယ်။ ဒီလိုအထက်တန်းလွှာတွေရဲ့မျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်နိုင်တဲ့ Anna ကို Robin Hood လိုလိုတင်စားပြီးအထင်ကြီးတဲ့သူတွေကလည်းရှိသေးတယ်။

စီစဉ်သူတွေအနေနဲ့ Anna ကိုလူ့အဖွဲ့အစည်းရဲ့ villain အဖြစ်ကော victim အဖြစ်ကောပုံဖော်ထားပေမယ့် ကျနော်ကတော့ဒီလိုမြင်လို့မရဘူး။ Robin Hood ကလူချမ်းသာတွေဆီကလုပြီး ဆင်းရဲသားတွေကိုပြန်ဝေငှပေးလို့သူရဲကောင်းဆန်ဆန်တင်စားတာကိုလက်ခံလို့ရပေမယ့် Anna ကသူ့ကိုယ်ကျိုးအတွက်သူလုပ်နေတာလေ။ ဒီလိုအကျင့်စရိုက်မကောင်းတဲ့သူတယောက်ကို သူရဲကောင်းလိုလိုရိုက်ပြထားတာက လူသတ်ကောင် Ted Bundy ကို romantic ဆန်အောင်ရိုက်ပြသလိုပဲ ကြည့်ရတာသိပ်အဆင်မပြေလှပါဘူး။

Anna ရဲ့ဇာတ်ကောင်တည်ဆောက်မှုကလည်းသိပ်မငြိမ်ဘူး။ သူကချမ်းသာချင်တာလား၊ နာမည်ကျော်ချင်တာလား၊ လူကုံထံအသိုင်းအဝိုင်းနဲ့မတော်တဆနီးစပ်သွားရာကနေ ချော်လဲရောထိုင်နေလိုက်တာလား စသဖြင့်ပီပြင်အောင်ရိုက်မပြနိုင်ဘူး။ သူ့အနေနဲ့တကယ့်ထိပ်ထိပ်ကြဲစီးပွားရေးသမားတွေ၊ ဘဏ်လုပ်ငန်းရှင်တွေကိုဘယ်လိုအယုံသွင်းသလဲဆိုတာလည်း သေချာရိုက်မပြနိုင်ဘူး။

Instagram မှာနာမည်ကြီးတချို့နဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတွေရှိရုံ၊ ဖက်ရှင်ရှိုးတွေတက်ရုံ၊ လုပ်ငန်းရှင်တယောက်နဲ့ဒိတ်ဖူးရုံနဲ့ လူတွေကိုလိမ်လို့ရတဲ့ပုံရိုက်ပြထားတယ်။ “ငွေလွှဲရအဆင်မပြေလို့” “အသက် ၂၅နှစ်ရောက်မှအမွေတွေရမှာမို့လို့” စတဲ့မခိုင်လုံတဲ့အကြောင်းပြချက်တွေပဲသုံးသွားတယ်။ တကယ့်အဖြစ်အပျက်မို့လို့သာယုံရတယ်၊ တချို့ဇာတ်ကွက်တွေဆို ဒီလူတွေကိုလိမ်ရတာအဲ့ဒီလောက်တောင်လွယ်သလားလို့တွေးမိတဲ့အထိပဲ။ တကယ့် Anna အစစ်ကတော့ပညာသားပါပါနဲ့လိမ်ရင်လိမ်မှာပါ။ ဒါပေမယ့်ဇာတ်လမ်းထဲမှာပီပြင်အောင်မပြနိုင်ဘူး။ Vivian အနေနဲ့သူ့အထက်အရာရှိနဲ့အတိုက်အခံလုပ်ပြီးဒီသတင်းကိုအရူးအမူးလိုက်ရလောက်အောင် ဘာတွေများအရေးကြီးနေလို့လဲလို့ကြည့်နေရင်းကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတဲ့အထိပဲ။

ဒီကိစ္စကို Vivian ကိုယ်တိုင်လည်းသိပ်သဲကွဲပုံမရကြောင်းဒီဇာတ်ဝင်ခန်းကိုကြည့်ရင်သိနိုင်တယ်။ သူ့ခင်ပွန်း Jack ကဒီသတင်းမှာအဓိကဘာကိုပြောချင်တာလဲလို့မေးတော့ Vivian က “လူနေမှုအဆင့်အတန်းအကြောင်း၊ လူမှုရေးစံနှုန်းအကြောင်း၊ အရင်းရှင်စနစ်အောက်ကလူတယောက်ရဲ့အကြောင်း… ငါလည်းမသိဘူး” လို့ပြန်ဖြေတယ်။ Vivian ကိုဆိုရင်လည်း workaholic ဖြစ်နေတဲ့ cliché character တယောက်ထက်ပိုပြီးပီပြင်လာအောင် ရိုက်ပြနိုင်စွမ်းမရှိပါဘူး။ (Vivian character ကဒီသတင်းကိုရေးခဲ့တဲ့ New York Magazine သတင်းထောင် Jessica Pressler ကိုအခြေခံထားတာပါ။ Vivian နဲ့ Jessica ဘယ်လောက်ထိတူသလဲဆိုတာတော့စီစဉ်သူတွေသာသိမယ့်ကိစ္စပါပဲ။ ဒါပေမယ့် ဇာတ်ကောင်တည်ဆောက်ပုံကတော့အားရစရာမကောင်းလှပါဘူး။)

Anna အဖြစ်သရုပ်ဆောင်တဲ့ Julia Garner (Ozark) ကသရုပ်ဆောင်ကောင်းပေမယ့် ဥရောပလေသံနဲ့အင်္ဂလိပ်စကားပြောကိုနားထောင်ရတာကတော့သိပ်အဆင်မပြေလှဘူး။ Vivian အဖြစ်သရုပ်ဆောင်တဲ့ Anna Chlumsky ကတော့ပီပြင်ပါတယ်။ ဒါပေမယ့်သူ့ဇာတ်ကောင်က သိပ် developed မဖြစ်သလိုခံစားရတယ်။

Shonda Rhimes ရဲ့မူအတိုင်း လူ့အဖွဲ့အစည်းကိုသရော်တာ၊ patriarchy ကိုအပြစ်တင်တာ၊ ဇာတ်ကောင်တယောက်ကို larger than life ဖြစ်သွားအောင်အမွှန်းတင်တာတွေတွေ့ရမယ်။ ဒါပေမယ့် ဇာတ်ကောင်တည်ဆောက်မှုမကောင်းတာရယ်၊ ဇာတ်လမ်းရဲ့ focus မပြတ်သားတာတွေရယ်ကြောင့် ဇာတ်ကထင်ထားသလောက်ကြွတက်မလာပါဘူး။ ကြည့်လို့သာပြီးသွားတယ် ဘာကိုပြောချင်မှန်းမသိတဲ့ဇာတ်လမ်းမျိုးပါ။

MM+ Rating: 5/10

Zawgyi

Social media ေတြကေနလူတေယာက္အေၾကာင္းဘယ္ေလာက္ထိသိႏုိင္ပါသလဲ။ Anna Delvey (သို႔မဟုတ္ Anna Sorokin) ဆိုတဲ့အမ်ိဳးသမီးတေယာက္ဟာ New York ေရေပၚဆီအသိုင္းအ၀ိုင္းမွာ၀င္ဆံ့ေအာင္ေနထိုင္ျပီး ေဒၚလာသန္းနဲ႔ခ်ီလိမ္သြားတဲ့ကိစၥကတကယ္ျဖစ္ခဲ့တာပါ။ ဒီအေၾကာင္းကို Grey’s Anatomy, Scandal တို႔လို နာမည္ေက်ာ္ဇာတ္လမ္းတြဲေတြကိုဖန္တီးထုတ္လုပ္ခဲ့တဲ့ Shonda Rhimes ကစီစဥ္ျပီး Netflix ကျဖန္႔ခ်ီတဲ့ Inventing Anna မွာေတြ႔ရပါလိမ့္မယ္။ Episode ၉ခုပါျပီး တခုကို တနာရီေလာက္ၾကာပါတယ္။ Spoiler free review ပါ။

Anna ဆိုတဲ့အသက္ ၂၆ႏွစ္အရြယ္မိန္းမေခ်ာတေယာက္ဟာ သူ႔ကိုယ္သူဂ်ာမနီကသူေဌးသမီးတေယာက္ပါ ဆိုျပီး Manhattan ကိုေျပာင္းေရႊ႔လာတယ္။ ၀တ္တတ္စားတတ္ျပီးဟိတ္ဟန္ေကာင္းတဲ့ Anna ကို New York အထက္တန္းလႊာေတြကလည္းယံုတယ္။

ဒါေပမယ့္သူ႔အလိမ္အညာေတြကို ဘဏ္ေတြ နာမည္ၾကီးဟိုတယ္ေတြကရိပ္မိသြားျပီးတရားစြဲေတာ့ Anna လည္းအခ်ဳပ္ထဲေရာက္သြားျပီးအမႈရင္ဆိုင္ရေတာ့တယ္။ Vivian Kent ဆိုတဲ့သတင္းေထာက္တေယာက္က Anna ရဲ႕အေၾကာင္းသတင္းေရးတာကိုအေျခခံျပီးဇာတ္လမ္းတည္ထားပါတယ္။ အျဖစ္အပ်က္ေတြက ၂၀၁၇-၂၀၁၈ေလာက္မွာျဖစ္သြားတာပါ။

Vivian ကကိုယ္၀န္ေဆာင္တဦးျဖစ္တာမို႔မီးဖြားခြင့္မယူခင္ဒီသတင္းကိုျပီးစီးေအာင္ေရးမွျဖစ္မယ္။ အတိတ္မွာျဖစ္ခဲ့တဲ့လုပ္ငန္းခြင္အမွားတခုေၾကာင့္သူ႔နာမည္ကိုအဖတ္ဆယ္တဲ့အေနနဲ႔ ဒီသတင္းကိုသဲၾကီးမဲၾကီးလိုခ်င္ေနတယ္။ မဟုတ္ရင္သူ႔အယ္ဒီတာကေခ်ာင္ထိုးတာခံရေတာ့မွာျဖစ္ျပီး တျခားမီဒီယာေတြမွာအလုပ္ရွာဖို႔ကလည္းမလြယ္ေတာ့ပါဘူး။

ဒီေနရာမွာက်ေနာ္တုိ႔အေနနဲ႔ Vivian ရဲ႕စံုစမ္းမႈေတြကေနတဆင့္ Anna ကိုျမင္ေတြ႔ရမွာျဖစ္ျပီး ဒီအမ်ိဳးသမီး ၂ေယာက္လံုးက အဓိကဇာတ္ေဆာင္ေတြျဖစ္ပါတယ္။ Anna လိမ္တာခံရတဲ့သူေတြကလည္း Anna ဆီကတခုခုကိုေမွ်ာ္လင့္ျပီးေပါင္းသင္းဆက္ဆံတာျဖစ္တဲ့အတြက္ အားလံုးကအမွားမကင္းသလိုပံုစံမ်ိဳးျပထားတယ္။ ဒီလိုအထက္တန္းလႊာေတြရဲ႕မ်က္ခံုးေမႊးေပၚစၾကၤန္ေလွ်ာက္ႏုိင္တဲ့ Anna ကို Robin Hood လိုလိုတင္စားျပီးအထင္ၾကီးတဲ့သူေတြကလည္းရွိေသးတယ္။

စီစဥ္သူေတြအေနနဲ႔ Anna ကိုလူ႔အဖြဲ႔အစည္းရဲ႕ villain အျဖစ္ေကာ victim အျဖစ္ေကာပံုေဖာ္ထားေပမယ့္ က်ေနာ္ကေတာ့ဒီလိုျမင္လို႔မရဘူး။ Robin Hood ကလူခ်မ္းသာေတြဆီကလုျပီး ဆင္းရဲသားေတြကိုျပန္ေ၀ငွေပးလို႔သူရဲေကာင္းဆန္ဆန္တင္စားတာကိုလက္ခံလို႔ရေပမယ့္ Anna ကသူ႔ကိုယ္က်ိဳးအတြက္သူလုပ္ေနတာေလ။ ဒီလိုအက်င့္စရိုက္မေကာင္းတဲ့သူတေယာက္ကို သူရဲေကာင္းလိုလိုရိုက္ျပထားတာက လူသတ္ေကာင္ Ted Bundy ကို romantic ဆန္ေအာင္ရိုက္ျပသလိုပဲ ၾကည့္ရတာသိပ္အဆင္မေျပလွပါဘူး။

Anna ရဲ႕ဇာတ္ေကာင္တည္ေဆာက္မႈကလည္းသိပ္မျငိမ္ဘူး။ သူကခ်မ္းသာခ်င္တာလား၊ နာမည္ေက်ာ္ခ်င္တာလား၊ လူကံုထံအသိုင္းအ၀ိုင္းနဲ႔မေတာ္တဆနီးစပ္သြားရာကေန ေခ်ာ္လဲေရာထိုင္ေနလိုက္တာလား စသျဖင့္ပီျပင္ေအာင္ရိုက္မျပႏုိင္ဘူး။ သူ႔အေနနဲ႔တကယ့္ထိပ္ထိပ္ၾကဲစီးပြားေရးသမားေတြ၊ ဘဏ္လုပ္ငန္းရွင္ေတြကိုဘယ္လိုအယံုသြင္းသလဲဆိုတာလည္း ေသခ်ာရိုက္မျပႏုိင္ဘူး။

Instagram မွာနာမည္ၾကီးတခ်ိဳ႕နဲ႔တြဲရိုက္ထားတဲ့ဓာတ္ပံုေတြရွိရံု၊ ဖက္ရွင္ရႈိးေတြတက္ရံု၊ လုပ္ငန္းရွင္တေယာက္နဲ႔ဒိတ္ဖူးရံုနဲ႔ လူေတြကိုလိမ္လို႔ရတဲ့ပံုရိုက္ျပထားတယ္။ “ေငြလႊဲရအဆင္မေျပလို႔” “အသက္ ၂၅ႏွစ္ေရာက္မွအေမြေတြရမွာမို႔လုိ႔” စတဲ့မခိုင္လံုတဲ့အေၾကာင္းျပခ်က္ေတြပဲသံုးသြားတယ္။ တကယ့္အျဖစ္အပ်က္မို႔လို႔သာယံုရတယ္၊ တခ်ိဳ႕ဇာတ္ကြက္ေတြဆို ဒီလူေတြကိုလိမ္ရတာအဲ့ဒီေလာက္ေတာင္လြယ္သလားလို႔ေတြးမိတဲ့အထိပဲ။ တကယ့္ Anna အစစ္ကေတာ့ပညာသားပါပါနဲ႔လိမ္ရင္လိမ္မွာပါ။ ဒါေပမယ့္ဇာတ္လမ္းထဲမွာပီျပင္ေအာင္မျပႏိုင္ဘူး။ Vivian အေနနဲ႔သူ႔အထက္အရာရွိနဲ႔အတုိက္အခံလုပ္ျပီးဒီသတင္းကိုအရူးအမူးလိုက္ရေလာက္ေအာင္ ဘာေတြမ်ားအေရးၾကီးေနလို႔လဲလို႔ၾကည့္ေနရင္းကို္ယ့္ကိုယ္ကိုယ္ျပန္ေမးမိတဲ့အထိပဲ။

ဒီကိစၥကို Vivian ကိုယ္တိုင္လည္းသိပ္သဲကြဲပံုမရေၾကာင္းဒီဇာတ္၀င္ခန္းကိုၾကည့္ရင္သိႏုိင္္တယ္။ သူ႔ခင္ပြန္း Jack ကဒီသတင္းမွာအဓိကဘာကိုေျပာခ်င္တာလဲလို႔ေမးေတာ့ Vivian က “လူေနမႈအဆင့္အတန္းအေၾကာင္း၊ လူမႈေရးစံႏႈန္းအေၾကာင္း၊ အရင္းရွင္စနစ္ေအာက္ကလူတေယာက္ရဲ႕အေၾကာင္း… ငါလည္းမသိဘူး” လို႔ျပန္ေျဖတယ္။ Vivian ကိုဆိုရင္လည္း workaholic ျဖစ္ေနတဲ့ cliché character တေယာက္ထက္ပိုျပီးပီျပင္လာေအာင္ ရိုက္ျပႏုိင္စြမ္းမရွိပါဘူး။ (Vivian character ကဒီသတင္းကိုေရးခဲ့တဲ့ New York Magazine သတင္းေထာင္ Jessica Pressler ကိုအေျခခံထားတာပါ။ Vivian နဲ႔ Jessica ဘယ္ေလာက္ထိတူသလဲဆိုတာေတာ့စီစဥ္သူေတြသာသိမယ့္ကိစၥပါပဲ။ ဒါေပမယ့္ ဇာတ္ေကာင္တည္ေဆာက္ပံုကေတာ့အားရစရာမေကာင္းလွပါဘူး။)

Anna အျဖစ္သရုပ္ေဆာင္တဲ့ Julia Garner (Ozark) ကသရုပ္ေဆာင္ေကာင္းေပမယ့္ ဥေရာပေလသံနဲ႔အဂၤလိပ္စကားေျပာကိုနားေထာင္ရတာကေတာ့သိပ္အဆင္မေျပလွဘူး။ Vivian အျဖစ္သရုပ္ေဆာင္တဲ့ Anna Chlumsky ကေတာ့ပီျပင္ပါတယ္။ ဒါေပမယ့္သူ႔ဇာတ္ေကာင္က သိပ္ developed မျဖစ္သလိုခံစားရတယ္။

Shonda Rhimes ရဲ႕မူအတိုင္း လူ႔အဖြဲ႔အစည္းကိုသေရာ္တာ၊ patriarchy ကိုအျပစ္တင္တာ၊ ဇာတ္ေကာင္တေယာက္ကို larger than life ျဖစ္သြားေအာင္အမႊန္းတင္တာေတြေတြ႔ရမယ္။ ဒါေပမယ့္ ဇာတ္ေကာင္တည္ေဆာက္မႈမေကာင္းတာရယ္၊ ဇာတ္လမ္းရဲ႕ focus မျပတ္သားတာေတြရယ္ေၾကာင့္ ဇာတ္ကထင္ထားသေလာက္ၾကြတက္မလာပါဘူး။ ၾကည့္လို႔သာျပီးသြားတယ္ ဘာကိုေျပာခ်င္မွန္းမသိတဲ့ဇာတ္လမ္းမ်ိဳးပါ။

MM+ Rating: 5/10

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here