By Gam Seng Maw
မြန်မာနိုင်ငံမှာ Netflix ကြည့်သူတွေတဖြည်းဖြည်းများလာတဲ့အတွက် မေလအတွင်းထွက်ရှိမယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲသစ်တွေထဲက ပရိသတ်စိတ်ဝင်စားမယ်ထင်တဲ့ဇာတ်လမ်းတချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
Lucifer, Season 4 (Netflix original) (available May 8)

ခင်ဗျားတို့ အားကျကြတဲ့ ရုပ်ဖြောင့်ဖြောင့်နဲ့ Luciferငနဲဆိုးလေး ပြန်လာပါပြီ။ Fox ကရိုက်ကူးမှုရပ်နားလိုက်ပေမယ့် ပရိသတ်တွေ တောင်းဆိုကြလွန်းလို့ Nexflixကနေ ဆက်လက်ရိုက်ကူးခွင့်တောင်းခဲ့တဲ့ Lucifer seriesဟာ ငရဲပြည်မှာ အရမ်းပျင်းလာလို့ Los Angeles မြို့မှာ နိုက်ကလပ်ပိုင်ရှင်အဖြစ် နတ်သက်ကြွေနေတဲ့ နတ်ဆိုးတစ်ယောက်နဲ့ သူအရမ်းချစ်ရတဲ့ ရဲမေတစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ။ သူ့ရဲ့တိတ်တခိုးချစ်သူလေးက Luciferကို နတ်ဆိုး ဖြစ်ကြောင်းကို သိလိုက်ရပြီးတဲ့နောက် ဘယ်လို ဇာတ်လမ်းဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစရာ ကောင်းကောင်းနဲ့ စောင့်ကြည့်ရဦးမှာပါ။
Wine Country (Netflix film) (available May 10)

မင်းသမီးကြီးAmy Poehlerက ပထမဆုံးအကြိမ်ဒါရိုက်တာအနေနဲ့ ရိုက်ကူးတော့မဲ့ ရုပ်ရှင်ပါ။ Comedyအမျိုးအစားဖြစ်ပြီးMaya Rudolph၊ Tina Fey၊Rachel Dratch၊ Paula Pell တို့ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်မှာပါ။ မိန်းကလေးသူငယ်ချင်းတစ်ဖွဲ့က သူတို့ရဲ့မိတ်ဆွေတစ်ယောက်ရဲ့ အသက်၅၀ပြည့်မွေးနေ့အတွက် အမေရိကန်၊ Napa ပြည်နယ်ကို သွားတဲ့အခါ ကြုံလာတဲ့ အလွဲလေးတွေအကြောင်းကို ရိုက်ပြထားပါတဟ်။ မင်းသား Jason Schwartzman ကလည်းအားဖြည့်သရုပ်ဆောင်ပေးထားပါတယ်။
When They See Us (Netflix original) (available May 31)

အပိုင်းလေးပိုင်းပါမယ့် ဒီ mini seriesလေးကတော့ New York, Central ပန်းခြံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်အမှုအကြောင်းကို ရိုက်ပြထားတာပါ။ Central Park မှာ မိန်းကလေးတစ်ယောက် မုဒိန်းကျင့်ခံရမှုနဲ့ ပတ်သက်ပြီးမှားယွင်းဖမ်းဆီးခံခဲ့ရတဲ့ ဆယ်ကျော်သက်လူမည်း( ၅ )ယောက် အကြောင်းရယ်၊ ဘက်လိုက်တဲ့ တရားစီရင်ရေးစနစ်အကြောင်းတို့ကို ထဲထဲဝင်ဝင်ရိုက်ပြထားပါတယ်။ ဒါရိုက်တာ Ava DuVernay ၊ သရုပ်ဆောင်အဖြစ် Vera Farmiga၊ John Leguizamo၊ Micheal K.Williamsတို့ ပါဝင်ထားတဲ့ ဒီseriesကို လူတွေတော်တော်လေး စိတ်ဝင်စားနေကြပါတယ်။
Extremely Wicked, Shockingly Evil and Vile (Netflix film) (available May 3)

ဖြစ်ရပ်မှန်ဖြစ်တဲ့ episode (၄) ပိုင်းနဲ့ ဒီseriesက ကွင်းဆက်လူသတ်သမားTed Bundy အကြောင်းကို ရိုက်ပြထားတာပါ။ Ted Bundyအနေနဲ့ သေဒဏ်မပေးခံရခင် ထောင်ထဲမှာ သူကိုယ်တိုင် အသံသွင်းထားတဲ့ တိတ်ခွေတွေကို အခြေခံပြီး သူ့ချစ်သူဖြစ်ခဲ့တဲ့ Liz ကနေပြီး ပြောပြနေတာကို documentaryပုံစံရိုက်ပြထားတာပါ။ ဒီဇာတ်လမ်းကိုပဲ ရုပ်ရှင်အနေနဲ့ သပ်သပ်ထပ်ထွက်ထားသေးပါတယ်။ High School Musical မင်းသားချော Zac Efron ကနေပြီး စိတ္တဇလူသတ်သမားဇာတ်ကောင်နေရာကို အပီပြင်ဆုံး ပုံဖော်ထားပြီး ရိုက်ကူးတဲ့သူက Joe Berlinger ပါ။ ဒီရုပ်ရှင်ကိုတော့ Netflix မှာ ကြည့်ရူသူအရမ်းများနေတယ်လို့ သိရပါတယ်။
The Society (Netflix original) (available 5/10)

ဒီဇာတ်လမ်းမှာတော့ ဆယ်ကျော်သက်သူငယ်ချင်းတစုဟာသူတို့နေတဲ့ရပ်ကွက်နဲ့တပုံစံတည်းတူတဲ့ နေရာတခုကိုရောက်သွားပြီးလူမှုအသိုင်းအ၀ိုင်းတခုကိုစတင်တည်ထောင်ရပါတယ်။ အဲ့ဒီနေရာမှာသူတို့ရဲ့မိဘအုပ်ထိန်းသူတွေလည်းမရှိတဲ့အတွက် အရာအားလုံးကိုကိုယ့်အားကိုယ်ကိုးပြီးလုပ်ဖို့ဖြစ်လာတယ်။ လူမှုအသိုင်းအ၀ိုင်းတခုကို သုညကစတည်ထောင်ရင်း အဲ့ဒီနေရာကိုဘယ်လိုရောက်သွားသလဲဆိုတဲ့ပုစ္ဆာကိုလည်း ဖြေရှင်းကြရပါတော့တယ်။