အင်းတော်ကြီး – မြန်မာနိုင်ငံအနောက်ပိုင်းရဲ့ ရင်သပ်ရှုမောဖွယ် အလှ
စီးလာတဲ့လေယာဉ်ကမြေပေါ်ကို ဆင်းသက်ပြီး ၁၀မိနစ်အကြာမှာတော့ မြန်မာနိုင်ငံက လူတွေသိပ်မလည်ပတ်ဖြစ်တဲ့ မြစ်ကြီးနား မြို့ကိုသွားဖို့ လေဆိပ်အပြင်က Taxi နဲ့ စပြီးထွက်ခဲ့ပါတယ်။ အစောပိုင်းတုန်းက လေယာဉ်ပေါ်မှာ တွေ့ခဲ့ရသလို စိမ်းစိုနေတဲ့ စပါးစိုက်ခင်းတွေရဲ့ ဘေးတစ်လျှောက်ကနေ ကားစီး ခဲ့ကြပါတယ်။ လေးနာရီကြာမောင်းရတဲ့ ခရီးတစ်လျှောက်ရဲ့ နောက်ပိုင်း မိနစ်လေးဆယ်လောက်မှာတော့ ဟိုပင်မြို့ကို...
မြစ်ကြီးနား မှ အားလပ်ရက်
မစ်ကြီးနား မှာဆိုရင် ယာဉ်ကြော တွေဟာအမြဲလိုလိုဖြစ်နေပါတယ်။ လမ်းမပေါ်မှာဆို ဆိတ်တွေ ခေါင်းရွက်ဈေးသည်တွေ ခွေးတွေ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ နွားတွေကလည်း လမ်းသွားလို့မရအောင်ကို ပိတ်ဆို့နေလေ့ရှိပါတယ်။
ကျွန်တော် ဒီမှာနေတဲ့ ၂ရက်အတွင်းမှာကို တိရိစ္ဆာန်တစ်ကောင်ကို ဆိုင်ကယ်က ၀င်တိုက်သွားတာကို
မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ မြစ်ကြီးနား မှာဒီထက်ဆိုးတဲ့ ပြသနာတွေ အများကြီး ရှိနိုင်ပါသေးတယ်။ ဒါပေမယ့်...
မိုးကုတ်ပေါက်ပေါက်
လုံချည်ဆိုတာကတော့ မြန်မာနိုင်ငံမှာ ယောက်ျားမိန်းမ မရွေးဝတ်လို့ရတဲ့ အထည်တစ်မျိုးပါ။
ခါးကနေ ခြေဖျားလောက်ထိရှည်ပြီး ချည်နဲ့ရက်လုပ်ထားတဲ့ အထည်တွေအပြင် တစ်ခြား အထည်တွေကိုလဲ တွေ့နိုင်ပါတယ်။ မင်္ဂလာဆောင်ပွဲနဲ့ ဧည့်ခံပွဲတွေမှာ တွေ့ရတဲ့ လုံချည်တွေကိုတော့ ပိုသားနဲ့ရက်လုပ်ထားပါတယ်။
ထဘီဆိုတာက အမျိုးသမီးတွေဝတ်တဲ့ လုံချည်ကိုခေါ်တာဖြစ်ပြီး ပုဆိုးကတော့ အမျိုးသားတွေဝတ်တဲ့ အထည်ပါ။ ထဘီနဲ့ ပုဆိုးပေါ်မှာ...
Shartra နှင့်သဘာဝကပေးသောဖက်ရှင်
By Issy D'Arcy Clark and Min Ye Kyaw
Photographs by Kan Su Ho
Shartra ဟာ TV talent shows ၂ခုမှာ winner ရထားပြီးတော့ တဖြည်းဖြည်းနဲ့အောင်မြင်လာတဲ့ designer တစ်ယောက်ပါ။ Myanmar's International...
ကြည်နူးပြုံးရွှင် ပုဂံခရီးစဉ်
By Nay Thiha တခေတ်တခါကသူငယ်ချင်းတွေမိသားစုဝင်တွေနဲ့ မိုနိုပိုလီတို့ မြွေလှေကားတို့ကစားရင်း ပျော်ရွှင်ခဲ့ရတာအားလုံးမှတ်မိကြမှာပါ။ တီဗီဂိမ်းနဲ့ကွန်ပျူတာပေါပေါများများမရှိသေးတဲ့ခေတ်မှာ အံစာတုံးလေးခေါက်ရင်းကစားရတဲ့board game တွေဟာ ကလေးဘ၀မှာအရေးပါတဲ့ကဏ္ဍကပါဝင်ခဲ့တာပေါ့။ ၂၀၁၀ခုနှစ်နောက်ပိုင်းစမတ်ဖုန်းတွေ အင်တာနက်ဂိမ်းတွေတွင်ကျယ်လာပြီးနောက် ချစ်သူခင်သူတွေကြား board game ကစားတဲ့ဓလေ့တဖြည်းဖြည်းနည်းပါးလာပါတယ်။ အခုချိန်မှာမှိန်ပျောက်လုနီးပါးဖြစ်နေတဲ့ board game ယဉ်ကျေးမှုကိုတဖန်ပြန်လည်ဆန်းသစ်စေမယ့်တီထွင်ဖန်တီးမှုတခုကိုမြင်တွေ့ခဲ့ရပါတယ်။ Blue Belu Game Studios...
မလေးရှားမှကြိုဆိုပါ၏
By Min Ye Kyaw ရန်ကုန်ကနေ
၂နာရီခွဲလောက်လေယာဉ်စီးရုံနဲ့ရောက်နိုင်တဲ့ မလေးရှားနိုင်ငံဟာ လှပတဲ့ကမ်းခြေတွေ၊ မိုးသစ်တောတွေကြောင့်နာမည်ကြီးပါတယ်။
စနေ၊ တနင်္ဂနွေ ၂ရက်လောက်အတွင်းမှာ လည်ပတ်လို့ရတဲ့မလေးရှားနိုင်ငံရဲ့ထင်ရှားတဲ့ဒေသတွေနဲ့
Myanmore Plus ပရိသတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်။ အလုပ်ကိစ္စ၊
အစားအသောက်နဲ့ဈေးဝယ်ထွက်ဖို့အကောင်းဆုံး ကွာလာလမ်ပူ KL လို့လည်းသိကြတဲ့
ကွာလာလမ်ပူဟာမတူကွဲပြားမှုတွေယှဉ်တွဲတည်ရှိရာနေရာဖြစ်သလို
အတိတ်ကယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ခေတ်မီမိုးမျှော်အဆောက်အအုံတွေ
ရောနှောတည်ရှိရာလည်းဖြစ်ပါတယ်။ CNN ကတော့ KL ဟာကမ္ဘာပေါ်မှာ
စတုတ္ထမြောက်ဈေးဝယ်ထွက်လို့အကောင်းဆုံးနေရာလို့ညွှန်းထားပါတယ်။ KL
ဟာအစားအသောက်ချစ်သူတွေအတွက်တော့ နိဗ္ဗာန်ဘုံလေးတခုပါ။ Grab taxi service
ကအောင်မြင်ပြီး...
လုံချည်ရိုးရာကိုထိန်းသိမ်းစောင့်ရှောက်နေသူ
By Min
Ye Kyaw လုံချည်ဝတ်ရတာဂျင်းဘောင်းဘီတွေဝတ်ရတာထက်ပိုပြီးပေါ့ပေါ့ပါးပါးနဲ့သက်တောင့်သက်သာရှိပါတယ်။
အထူးသဖြင့်မြန်မာနိုင်ငံရောက်နေတဲ့နိုင်ငံခြားသားတွေလုံချည်ဝတ်ကြတဲ့အခါအမြင်ဆန်းပြီးကြည့်လို့ကောင်းတယ်။
မြန်မာ့လုံချည်ဈေးကွက်မှာအမှတ်တံဆိပ်တွေအများကြီးရှိပေမယ့် တနိုင်ငံလုံးကိုလုံချည်ဖြန့်ချီရောင်းချပေးနေတဲ့
UKK နဲ့တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ UKK ကိုဦးဆောင်ပဲ့ကိုင်နေတဲ့
ကိုကျော်ရဲဟိန်းဟာအသက် ၂၅နှစ်သာရှိသေးပြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးသမားတယောက်လည်းဖြစ်တယ်။
UKK ဟာမြန်မာ့ရိုးရာဝတ်စုံကိုကိုယ်စားပြုတဲ့ အမှတ်တံဆိပ်တခုပါ။ သူဟာအမြတ်လိုချင်တဲ့စိတ်၊
ကျော်ကြားချင်တဲ့စိတ်နဲ့ဒီအလုပ်ကိုလုပ်နေတာမဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းချင်တဲ့စိတ်နဲ့လုပ်ကိုင်နေသူပါ။
ကမ္ဘာ့နိုင်ငံအသီးသီးက ရိုးရာဝတ်စုံတွေမှာ ဗမာ့လုံချည်လောက်လက်တွေ့ကျတဲ့အ၀တ်အစားမျိုးရှားတယ်လို့
ကိုကျော်ရဲဟိန်းကဆိုတယ်။ မဏိပူရနဲ့ မြန်မာနိုင်ငံအထက်ပိုင်းကမီဇိုးရမ်းဒေသ၊ အရှေ့မြောက်အိန္ဒိယတွေမှာအ၀တ်များတဲ့ဆရောင်နဲ့ဆင်တူတဲ့
လုံချည်ဟာတီရှပ်၊ ရှပ်အင်္ကျီစတဲ့အင်္ကျီမျိုးစုံနဲ့လိုက်ဖက်တဲ့အထည်ဖြစ်ပါတယ်။ တချို့တွေကတော့
အိမ်နေရင်းဆိုစွပ်ကျယ်နဲ့လည်းဝတ်လေ့ရှိတယ်။ ကိုကျော်ရဲဟိန်းရဲ့ဖခင်ဦးကျော်ကျော်ဟာတချိန်ကအရည်အသွေးမြင့်လုံချည်အမှတ်တံဆိပ်အမျိုးမျိုးဖြန့်ချီသူပါ။
ဦးကျော်ကျော်ဟာသူ့နာမည်ကိုအစွဲပြုပြီးလုပ်ငန်းကို UKK လို့ပေးခဲ့ခြင်းဖြစ်ပါတယ်။
UKK ဟာလုံချည်ဖြန့်ချီရုံသာမကဘဲ...
မြန်မာနိုင်ငံကဂျူးဘာသာဝင်များ
ရန်ကုန်ဟာလူမျိုးဘာသာမျိုးစုံမှီတင်းနေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေသာမက ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်ဆလင်ဘာသာဝင်တွေအတူတကွနေထိုင်ကြသလို ဘာသာရေးအဆောက်အအုံတွေ
အများကြီးရှိနေခြင်းကလည်းရန်ကုန်ရဲ့လှပမှုတခုပါ။ မြန်မာနိုင်ငံမှာဂျူးဘာသာဝင်တွေကလူနည်းစုပါ။
စာရင်းအင်းတွေအရတနိုင်ငံလုံးမှာဂျူးဘာသာဝင် ၂၀လောက်ပဲကျန်ပါတော့တယ်။ ၁၉၄၁ မတိုင်ခင်ကဆိုရင်ဂျူးဘာသာကိုးကွယ်သူဦးရေ
၃၀၀၀နီးပါးရှိခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ကျဆင်းသွားခဲ့တာလို့ ရန်ကုန်မြို့
၂၆လမ်းက Musmeah Yeshua ဂျူးဘုရားကျောင်းရဲ့ဂေါပကအဖွဲ့ဝင် Sammy Samuels (ကိုဆမ်မီ)
ကပြောပါတယ်။ “ညီအစ်ကိုအများစုကတော့ရန်ကုန်မှာပဲနေကြပါတယ်။
ပြီးတော့ ပုသိမ်၊ မန္တလေးတို့မှာလည်းနည်းနည်းရှိတယ်။ မေမြို့မှာအဆက်လေး (ဂျူးအဆက်အနွယ်)
တွေကျန်ခဲ့တာလည်းရှိပါတယ်။” Musmeah
Yeshua ဂျူးဘုရားကျောင်းဟာမြန်မာနိုင်ငံရဲ့တခုတည်းသောဂျူးဘာသာရေးအဆောက်အအုံ ဖြစ်တဲ့အတွက်နေ့ထူးနေ့မြတ်နဲ့ပွဲလမ်းသဘင်တွေရှိတဲ့အခါဒီဘုရားကျောင်းလေးမှာပဲ
ဂျူးဘာသာဝင်တွေအားလုံးစုဝေးလေ့ရှိပါတယ်။ “ဒီဇင်ဘာလမှာကျင်းပတဲ့
Hanukkah မီးထွန်းပွဲမှာဆိုရင်တော့ဂျူးဘာသာဝင်တွေသာမကဘဲ တခြားဘာသာပေါင်းစုံကယုံကြည်ကိုးကွယ်သူတွေပါလာရောက်ပါဝင်ကြပါတယ်”
လို့...
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ
မြန်မာတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်ပုဂံဟာဒီလမှာပဲ
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သွားပါပြီ။ ဒါပေမယ့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ဖို့ဘယ်လိုစံနှုန်းတွေနဲ့ကိုက်ညီဖို့လိုပါသလဲ၊
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရလာမှာလဲ။ မသိသေးဘူးဆိုရင်တော့ဒီဆောင်းပါးကိုဖတ်ကြည့်လိုက်ပါ။ စံနှုန်းများ ကမ္ဘာ့အမွေအနှစ်ကော်မတီ
(World Heritage Committee) မှာ သဘာဝအမွေအနှစ် (Natural Heritage) နဲ့ ယဉ်ကျေးမှုအမွေအနှစ်
(Cultural Heritage) ဆိုပြီးကဏ္ဍ ၂မျိုးခွဲထားပါတယ်။ စံနှုန်းစုစုပေါင်း ၁၀ချက်ရှိပြီး
ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ဖို့ စံနှုန်း ၆ချက်၊ သဘာဝအမွေအနှစ်ဖြစ်ဖို့ စံနှုန်း ၄ချက်နဲ့ညီရမှာဖြစ်ပါတယ်။ အဆောက်အဦး၊
လူနေအရပ်ဒေသတခုက ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ဖို့ဆိုရင် (၁)...
နန်းသုံးရထားတွေဘယ်ရောက်သွားသလဲ
၁၈၈၅ခုနှစ်မှာ ဗမာနိုင်ငံကိုဗြိတိသျှတွေသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း
ကုန်းဘောင်ခေတ်မင်းမျိုးမင်းနွယ်တွေနဲ့
တော်ဝင်မိသားစုတွေပိုင်ဆိုင်တဲ့တန်ဖိုးကြီးအနုပညာလက်ရာ တော်တော်များများပျောက်ရှကုန်တယ်။
ဒီအထဲမှာရှင်ဘုရင်အဆက်ဆက်စီးနင်းခဲ့တဲ့ ရထားလုံးတွေလည်းအပါအ၀င်ဖြစ်ပါတယ်။ တချို့ကအချိန်ကာလတိုက်စားမှုအောက်မှာ
ပျက်စီးယိုယွင်းသွားကြပြီဖြစ်ပေမယ့် ရထားလုံး ၂ခုကတော့ဗြိတိန်မှာပြန်ပေါ်လာတယ်။ ဒီဗမာ့နန်းသုံးရထားလုံးတွေရဲ့ဇာတ်လမ်းကိုလေ့လာခြင်းဖြင့်
ကိုလိုနီခေတ်ဗမာနိုင်ငံအကြောင်း၊ ဗမာနိုင်ငံနဲ့ပတ်သက်တဲ့အနောက်နိုင်ငံသားတွေရဲ့အမြင်ကိုသိနိုင်ပါတယ်။ ရထားလုံးတွေဟာသမိုင်းအစဉ်အဆက်ဗမာဘုရင်တွေရဲ့စီးတော်ယာဉ်ဖြစ်ခဲ့တာပါ။
ဗြိတိသျှအစိုးရအနေနဲ့ဥရောပစတိုင်ရထားလုံးတခုလက်ဆောင်ပေးမယ်ဆိုရင် အိန္ဒိယနဲ့မြန်မာနိုင်ငံကြားကနယ်နိမိတ်ဆိုင်ရာစည်းမျဉ်းတချို့ဖြေလျှော့ပေးမယ်လို့
ဘကြီးတော်မင်းတရားက ၁၇၉၆ခုနှစ်မှာပြောခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းကဗြိတိသျှတွေဟာ ကာလ်ကတ္တားမှာရုံးစိုက်နေတဲ့အချိန်ပါ။
ဘကြီးတော်လက်ထက်မှာ ဗမာအင်ပါယာဘုန်းမီးနေလတောက်ပနေချိန်ဖြစ်ပြီး အာရကန် (ရခိုင်)၊
မဏိပူရ၊ အာသံ၊ ပဲခူး၊ ဆိုင်ယမ် (ထိုင်း)
တို့ကိုသိမ်းပိုက်ထားနိုင်တဲ့အချိန်လည်းဖြစ်တယ်။
ဒါကြောင့်ဘကြီးတော်ရဲ့တောင်းဆိုချက်တွေကိုလိုက်လျောကြရတဲ့အချိန်လည်းဖြစ်ပါတယ်။ အင်္ဂလိပ်တွေစီးလေ့ရှိတဲ့ကြိုးကြာလည်တံပုံစံရထားကို
ဘကြီးတော်ကသဘောကျတယ်။ ရထားထိုင်ခုံရဲ့အပေါ်မှာဗမာ့ယဉ်ကျေးမှုလက်ရာတွေမှာမပါမဖြစ်
ပြာသာဒ်စုလစ်မွန်းချွန်းတွေတပ်ဆင်ပေးဖို့ ဗြိတိသျှတွေကိုတောင်းဆိုပါတယ်။ ဗြိတိသျှသံတမန်...










