ပူလောင်မှုများကြား အေးချမ်းရာတည်ဆောက်ခြင်း (သို့) ထိုက်ချိ

0
မနက်စောစော ရန်ကုန်ကပန်းခြံတခုခုမှာလမ်းလျှောက်ဖြစ်တယ်ဆိုရင် ငြင်သာလှပစွာလှုပ်ရှားနေတဲ့ လူတစုကိုတွေ့မိမှာပါ။ ဒါဟာထိုက်ချိလေ့ကျင့်နေကြတာဖြစ်ပါတယ်။ ထိုက်ချိနဲ့ကွန်ဖူးဟာရေနဲ့ငါးလိုပါပဲ။ ထိုက်ချိကစားတဲ့သူအများစုဟာ ကျန်းမာရေးအတွက်ကစားကြတာလို့ ရန်ကုန်မှာနေတဲ့ထိုက်ချိနည်းပြ ကိုဝဏ္ဏဇော်လွင်ကပြောပါတယ်။ အများအားဖြင့်မနက်စောစော လေကောင်းလေသန့်ရတဲ့နေရာတွေမှာလေ့ကျင့်ရတာသဘောကျကြပါတယ်။ ထိုက်ချိဟာကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတယ်ပေးပြီးကိုယ်စိတ်နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်ကြောင်းယုံကြည်ကြပါတယ်။ ထိုက်ချိဆိုတဲ့တရုတ်ဝေါဟာရကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် “အထွဋ်အထိပ်” လို့အဓိပ္ပါယ်ရပါတယ်။ ကိုဝဏ္ဏကတော့ထိုက်ချိဟာလူ့ခန္ဓာရဲ့ပင်မထောက်တိုင်တွေဖြစ်တဲ့ ကြွက်သား၊ စွမ်းအင်၊ စိတ်နဲ့ ဝိညာန်တို့ကို သက်ရောက်မှုရှိတယ်လို့ဆိုတယ်။ လွန်ခဲ့တဲ့ ၆နှစ်လောက်က သူဂျာမနီကပြန်ရောက်လာတဲ့အချိန်မှာကွန်ဖူးနဲ့ထိုက်ချိကိုဆက်လက်သင်ယူဖို့ သင်တန်းတွေလိုက်ရှာပေမယ့်မတွေ့ခဲ့ပါဘူး။...

ကမ္ဘာ့အလှဆုံးအက္ခရာ ၅မျိုးထဲမြန်မာစာပါဝင်

0
ကမ္ဘာတဝှမ်းကဘာသာဗေဒပညာရှင်တွေဟာ အလှဆုံးအက္ခရာ ၅မျိုးကိုရွေးချယ်သတ်မှတ်ရာမှာ မြန်မာအက္ခရာကထိပ်ဆုံးကပါလာပါတယ်။ အလှအပဆိုတာကတော့လူတယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်မို့ အမြင်ကွဲပြားမှုအမျိုးမျိုးရှိမှာပါ။ သေချာတာတခုကတော့ဒီအက္ခရာ ၅မျိုးဟာအလွန်အသုံးပြုမှုနည်းနေပြီဖြစ်တာကြောင့် ပျောက်ကွယ်သွားတော့မယ့်ဘေးနဲ့ရင်ဆိုင်နေရပြီဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ ပညာရှင်တွေသတ်မှတ်ထားတဲ့ ကမ္ဘာ့အလှဆုံးအက္ခရာ ၅မျိုးအကြောင်းဗဟုသုတအဖြစ်ပြောပြချင်ပါတယ်။ မြန်မာ နာရီလက်တံအတိုင်းရေးသားရပြီး လုံးဝိုင်းတဲ့အနားသတ်တွေရှိတဲ့မြန်မာစာကို ပညာရှင်တွေကအလှဆုံးအဖြစ်သတ်မှတ်ခဲ့ကြတယ်။ တကယ်တော့ဝိုင်းစက်တဲ့အနားသတ်တွေနဲ့ ရေးသားခြင်းဟာ အလှအပအတွက်မဟုတ်ဘဲ ခေတ်ကာလလိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။ ရှေးအခါကပေရွက်ထန်းရွက်တွေနဲ့စာရေးကြတဲ့အခါမှာ ထောင့်တွေမျဉ်းတွေကိုကညစ်နဲ့ဆွဲတဲ့အခါ အရွက်တွေပြဲတတ်တာမို့ ဝိုင်းစက်တဲ့အနားသတ်ဖြစ်အောင်ရေးသားကြတာပါ။ လတ်တလောမြန်မာနိုင်ငံမှာပဲအသုံးပြုတော့တဲ့ဘာသာစကားဖြစ်ပါတယ်။ ဆင်ဟာလေ (သီရိလင်္ကာ) အသံထွက်ပုံ ၅၀ကျော်ရှိတဲ့ဒီဘာသာစကားဟာ နှုတ်ခမ်းအဖိအဖော့လေးနည်းနည်းကွဲတာနဲ့...

နိုင်ငံခြားသားတွေ သဘောကျတဲ့ မြန်မာအစားအစာ (၁၃)မျိုး

0
မြန်မာအစားအစာတွေဟာ နိုင်ငံခြားဧည့်သည်တွေကြားမှာ သိပ်ပြီးနာမည်မကြီးပေမယ့် ကြိုက်နှစ်သက်သူတွေရှိပါတယ်။ မြန်မာအစားအစာအများစုက အိန္ဒိယအစားအစာတွေနဲ့တူပါတယ်။ ထင်ရှားတဲ့ ဘန်ကောက်လမ်းဘေးဆိုင်တွေလို ရန်ကုန်နဲ့မန္တလေးမှာလည်း လမ်းဘေးဆိုင်ကောင်းတွေ ရှိပါတယ်။ မြန်မာအစားအစာတွေထဲက နိုင်ငံခြားသားတွေ သဘောကျတဲ့ အစားအစာ (၁၃) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ (၁) မုန့်ဟင်းခါး နိုင်ငံခြားသားတွေက မုန့်ဟင်းခါးကို ငါးစွပ်ပြုတ်ရည်နဲ့ မုန့်ဖတ်ရောစားရတဲ့ အစားအစာလို့ မြင်ပါတယ်။...

အိမ်ထဲကနေကမ္ဘာပတ်မယ်

0
Covid-19 ကြောင့်နိုင်ငံခြားခရီးထွက်ဖို့မဖြစ်နိုင်သေးတဲ့အချိန်မှာ အိမ်ထဲကနေပဲကမ္ဘာတဝှမ်းကပြတိုက်၊ ပန်းချီပြခန်းနဲ့ ရှုခင်းတွေကိုကြည့်ရှုနိုင်မယ့် Google virtual tour ၁၀ခုကိုဖော်ပြပေးလိုက်ပါတယ်။ အမ်စတာဒမ်က ဗင်ဂိုးပြတိုက် ဗင်ဂိုးရဲ့ပန်းချီကားတွေကိုအနီးကပ်ကြည့်ချင်တယ်ဆိုရင်တော့ဒီ website ကအကောင်းဆုံးပဲ။ ပန်းချီကားတွေသာမကဘဲ ဗင်ဂိုးဖတ်လေ့ရှိတဲ့စာတွေ၊ သူ့ဘဝအကြောင်းအရာတွေကိုပါလေ့လာနိုင်ပါတယ်။ https://artsandculture.google.com/partner/van-gogh-museum?hl=en မက္ကဆီကိုကမနုဿဗေဒပြတိုက် ဒီပြတိုက်မှာမက္ကဆီကိုလို့အခုသိကြတဲ့နိုင်ငံနယ်နိမိတ်ကို စပိန်တွေမကျူးကျော်ခင်ကနေထိုင်ခဲ့တဲ့လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုကိုလေ့လာနိုင်တယ်။ ပြခန်းပေါင်း ၂၃ခန်းရှိပြီး ရှေးခေတ်အသုံးအဆောင်တွေ၊ ကိုးကွယ်ယုံကြည်မှုနဲ့သက်ဆိုင်တဲ့ရုပ်တုတွေအပြင် လက်မှုအနုပညာပစ္စည်းတွေလည်းရှိပါတယ်။ https://artsandculture.google.com/partner/museo-nacional-de-antropologia-mexico?hl=en အလာစကာက Kenai Fjords...

ချင်းရိုးရာအဝတ်အထည်လက်ရာတွေကိုမပျောက်ပျက်အောင်ထိန်းသိမ်းနေတဲ့ Aidii Collections

0
“မြန်မာနိုင်ငံမှာချင်းပြည်နယ်ကဖွံ့ဖြိုးမှုအနောက်ကျဆုံးပြည်နယ်ဖြစ်နေရတဲ့အကြောင်းပြချက်က ကိုယ်ပိုင်ထုတ်ကုန်မရှိလို့ပါပဲ။ ဈေးကွက်ထဲကချင်းအဝတ်အထည်တွေရဲ့ ၈၀ရာခိုင်နှုန်းကျော်လောက်က ချင်းပြည်မှာချုပ်လုပ်တာမဟုတ်ဘဲ ကလေးနဲ့ဂန့်ဂေါလိုမြို့တွေကထွက်တာပါ။” ဒီအကြောင်းကိုပြောပြလာသူကတော့ Aidii Weaving House ရဲ့တည်ထောင်သူ Anna Biak Tha Mawi ဖြစ်ပါတယ်။ ဟားခါးမှာမွေးဖွားခဲ့တဲ့ Anna ဟာ ၅နှစ်သမီးကတည်းကရန်ကုန်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူမရဲ့မိခင်ဟာ ချင်းလူမျိုးအိမ်နီးနားချင်းတွေကတဆင့်အဝတ်အထည်နဲ့စောင်တွေဝယ်ယူခဲ့တဲ့အတွက် ချင်းရိုးရာလက်ရက်ကန်းပညာနဲ့ ငယ်စဉ်ကတည်းကရင်းနှီးနေခဲ့သူပါ။ သူမရဲ့အဖွား ၂ယောက်လုံးကလည်း...

ရန်ကုန်ရဲ့ချင်းမီးဖိုချောင် Butiria

0
ရန်ကုန်မှာချင်းအစားအသောက်တွေရတဲ့ဆိုင်တော်တော်ရှားပါတယ်။ ဇူလိုင် ၁၈ရက်နေ့ကမှဖွင့်တဲ့ Butiria ကတော့ဒီကွက်လပ်ကိုဖြည့်ပေးလိုက်သလိုပဲ။ သူကချင်းပြည်နယ်ကတိုက်ရိုက်တင်သွင်းတဲ့ ingredient တွေကို အသုံးပြုထားတယ်လို့ပြောပါတယ်။ ရန်ကုန်သားတွေကိုချင်းအစားအသောက်တွေနဲ့မိတ်ဆက်ပေးဖို့ ရန်ကုန်ရောက်နေတဲ့ချင်းလူမျိုးတွေ အတူတကွတွေ့ဆုံစကားပြောနိုင်ဖို့ရည်ရွယ်တယ်လို့ဆိုင်ရှင်ကပြောတယ်။ ချင်းလူမျိုးစုအမျိုးမျိုးရှိတာမို့ လူမျိုးအလိုက်စားလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုစားပွဲတိုင်းမှာထားပေးထားပါတယ်။ ချင်းစာသက်သက်မစားဖူးလို့ အဆင်ပြေပါ့မလားလို့တွေးပူနေတဲ့သူတွေအတွက် fusion food menu လည်းထားပေးထားသေးတယ်။ အစားအသောက်အသစ်တွေကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ချင်းရိုးရာဟင်းပွဲတွေကိုပဲစားကြည့်ဖို့အကြံပြုပါတယ်။ ကော်ဖီမှာတောင် အနောက်တိုင်းကော်ဖီနဲ့ ချင်းကော်ဖီဆိုပြီးရှိသေးတယ်။...

မတူကွဲပြားစွာလှပနေကြတဲ့ ကမ္ဘာတစ်လွှားက မင်္ဂလာဝတ်စုံမျာ

0
ကျယ်ပြောလွန်းတဲ့စကြဝဠာကြီးထဲမှာ ကျွန်တော်တို့‌ရဲ့ကမ္ဘာ‌ေမြကြီးက သာယာလှပလွန်းတဲ့‌ေနရာတစ်ခုဖြစ်‌ပြီး မှီတင်းနေထိုင်နေထိုင်သူ လူသားတွေကို‌ေတာ့ အဲဒီအလှတရားရဲ့ တစ်စိတ်တစ်ပိုင်းလို့ဆိုရမှာပါ။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် (လူတွေရဲ့ ဖျက်လိုဖျက်ဆီးအကျင့်‌တွေကိုဖယ်ပြီးကြည့်မယ်သာဆို) ကမ္ဘာ‌ေပါ်မှာရှိတဲ့နိုင်ငံအသီးသီးဟာ ထူးခြားလှပတဲ့ ကိုယ်ပိုင်ရိုးရာဓ‌ေလ့နဲ့ယဥ်ကျေးမှု‌ေတွကို ကိုယ်စီကိုယ်ငှပိုင်ဆိုင်ထားကြလို့ပါပဲ။ ဒါကြောင့် တစ်မျိုးတစ်ဘာသာစီထူးခြားလှပနေတဲ့ ကမ္ဘာတစ်လွှားယဉ်ကျေးမှုနဲ့ဓ‌ေလ့ထုံးတမ်းအမျိုးမျိုးကို လေ့လာအကဲခတ်ကြည့်နိုင်စေဖို့ ကမ္ဘာနိုင်ငံအသီးသီးရဲ့ ရိုးရာမင်္ဂလာဝတ်စုံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ Ref: brighthumanityThiha

နန်းသုံးရထားတွေဘယ်ရောက်သွားသလဲ

0
၁၈၈၅ခုနှစ်မှာ ဗမာနိုင်ငံကိုဗြိတိသျှတွေသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ကုန်းဘောင်ခေတ်မင်းမျိုးမင်းနွယ်တွေနဲ့ တော်ဝင်မိသားစုတွေပိုင်ဆိုင်တဲ့တန်ဖိုးကြီးအနုပညာလက်ရာ တော်တော်များများပျောက်ရှကုန်တယ်။ ဒီအထဲမှာရှင်ဘုရင်အဆက်ဆက်စီးနင်းခဲ့တဲ့ ရထားလုံးတွေလည်းအပါအ၀င်ဖြစ်ပါတယ်။ တချို့ကအချိန်ကာလတိုက်စားမှုအောက်မှာ ပျက်စီးယိုယွင်းသွားကြပြီဖြစ်ပေမယ့် ရထားလုံး ၂ခုကတော့ဗြိတိန်မှာပြန်ပေါ်လာတယ်။ ဒီဗမာ့နန်းသုံးရထားလုံးတွေရဲ့ဇာတ်လမ်းကိုလေ့လာခြင်းဖြင့် ကိုလိုနီခေတ်ဗမာနိုင်ငံအကြောင်း၊ ဗမာနိုင်ငံနဲ့ပတ်သက်တဲ့အနောက်နိုင်ငံသားတွေရဲ့အမြင်ကိုသိနိုင်ပါတယ်။ ရထားလုံးတွေဟာသမိုင်းအစဉ်အဆက်ဗမာဘုရင်တွေရဲ့စီးတော်ယာဉ်ဖြစ်ခဲ့တာပါ။ ဗြိတိသျှအစိုးရအနေနဲ့ဥရောပစတိုင်ရထားလုံးတခုလက်ဆောင်ပေးမယ်ဆိုရင် အိန္ဒိယနဲ့မြန်မာနိုင်ငံကြားကနယ်နိမိတ်ဆိုင်ရာစည်းမျဉ်းတချို့ဖြေလျှော့ပေးမယ်လို့ ဘကြီးတော်မင်းတရားက ၁၇၉၆ခုနှစ်မှာပြောခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းကဗြိတိသျှတွေဟာ ကာလ်ကတ္တားမှာရုံးစိုက်နေတဲ့အချိန်ပါ။ ဘကြီးတော်လက်ထက်မှာ ဗမာအင်ပါယာဘုန်းမီးနေလတောက်ပနေချိန်ဖြစ်ပြီး အာရကန် (ရခိုင်)၊ မဏိပူရ၊ အာသံ၊ ပဲခူး၊ ဆိုင်ယမ် (ထိုင်း) တို့ကိုသိမ်းပိုက်ထားနိုင်တဲ့အချိန်လည်းဖြစ်တယ်။ ဒါကြောင့်ဘကြီးတော်ရဲ့တောင်းဆိုချက်တွေကိုလိုက်လျောကြရတဲ့အချိန်လည်းဖြစ်ပါတယ်။ အင်္ဂလိပ်တွေစီးလေ့ရှိတဲ့ကြိုးကြာလည်တံပုံစံရထားကို ဘကြီးတော်ကသဘောကျတယ်။ ရထားထိုင်ခုံရဲ့အပေါ်မှာဗမာ့ယဉ်ကျေးမှုလက်ရာတွေမှာမပါမဖြစ် ပြာသာဒ်စုလစ်မွန်းချွန်းတွေတပ်ဆင်ပေးဖို့ ဗြိတိသျှတွေကိုတောင်းဆိုပါတယ်။ ဗြိတိသျှသံတမန်...

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ

0
မြန်မာတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်ပုဂံဟာဒီလမှာပဲ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သွားပါပြီ။ ဒါပေမယ့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ဖို့ဘယ်လိုစံနှုန်းတွေနဲ့ကိုက်ညီဖို့လိုပါသလဲ၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရလာမှာလဲ။ မသိသေးဘူးဆိုရင်တော့ဒီဆောင်းပါးကိုဖတ်ကြည့်လိုက်ပါ။ စံနှုန်းများ ကမ္ဘာ့အမွေအနှစ်ကော်မတီ (World Heritage Committee) မှာ သဘာဝအမွေအနှစ် (Natural Heritage) နဲ့ ယဉ်ကျေးမှုအမွေအနှစ် (Cultural Heritage) ဆိုပြီးကဏ္ဍ ၂မျိုးခွဲထားပါတယ်။ စံနှုန်းစုစုပေါင်း ၁၀ချက်ရှိပြီး ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ဖို့ စံနှုန်း ၆ချက်၊ သဘာဝအမွေအနှစ်ဖြစ်ဖို့ စံနှုန်း ၄ချက်နဲ့ညီရမှာဖြစ်ပါတယ်။ အဆောက်အဦး၊ လူနေအရပ်ဒေသတခုက ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ဖို့ဆိုရင် (၁)...

မြန်မာနိုင်ငံကဂျူးဘာသာဝင်များ

0
ရန်ကုန်ဟာလူမျိုးဘာသာမျိုးစုံမှီတင်းနေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေသာမက ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်ဆလင်ဘာသာဝင်တွေအတူတကွနေထိုင်ကြသလို ဘာသာရေးအဆောက်အအုံတွေ အများကြီးရှိနေခြင်းကလည်းရန်ကုန်ရဲ့လှပမှုတခုပါ။ မြန်မာနိုင်ငံမှာဂျူးဘာသာဝင်တွေကလူနည်းစုပါ။ စာရင်းအင်းတွေအရတနိုင်ငံလုံးမှာဂျူးဘာသာဝင် ၂၀လောက်ပဲကျန်ပါတော့တယ်။ ၁၉၄၁ မတိုင်ခင်ကဆိုရင်ဂျူးဘာသာကိုးကွယ်သူဦးရေ ၃၀၀၀နီးပါးရှိခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ကျဆင်းသွားခဲ့တာလို့ ရန်ကုန်မြို့ ၂၆လမ်းက Musmeah Yeshua ဂျူးဘုရားကျောင်းရဲ့ဂေါပကအဖွဲ့ဝင် Sammy Samuels (ကိုဆမ်မီ) ကပြောပါတယ်။ “ညီအစ်ကိုအများစုကတော့ရန်ကုန်မှာပဲနေကြပါတယ်။ ပြီးတော့ ပုသိမ်၊ မန္တလေးတို့မှာလည်းနည်းနည်းရှိတယ်။ မေမြို့မှာအဆက်လေး (ဂျူးအဆက်အနွယ်) တွေကျန်ခဲ့တာလည်းရှိပါတယ်။” Musmeah Yeshua ဂျူးဘုရားကျောင်းဟာမြန်မာနိုင်ငံရဲ့တခုတည်းသောဂျူးဘာသာရေးအဆောက်အအုံ ဖြစ်တဲ့အတွက်နေ့ထူးနေ့မြတ်နဲ့ပွဲလမ်းသဘင်တွေရှိတဲ့အခါဒီဘုရားကျောင်းလေးမှာပဲ ဂျူးဘာသာဝင်တွေအားလုံးစုဝေးလေ့ရှိပါတယ်။ “ဒီဇင်ဘာလမှာကျင်းပတဲ့ Hanukkah မီးထွန်းပွဲမှာဆိုရင်တော့ဂျူးဘာသာဝင်တွေသာမကဘဲ တခြားဘာသာပေါင်းစုံကယုံကြည်ကိုးကွယ်သူတွေပါလာရောက်ပါဝင်ကြပါတယ်” လို့...