လုံချည်ရိုးရာကိုထိန်းသိမ်းစောင့်ရှောက်နေသူ

0
By Min Ye Kyaw လုံချည်ဝတ်ရတာဂျင်းဘောင်းဘီတွေဝတ်ရတာထက်ပိုပြီးပေါ့ပေါ့ပါးပါးနဲ့သက်တောင့်သက်သာရှိပါတယ်။ အထူးသဖြင့်မြန်မာနိုင်ငံရောက်နေတဲ့နိုင်ငံခြားသားတွေလုံချည်ဝတ်ကြတဲ့အခါအမြင်ဆန်းပြီးကြည့်လို့ကောင်းတယ်။ မြန်မာ့လုံချည်ဈေးကွက်မှာအမှတ်တံဆိပ်တွေအများကြီးရှိပေမယ့် တနိုင်ငံလုံးကိုလုံချည်ဖြန့်ချီရောင်းချပေးနေတဲ့ UKK နဲ့တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ UKK ကိုဦးဆောင်ပဲ့ကိုင်နေတဲ့ ကိုကျော်ရဲဟိန်းဟာအသက် ၂၅နှစ်သာရှိသေးပြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးသမားတယောက်လည်းဖြစ်တယ်။ UKK ဟာမြန်မာ့ရိုးရာဝတ်စုံကိုကိုယ်စားပြုတဲ့ အမှတ်တံဆိပ်တခုပါ။ သူဟာအမြတ်လိုချင်တဲ့စိတ်၊ ကျော်ကြားချင်တဲ့စိတ်နဲ့ဒီအလုပ်ကိုလုပ်နေတာမဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းချင်တဲ့စိတ်နဲ့လုပ်ကိုင်နေသူပါ။ ကမ္ဘာ့နိုင်ငံအသီးသီးက ရိုးရာဝတ်စုံတွေမှာ ဗမာ့လုံချည်လောက်လက်တွေ့ကျတဲ့အ၀တ်အစားမျိုးရှားတယ်လို့ ကိုကျော်ရဲဟိန်းကဆိုတယ်။ မဏိပူရနဲ့ မြန်မာနိုင်ငံအထက်ပိုင်းကမီဇိုးရမ်းဒေသ၊ အရှေ့မြောက်အိန္ဒိယတွေမှာအ၀တ်များတဲ့ဆရောင်နဲ့ဆင်တူတဲ့ လုံချည်ဟာတီရှပ်၊ ရှပ်အင်္ကျီစတဲ့အင်္ကျီမျိုးစုံနဲ့လိုက်ဖက်တဲ့အထည်ဖြစ်ပါတယ်။ တချို့တွေကတော့ အိမ်နေရင်းဆိုစွပ်ကျယ်နဲ့လည်းဝတ်လေ့ရှိတယ်။ ကိုကျော်ရဲဟိန်းရဲ့ဖခင်ဦးကျော်ကျော်ဟာတချိန်ကအရည်အသွေးမြင့်လုံချည်အမှတ်တံဆိပ်အမျိုးမျိုးဖြန့်ချီသူပါ။ ဦးကျော်ကျော်ဟာသူ့နာမည်ကိုအစွဲပြုပြီးလုပ်ငန်းကို UKK လို့ပေးခဲ့ခြင်းဖြစ်ပါတယ်။ UKK ဟာလုံချည်ဖြန့်ချီရုံသာမကဘဲ...

အညာမြေအားထန်းပင်များဖြင့်စိမ်းလန်းစေသူ

0
အညာဒေသရဲ့ထန်းပင်တွေကိုထိန်းသိမ်းရင်း ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးတွေကိုလက်မှုအတတ်ပညာ တွေသင်ပေးနေတဲ့ ဒေါ်ပိုးဖြူရဲ့ဘ၀ဖြတ်သန်းမှုနဲ့ ထန်းပင်တွေကိုထိန်းသိမ်းရေးလုပ်ငန်းကိုစတင်ဖြစ်ခဲ့ပုံတို့ကို Myanmore ရဲ့ Alec Wilmot ကမေးမြန်းထားပါတယ်။ ဒေါ်ပိုးဖြူအနေနဲ့သူ့ရဲ့ဇာတိမိုးကုတ်မြို့ဟာခရီးသွားဧည့်သည်တွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်လာလိမ့်မယ်လို့ စွဲစွဲမြဲမြဲယုံကြည်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲသူဟာအလှူငွေကိုအခြေခံတဲ့ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ပညာရေး၊ အလုပ်အကိုင်၊ ခရီးသွားလုပ်ငန်းတွေကိုတိုးတက်အောင်ကြိုးစားခဲ့ပါတယ်။ ဒါတွေတင်မကသေးဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါအာရုံစိုက်လာခဲ့တယ်။ ဒီလိုနဲ့ပဲကျောက်ပန်းတောင်းနဲ့မကွေးမှာရှိတဲ့ သမိုင်းဝင်ထန်းတောတွေပျောက်ကွယ်မသွားအောင်ထိန်းသိမ်းမှုကိုစတင်ခဲ့ပါတယ်။ သူမမိသားစုဟာကျောက်သံပတ္တမြားတွေကိုရောင်းချတဲ့လုပ်ငန်းလုပ်ပေမယ့် ဒေါ်ပိုးဖြူမှာတော့ မိရိုးဖလာစီးပွားရေးနဲ့မတူတဲ့အတွေးအမြင်သစ်တွေရှိပါတယ်။ သူမဟာရူပဗေဒအထူးပြုဘာသာရပ်နဲ့...

ရေယဉ်ကျေးမှု

0
By Nay Thiha မြန်မာနိုင်ငံကတော့တနှစ်မှတခါသာကြုံရတဲ့မဟာသင်္ကြန်ပွဲတော်ကြီးကို ဆင်နွှဲနေပါပြီ။ ဒါပေမယ့် ရေကစားတဲ့လူမျိုးတွေကတော့ မြန်မာလူမျိုးတမျိုးတည်းသာရှိတာမဟုတ်ပါဘူး။ Myanmore Plus ပရိသတ်တွေကိုကျနော်တို့မြန်မာလူမျိုးတွေလိုပဲ ရေပက်ကစားတဲ့ပွဲတော်ဆင်နွှဲကြတဲ့ယဉ်ကျေးမှုတွေအကြောင်းပြောပြချင်ပါတယ်။ ဒိုင်လူမျိုးတို့ရဲ့ ပိုရှုကျီပွဲတော် တရုတ်နိုင်ငံရဲ့ယူနန်ပြည်နယ်မှာနေထိုင်ကြတဲ့ ဒိုင် (Dai) လူမျိုးတွေဟာ ဧပြီ ၁၃ ကနေစပြီး ပိုရှုကျီ (po shui jie) လို့ခေါ်တဲ့ရေကစားပွဲတော်ကို...

ကောင်းသောလာခြင်းနဲ့ပြင်သစ်ဟင်းလျာများ

0
နိုင်ငံတကာမှာပြင်သစ်အစားအသောက်တွေကအရသာရှိရုံသာမကဘဲ ပြင်ဆင်တည်ခင်းမှုလှပတဲ့ အတွက်ကြောင့် နာမည်ကြီးပါတယ်။ ဒါပေမယ့်အအခုခေတ်မှာတော့ အစားအစာတွေပြင်ဆင်ချက်ပြုတ်တဲ့အခါ အရသာရှိခြင်းအပြင်အဆင်လှခြင်းတွေနဲ့တင် မလုံလောက်တော့ပါဘူး။ ကိုယ်အသုံးပြုထားတဲ့ပါဝင်ပစ္စည်းတွေ၊ အသားငါးတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေဟာသဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေရေးကိုပါ ထည့်သွင်းစဉ်းစားလာရပါတယ်။ ပဉ္စမအကြိမ်အဖြစ်ကျင်းပတဲ့ Gout de France/Good France (ကောင်းသောပြင်သစ်နိုင်ငံ) ပြင်သစ်ဟင်းလျာပွဲတော်ဟာ မတ်လ ၂၁ကနေ ၂၄ရက်နေ့အထိ တိုက်ကြီး ၅တိုက်မှ စားဖိုမှူးပေါင်း ၅၀၀၀က သဘာဝပတ်ဝန်းကျင်မထိခိုက်စေရန်၊ ကျန်းမာရေးနဲ့ညီညွတ်စေရန်ချက်ပြုတ်ပြင်ဆင်ထားသော ပြင်သစ်ဟင်းလျာများကိုတည်ခင်းသွားမှာဖြစ်ပါတယ်။ ဒီဟင်းလျာပွဲတော်ကိုမြန်မာနိုင်ငံမှာရှိတဲ့အထင်ကရဟိုတယ်တွေမှာလည်းကျင်းပပြုလုပ်လျက်ရှိပါတယ်။ ကျနော်တို့ကတော့ မတ်လ ၁၁ရက်နေ့က Mercure...

ချစ်ခြင်းတရားတို့ရှိရာသို့…

0
Singapore Tourism Board (STB) ဟာ MRTV-4 နှင့်ပူးပေါင်းပြီး ချစ်ခြင်းတရားတို့ရှိရာ အမည်ရ အပိုင်း ၂၀ ပါ ဒရာမာဇာတ်လမ်းတွဲကြီးကို ဒီနှစ်သင်္ကြန်အမီပြသနိုင်ဖို့ဆောင်ရွက်နေကြောင်းသိရပါတယ်။ STB နှင့် MRTV-4 တို့က၎င်းဒရာမာဇာတ်လမ်းတွဲကြီးကို မတ်လ ၉ရက်နေ့က JCGV Junction City မှာ တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်းဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းတွင် ၂၀၁၉...

အီတလီသံရုံးမှဂီတဖျော်ဖြေပွဲ ၂ခုကြီးမှူးကျင်းပ

0
အီတလီသံရုံးဟာ မတ်လ ၈ရက်နေ့တွင်ကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့ကို တေးဂီတဖြင့်ဆင်နွှဲရန်စီစဉ်ထားပါတယ်။ ဒီပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ဥရောပသမဂ္ဂကိုလည်း ကိုယ်စားပြုပါတယ်။ အဖွဲ့ဝင် ၄ဦးပါဝင်တဲ့ Quartetto Viotti တီးဝိုင်းဟာ မတ်လ ၈ရက်နေ့ညနေ ၇နာရီမှာ နေပြည်တော်က Kempinski Hotel မှာဖျော်ဖြေသွားမှာဖြစ်ပါတယ်။ သူတို့ဟာ Mercadante, Mozart, Paisiello နဲ့ Rolla တို့ရဲ့တေးသွားတွေကိုတီးခတ်သွားမှာပါ။ မည်သူမဆိုဝင်ကြေးအခမဲ့ဖြင့်ဝင်ရောက်နားဆင်နိုင်ပါတယ်။ နေပြည်တော်မှာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့ကလည်း...

ကေသရာဇာကကြိုး

0
By Nay Thiha သူ့ကိုယ်မှာချွေးတွေရွှဲနေတယ်။ သူရပ်နေတဲ့နေရာက လူတရပ်မကမြင့်တဲ့တိုင်လုံးတခုရဲ့ထိပ်က ခြေတဖ၀ါးစာလောက်ပဲရှိတဲ့နေရာလေး။ သူ့ကိုယ်ပေါ်မှာတော့လေးလံတဲ့ခြသေ့င်္ခေါင်းကြီးနဲ့ ကိုယ်ရုံကိုခြုံထားတယ်။ အဆင့်ဆင့်စီတန်းထားတဲ့တိုင်လုံးတွေကိုကြည့်ရင်း နောက်ထပ်ကကြိုးတခုကိုစဉ်းစားနေပါတယ်။ သူကတော့ခြသေ့င်္ကရာမှာနောက်ထိုင်အဖြစ်တာဝန်ယူထားတဲ့ကိုထက်နေ၀န်းပါ။ တရုတ်နှစ်သစ်ကူးရောက်ပြီဆိုတာနဲ့ ရန်ကုန်မြို့တ၀ိုက်တရုတ်ရိုးရာခြသေ့င်္ကပွဲနဲ့ပြိုင်ပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါတယ်။ အခုလည်းကိုထက်နေ၀န်းတို့ Hong Bao Shi (ပတ္တမြားနီ) အဖွဲ့က Junction Square မှာဇန်န၀ါရီလ ၂၄-၂၇ အတွင်းကျင်းပမယ့်ခြသေ့င်္အကပြိုင်ပွဲအတွက်လေ့ကျင့်နေကြတာပါ။ “ကျနော်လွန်ခဲ့တဲ့ ၉နှစ်လောက်ကတည်းကခြသေ့င်္ကခဲ့တာပါ။ ငယ်ငယ်တုန်းကတော့တချိန်မှာ ခြသေ့င်္ကဖြစ်လိမ့်မယ်လို့မတွေးခဲ့မိဘူး။ သူများတွေကတာကိုပဲလိုက်ကြည့်ခဲ့တာ။ သူငယ်ချင်းတယောက်က ကကြည့်ပါလားဆိုပြီးအားပေးတာနဲ့ကဖြစ်သွားတာပါ။ ခုတော့လည်းဒါကိုပဲဝါသနာပါသွားပြီ”...

မလေးရှားမှကြိုဆိုပါ၏

0
By Min Ye Kyaw ရန်ကုန်ကနေ ၂နာရီခွဲလောက်လေယာဉ်စီးရုံနဲ့ရောက်နိုင်တဲ့ မလေးရှားနိုင်ငံဟာ လှပတဲ့ကမ်းခြေတွေ၊ မိုးသစ်တောတွေကြောင့်နာမည်ကြီးပါတယ်။ စနေ၊ တနင်္ဂနွေ ၂ရက်လောက်အတွင်းမှာ လည်ပတ်လို့ရတဲ့မလေးရှားနိုင်ငံရဲ့ထင်ရှားတဲ့ဒေသတွေနဲ့ Myanmore Plus ပရိသတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်။ အလုပ်ကိစ္စ၊ အစားအသောက်နဲ့ဈေးဝယ်ထွက်ဖို့အကောင်းဆုံး ကွာလာလမ်ပူ KL လို့လည်းသိကြတဲ့ ကွာလာလမ်ပူဟာမတူကွဲပြားမှုတွေယှဉ်တွဲတည်ရှိရာနေရာဖြစ်သလို အတိတ်ကယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ခေတ်မီမိုးမျှော်အဆောက်အအုံတွေ ရောနှောတည်ရှိရာလည်းဖြစ်ပါတယ်။ CNN ကတော့ KL ဟာကမ္ဘာပေါ်မှာ စတုတ္ထမြောက်ဈေးဝယ်ထွက်လို့အကောင်းဆုံးနေရာလို့ညွှန်းထားပါတယ်။ KL ဟာအစားအသောက်ချစ်သူတွေအတွက်တော့ နိဗ္ဗာန်ဘုံလေးတခုပါ။ Grab taxi service ကအောင်မြင်ပြီး...

ကြည်နူးပြုံးရွှင် ပုဂံခရီးစဉ်

0
By Nay Thiha တခေတ်တခါကသူငယ်ချင်းတွေမိသားစုဝင်တွေနဲ့ မိုနိုပိုလီတို့ မြွေလှေကားတို့ကစားရင်း ပျော်ရွှင်ခဲ့ရတာအားလုံးမှတ်မိကြမှာပါ။ တီဗီဂိမ်းနဲ့ကွန်ပျူတာပေါပေါများများမရှိသေးတဲ့ခေတ်မှာ အံစာတုံးလေးခေါက်ရင်းကစားရတဲ့board game တွေဟာ ကလေးဘ၀မှာအရေးပါတဲ့ကဏ္ဍကပါဝင်ခဲ့တာပေါ့။ ၂၀၁၀ခုနှစ်နောက်ပိုင်းစမတ်ဖုန်းတွေ အင်တာနက်ဂိမ်းတွေတွင်ကျယ်လာပြီးနောက် ချစ်သူခင်သူတွေကြား board game ကစားတဲ့ဓလေ့တဖြည်းဖြည်းနည်းပါးလာပါတယ်။ အခုချိန်မှာမှိန်ပျောက်လုနီးပါးဖြစ်နေတဲ့ board game ယဉ်ကျေးမှုကိုတဖန်ပြန်လည်ဆန်းသစ်စေမယ့်တီထွင်ဖန်တီးမှုတခုကိုမြင်တွေ့ခဲ့ရပါတယ်။ Blue Belu Game Studios...

Shartra နှင့်သဘာဝကပေးသောဖက်ရှင်

0
By Issy D'Arcy Clark and Min Ye Kyaw Photographs by Kan Su Ho Shartra ဟာ TV talent shows ၂ခုမှာ winner ရထားပြီး​တော့ တဖြည်းဖြည်းနဲ့​အောင်​မြင်​လာတဲ့ designer တစ်​​ယောက်​ပါ။ Myanmar's International...