Reopening ကာလအတွင်း ဒီလိုအမှားေတွမလုပ်မိပါစေနဲ့
COVID-19 Pandemic ကြောင့် ခဏပိတ်ထားခဲ့ရတဲ့ Public Place တွေနဲ့ လုပ်ငန်းခွင်တချို့ကေတာ့ အခုပြန်ဖွင့်လှစ်လာကြပါပြီ။ ဒီလိုပြန်ဖွင့်လာပြီဆိုပေမဲ့လည်း အခြေအနေတွေက အရင်ကလိုမဟုတ်ေတာ့တဲ့အတွက် လုံခြုံစိတ်ချရတဲ့အခြေအနေမျိုးလို့ တစ်ထစ်ချ ယူဆလိုက်လို့မရနိုင်ေသးပါဘူး။ Quarantine ကာလပြီးဆုံးလို့ ပုံမှန်အတိုင်း ပြန်လည်ပတ်လှုပ်ရှားနေတဲ့နိုင်ငံေတွမှာေတာင် ၊Covid-19 ရဲ့ Second Wave အန္တရာယ်မကြုံရစေဖို့...
ရန်ကုန်မှာခွေးမွေးတော့မယ်ဆိုရင်…
အိမ်ထဲမှာပဲနေနေရလို့အပျင်းပြေအောင်ခွေးမွေးဖို့စိတ်ကူးနေပြီလား။ အဲ့ဒါဆိုရင်တော့ဒီဆောင်းပါးကိုဖတ်ကြည့်ဖို့လိုပြီနော်။ ကိုယ်မွေးထားတဲ့တိလေးတွေအကြောင်းကိုလည်း comment မှာမျှဝေပေးပါဦး။ တိလေးတွေမွေးတော့မယ်ဆိုရင် သူတို့နဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့သူတွေဆီကသင်ယူတာ အကောင်းဆုံးပါပဲ။ ဒါကြောင့်ရန်ကုန်မှာနေတဲ့ခွေးချစ်သူတွေဆီက သိသင့်တာတွေမေးမြန်းဖြစ်ခဲ့ပါတယ်။ Daniel Wong မှာ Wawa နဲ့ Chi Chi ဆိုတဲ့ Chihuahua အမျိုးအစားခွေးလေး ၂ကောင်မွေးထားတာ ၃နှစ်လောက်ရှိပါပြီ။ မျက်လုံးပြူးုပြူး၊ နားရွက်ထောင်ထောင်နဲ့ သေးသေးကွေးကွေး Chihuahua...
ရေခဲသေတ္တာက စွမ်းအင်များစွာသုံးစွဲေနမှုကို ဘယ်လိုေလျှာ့ချနိုင်မလဲ
ရေခဲသေတ္တာဆိုတာ အိမ်တိုင်းလိုလိုမှာ တွေ့ရလေ့ရှိတဲ့အရာဖြစ်သလို အပြင် မီးဖိုချောင်အတွက် တကယ်ကိုအသုံးဝင်တဲ့ပစ္စည်း တစ်ခုဆိုတာ သဘောတူကြမယ် ထင်ပါတယ်။ ဘယ်လောက်ပဲ အသုံးဝင်တယ်ဆိုပေမဲ့ဓာတ်အားသုံးစွဲမှုများလွန်းပါတယ်။ တစ်နေ့ကို ၂၄ နာရီ၊ ၁ နှစ်ကို ၃၆၅ ရက်လုံးကို အလုပ်လုပ်နေပြီး ပိတ်ပစ်လိုက်ဖို့ကလည်း အဆင်မပြေလှပါဘူး။ ဒါကြောင့်လည်း ပေးဆောင်နေရတဲ့ လျှပ်စစ်မီတာခ...
Drone Picture တွေထဲမှာမြင်ရတဲ့ အိမ်တွင်းပုန်းသူတို့ရဲ့ဟန်ပန်အမျိုးမျိုး
စာဖတ်သူတို့ရဲ့ အိမ်ထဲမှာချည်းနေနေရတဲ့ခံစားချက်က ဘယ်လိုများရှိမလဲ? အိမ်တွင်းအောင်းနေရတဲ့အချိန်တွေမှာငကာ ဘာတွေလုပ်ဖြစ်ကြလဲဗျ? Adas Vasiliauskas ဆိုတဲ့ Lithuanian ဓာတ်ပုံဆရာတစ်ဦးကတော့ COVID-19 Outbreak Quarantine ကြောင့် ဓာတ်ပုံရိုက်ဖို့အလုပ်တွေအားလုံးကိုဖျက်ထားရချိန်မှာ အကြံကောင်းတစ်ခုကို တွေးမိခဲ့ပါတယ်။ အဲဒါကတော့ လူအချင်းချင်းထိတွေ့မှုကင်းအောင်နေကြရတဲ့အခြေအနေအတွင်းမှာ zero-human-contact နည်းလမ်းနဲ့ လူတွေကို ဓာတ်ပုံရိုက်ကူးကြည့်ဖို့ပါပဲ။ အစမှာ သူက Drone...
ရွှေတောင်ပံတို့ပျံသန်းရာ
ဓာတ်ပုံပညာနဲ့အသက်မွေးသူတွေ
အပျော်တမ်းဓာတ်ပုံရိုက်သူတွေကြားမှာ တောရိုင်းတိရစ္ဆာန်တွေကိုဓာတ်ပုံရိုက်တဲ့အလုပ်ဟာတော်တော်လေးကိုခက်ခဲပါတယ်။
အဲ့ဒီထဲကမှ ငှက်တွေကိုပဲသီးသန့်ဓာတ်ပုံရိုက်တာကအပင်ပန်းခံနိုင်ရုံနဲ့မရဘဲ စိတ်ရှည်သည်းခံနိုင်ဖို့လိုပါသေးတယ်။ မြန်မာနိုင်ငံမှာဒေသခံငှက်မျိုးစိတ်
၁၁၁၃မျိုးရှိပြီး ဆောင်းခိုငှက်မျိုးစိတ် ၃၅၀လောက်နှစ်စဉ်နှစ်တိုင်း ၀င်ရောက်လေ့ရှိပါတယ်။
အပျော်တမ်းငှက်ဓာတ်ပုံဆရာတဦးဖြစ်တဲ့ ကိုဖြိုး ခေါ် ဦးသစ်ဦးကို သူ့အတွေ့အကြုံတွေနဲ့
ငှက်တွေရဲ့အကြောင်းစကားပြောဖြစ်ခဲ့ပါတယ်။ “ငှက်တွေကိုဓာတ်ပုံရိုက်ရင်း
တနိုင်ငံလုံးတော့နှံ့နေပါပြီ။ နောက်ဆုံးသွားခဲ့တာကတော့ တနင်္သာရီ၊ ကယန်း၊ မိုးအင်းကြီးအင်းတို့ဘက်ပါ။
မန္တလေးမှာတော့နေရာတော်တော်များများမှာငှက်တွေကျတတ်တယ်။ စစ်ကိုင်း၊ တံတားဦး၊ စွန်ရဲအင်း၊
ပလိပ်အင်းတို့ဘက်မှာငှက်တွေအတွေ့ရများပါတယ်။” ကိုဖြိုးဟာ
ငှက်တွေကိုဓာတ်ပုံရိုက်နေတာ အခုဆို ၉နှစ်လောက်ရှိပါပြီ။ တကယ်တော့ငှက်ဓာတ်ပုံရိုက်တယ်
ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ငှက်ဖျားလိုရောဂါတွေကိုကြောက်ရသလို မြွေ၊ ကင်း...
မဆုတ်မနစ်
လောကမှာအောင်မြင်တဲ့လူတိုင်းဟာငယ်စဉ်က
rich kid တွေမဟုတ်ခဲ့ကြသလို၊ ပြီးပြည့်စုံတဲ့ဘ၀ကိုလည်း ပိုင်ဆိုင်ခဲ့တာမဟုတ်ပါဘူး။
ဒီဆောင်းပါးဟာကိုယ့်ထူးကိုယ်ချွန်လုပ်ငန်းရှင်၊ အနုပညာရှင်တချို့ရဲ့ လူသိနည်းတဲ့ငယ်စဉ်ဘ၀တွေနဲ့
သူတို့ရဲ့ဖြတ်သန်းမှုအကြောင်းပြောပြရင်း ရုန်းကန်နေရတဲ့လူငယ်တွေကို အားပေးနိုင်ဖို့ရည်ရွယ်ပါတယ်။
အခုဘာလုပ်နေသလဲဆိုတာထက် နောင်တချိန်ဘာလုပ်မယ်ဆိုတဲ့ရည်မှန်းချက်ရှိဖို့ကအရေးကြီးတယ်ဆိုတဲ့အကြောင်း
ဒီဆောင်းပါးကိုဖတ်ပြီးရင်သဘောပေါက်သွားပါလိမ့်မယ်။ မီဒီယာလောကမှာရုန်းကန်ခဲ့ရတဲ့ Oprah
Winfrey Oprah ဟာ
အသက် ၁၆နှစ်ကတည်းက Nashville ရေဒီယိုဌာနမှာ broadcaster အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ အသက် ၁၉နှစ်အရွယ်မှာတက္ကသိုလ်ကထွက်ပြီး
မီဒီယာလုပ်ငန်းကိုခြေစုံပစ်ဝင်ခဲ့ပေမယ့် စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့်
၁၉၇၇ခုနှစ် Baltimore မြို့ရဲ့...
မြန်မာနိုင်ငံရောက်လာတဲ့ကမ္ဘာလှည့်အမျိုးသမီးဆိုင်ကယ်ခရီးစဉ်
မော်တော်ဆိုင်ကယ်စီးတယ်ဆိုရင်
လူတော်တော်များများက အမျိုးသားတွေပဲစီးကြတယ်လို့ထင်လေ့ရှိပါတယ်။ တကယ်တော့မော်တော်ဆိုင်ကယ်စီးအားကစား
(motorsport) ဟာ လိင်ခွဲခြားခြင်းမရှိတဲ့အားကစားတခုပါ။ မြန်မာလူမျိုးတွေအနေနဲ့လည်း မော်တော်ဆိုင်ကယ်စီးခြင်းနဲ့ပတ်သက်ပြီးနောက်ကျကျန်ခဲ့ခြင်းမရှိပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၃နှစ်က ကမ္ဘာလှည့်(ဒေါ်)တင်တင်စိန်လို့ခေါ်တဲ့အမျိုးသမီးနဲ့သူ့ခင်ပွန်းသည် ဦးဘတုပ်တို့ဟာ မြန်မာနိုင်ငံကနေ BSA ဆိုင်ကယ်လေးတစီးနဲ့ကမ္ဘာပတ်ဖူးတဲ့သာဓကတွေရှိပါတယ်။ သူ့ခေတ်သူ့အခါမှာဆိုရင် သူတို့ဇနီးမောင်နှံရဲ့ကမ္ဘာလှည့်စွန့်စားခန်းဟာအာရှတိုက်မှာပထမဆုံးဖြစ်ပါတယ်။ အခုလည်း Women
Riders World Relay (WRWR) ဆိုတဲ့ကမ္ဘာလှည့်ဆိုင်ကယ်စီးတဲ့အဖွဲ့ကြီးဟာ မြန်မာနိုင်ငံကအမျိုးသမီးဆိုင်ကယ်မောင်းသူတွေနဲ့ပူးပေါင်းပြီးဆိုင်ကယ်စီးဖို့စီစဉ်နေပါပြီ။
ဇူလိုင် ၂၄ရက်နေ့မှာ ဒီအစီအစဉ်နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကို...
ကမ္ဘာ့အလှဆုံးဂရပ်ဖီတီတွေရှိတဲ့မြို့ ၁၀မြို့
နံရံတွေပေါ်မှာ ဂရပ်ဖီတီ ရေးဆွဲခြင်းဟာနိုင်ငံတော်တော်များများမှာပိတ်ပင်ထားပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေကတော့တီထွင်ဖန်တီးဥာဏ်ရှိတဲ့ပါရမီရှင်တွေကို မြို့ရဲ့အထင်ကရနေရာတွေမှာ ပန်းချီကားတွေရေးဆွဲပြီးအလှဆင်ခွင့်ပြုထားပါတယ်။ ရန်ကုန်မှာလည်း YGN Walls၊ ဒို့အိမ်တို့လိုအဖွဲ့အစည်းတွေက နောက်ဖေးလမ်းကြားဥယျာဉ်တွေမှာ ဂရပ်ဖီတီတွေရေးဆွဲအလှဆင်နေတဲ့အတွက် တချိန်ကအမှိုက်တွေနဲ့ညစ်ပတ်နေတဲ့ နောက်ဖေးလမ်းကြားတွေဟာ အခုဆိုသန့်ရှင်းသွားပြီးမြို့နေပြည်သူတွေအပန်းဖြေရာနေရာတခုဖြစ်လာသလို ပန်းချီပါရမီရှင်တွေစိတ်ကူးဥာဏ်ကွန့်မြူးလို့ရတဲ့အမိုးပွင့်အနုပညာပြခန်းတွေဖြစ်လာတယ်။ ဒီဆောင်းပါးမှာကမ္ဘာတ၀ှမ်းကလှပတဲ့ဂရပ်ဖီတီတွေရှိတဲ့မြို့တွေအကြောင်းပြောပြချင်ပါတယ်။ Stockholm Metro Station, Stockholm, Sweden ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က Metro...
မြန်မာနိုင်ငံကဂျူးဘာသာဝင်များ
ရန်ကုန်ဟာလူမျိုးဘာသာမျိုးစုံမှီတင်းနေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေသာမက ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်ဆလင်ဘာသာဝင်တွေအတူတကွနေထိုင်ကြသလို ဘာသာရေးအဆောက်အအုံတွေ
အများကြီးရှိနေခြင်းကလည်းရန်ကုန်ရဲ့လှပမှုတခုပါ။ မြန်မာနိုင်ငံမှာဂျူးဘာသာဝင်တွေကလူနည်းစုပါ။
စာရင်းအင်းတွေအရတနိုင်ငံလုံးမှာဂျူးဘာသာဝင် ၂၀လောက်ပဲကျန်ပါတော့တယ်။ ၁၉၄၁ မတိုင်ခင်ကဆိုရင်ဂျူးဘာသာကိုးကွယ်သူဦးရေ
၃၀၀၀နီးပါးရှိခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ကျဆင်းသွားခဲ့တာလို့ ရန်ကုန်မြို့
၂၆လမ်းက Musmeah Yeshua ဂျူးဘုရားကျောင်းရဲ့ဂေါပကအဖွဲ့ဝင် Sammy Samuels (ကိုဆမ်မီ)
ကပြောပါတယ်။ “ညီအစ်ကိုအများစုကတော့ရန်ကုန်မှာပဲနေကြပါတယ်။
ပြီးတော့ ပုသိမ်၊ မန္တလေးတို့မှာလည်းနည်းနည်းရှိတယ်။ မေမြို့မှာအဆက်လေး (ဂျူးအဆက်အနွယ်)
တွေကျန်ခဲ့တာလည်းရှိပါတယ်။” Musmeah
Yeshua ဂျူးဘုရားကျောင်းဟာမြန်မာနိုင်ငံရဲ့တခုတည်းသောဂျူးဘာသာရေးအဆောက်အအုံ ဖြစ်တဲ့အတွက်နေ့ထူးနေ့မြတ်နဲ့ပွဲလမ်းသဘင်တွေရှိတဲ့အခါဒီဘုရားကျောင်းလေးမှာပဲ
ဂျူးဘာသာဝင်တွေအားလုံးစုဝေးလေ့ရှိပါတယ်။ “ဒီဇင်ဘာလမှာကျင်းပတဲ့
Hanukkah မီးထွန်းပွဲမှာဆိုရင်တော့ဂျူးဘာသာဝင်တွေသာမကဘဲ တခြားဘာသာပေါင်းစုံကယုံကြည်ကိုးကွယ်သူတွေပါလာရောက်ပါဝင်ကြပါတယ်”
လို့...
ဝေဟင်ထက်ကပုံရိပ်များ
By Nay
Thiha Facebook
ပေါ်မှာကောင်းကင်ပေါ်ကစီးမိုးပြီးရိုက်ထားတဲ့ဓာတ်ပုံတွေကိုတွေ့ဖူးကြမယ်၊ ကိုယ်နဲ့အကျွမ်းဝင်ပြီးသားနေရာတခုကို
ကိုယ်မမြင်ဖူးတဲ့ရှုထောင့်ကနေတွေ့ရတော့ရင်သပ်ရှုမောခံစားရမယ်။ ဒီဓာတ်ပုံတွေ၊
ဗီဒီယိုတွေရဖို့ ဘယ်လောက်များကြိုးစားအားထုတ်ခဲ့ရပါသလဲ။ Drone
photography နဲ့ပတ်သက်ပြီးပညာရှင်အဆင့်လုပ်ကိုင်နေတဲ့ NayLa Drone Photography ရဲ့တည်ထောင်သူပဲ့ကိုင်ရှင်
ကိုကောင်းကောင်းရဲ့အတွေ့အကြုံတွေကို ဖတ်ကြည့်ရအောင်ပါ။ “လွန်ခဲ့တဲ့
၎နှစ်လောက်က ၁၀တန်းပြီးတဲ့အချိန်မှာကျနော်ကဒါရိုက်တာဘက်ကိုသွားချင်တယ်။ ကိုဝင်းလွင်ထက်တို့လို
MTV တွေရိုက်ဖို့ပဲစဉ်းစားထားတာ။ အိမ်ကနေကင်မရာဝယ်ဖို့အရင်းအနှီးတခုထုတ်ပေးတယ်။ အဲ့ဒီအချိန်မှာ
drone လေးတွေကနိုင်ငံတကာမှာခေတ်စားနေကြပြီဗျ။ အဲ့ဒါနဲ့ drone တစင်းပါဝယ်ဖြစ်ခဲ့တယ်”
လို့ကိုကောင်းကောင်းကဒီလောကထဲဝင်ရောက်လာဖြစ်ပုံကိုပြောပြပါတယ်။ “ကျနော်တို့တုန်းက
drone ကချက်ချင်းဝယ်လို့မရသေးဘူးဗျ။ မှာပြီးတလလောက်စောင့်ရသေးတယ်။ ကျနော့်အတွက်အဆင်ပြေသွားတာတခုကစောင့်ဆိုင်းနေတဲ့ကာလမှာ
drone နဲ့ပတ်သက်တဲ့လုံခြုံရေးပိုင်းတွေကိုသေချာလေ့လာဖြစ်ခဲ့တယ်။...










