Rangoon Tea House (Junction Square) အညွှန်း
Rangoon Tea House ဆိုတာရန်ကုန်မှာတော့မိတ်ဆက်စရာမလိုတဲ့စားသောက်ဆိုင်ပါပဲ။ မြို့လယ်ကောင်ကနေ ရွှေတောင်ကြားထဲပြောင်းရွှေ့သွားခဲ့ပေမယ့် အခုထိစားသုံးသူပရိသတ်အခိုင်အမာရှိနေဆဲပါ။ အခုလည်း Junction Square Crystal Tower ထဲမှာဒုတိယမြောက်ဆိုင်ခွဲကိုဖွင့်လှစ်လိုက်ပါပြီ။ ဆိုင်ကဖွင့်တာ ၂ပတ်လောက်ပဲရှိသေးပေမယ့် ကျနော်ရောက်သွားတော့လူတော်တော်များတယ်ဗျ။ တနင်္ဂနွေနေ့နေ့လယ်စာစားချိန်မို့လားတော့မသိဘူး။ ဆိုင်ထဲမှာနေရာတွေပြည့်နေပေမယ့်ဆိုင်အပြင်ဘက်လျှောက်လမ်းမှာ တနေရာရခဲ့ပါတယ်။ ပိတ်ရင်သွားမယ်ဆိုရင်တော့ reservation လုပ်ထားတာကောင်းပါလိမ့်မယ်။ရွှေတောင်ကြားထဲက RTH ကရှေးဆန်ဆန်ဆောက်ထားတဲ့အိမ်ကြီးထဲမှာဆိုတော့ရင့်ကျက်တဲ့အသွင်ဆောင်ပြီး Crystal...
Salween 180 rooftop bar အညွှန်း
Café Salween ဆိုရင်တော့ foodie တွေရော ကော်ဖီချစ်သူတွေရောမသိတဲ့သူမရှိသလောက်ပါပဲ။ မြန်မာအစားအသောက်နဲ့မုန့်တွေကိုပဲ အနောက်တိုင်းဟန်နဲ့တဆင့်မြှင့်ထားတဲ့ menu တွေရယ် အရသာစုံလင်လှတဲ့ကော်ဖီအပူအအေးတွေရယ်ကြောင့် ရန်ကုန်ကော်ဖီဆိုင်တွေထဲစားသုံးသူအခိုင်အမာရထားပြီးပါပြီ။ Salween Group ကပဲ Salween 180 ဆိုတဲ့နာမည်နဲ့ rooftop bar လောကထဲဝင်လာပါပြီ။ ဆိုင်ကဖွင့်တာ တလကျော်လောက်ပဲရှိသေးတယ်။ ဗားကရာလမ်းပေါ်က Parkside...
Rauu ဗီယက်နမ်စားသောက်ဆိုင် (Honest Review)
Rauu ကိုဗီယက်နမ်အစားအသောက်တွေအိမ်တိုင်ရာရောက်လိုက်ပို့တဲ့ online shop လေးအဖြစ် သတိထားမိနေတာတော့ကြာပါပြီ။ ဒါပေမယ့်အကြောင်းကြောင်းကြောင့်မှာမစားဖြစ်ခဲ့ဘူး။ လွန်ခဲ့တဲ့ ၂ပတ်လောက်ကလမ်း ၄၀အောက်လမ်းမှာဆိုင်ခန်းလေးစဖွင့်ပြီဆိုတာတွေ့တော့မှသွားစားဖြစ်ခဲ့ပါတယ်။ Admin ရောက်သွားတော့စနေနေ့ညနေခင်းလောက်ပါ။ လေးထပ်တိုက်ရဲ့အပေါ်ဆုံးလွှာမှာရှိပြီး လမ်းလျှောက်လာမယ်ဆိုရင် ကုန်သည်လမ်းဘက်ကဝင်ရင်ပိုနီးပါတယ်။ ဆိုင်လေးကအိမ်ရှေ့ခန်းနဲ့အနောက်ဘက်ခန်းဆိုပြီး ၂ပိုင်းခွဲထားတယ်။ အိမ်ရှေ့ခန်းကစားသောက်ဆိုင်နဲ့ပိုတူပြီး စားပွဲပိုများတယ်။ အနောက်ဘက်ခန်းကတော့ couch တွေဘာတွေနဲ့သီးသီးသန့်သန့်ရှိလို့ လူများတယ်ဆိုရင်အနောက်ဘက်ခန်းမှာထိုင်ဖို့အကြံပေးချင်ပါတယ်။ Menu ကတော့ရိုးရိုးရှင်းရှင်းနဲ့တမျက်နှာတည်းပါ။ Food section...



