လူ့ပတ်ဝန်းကျင် ကျန်းမာဖို့ တောရိုင်းတိရစ္ဆာန်လေးတွေ ထိန်းသိမ်းစို့

0
၂၀၀၀ နောက်ပိုင်းမှာ ကပ်ရောဂါ အသစ်တွေ၊ ရာသီဥတုဖောက်ပြန်မှု​တွေ ပိုများလာတာကို သတိပြုမိကြမှာပါ။ သစ်တောပြုံးတီးခြင်း၊ တရားမဝင် စိုက်ပျိုးမြေတိုးချဲ့ခြင်းနဲ့ တောရိုင်းတိရစ္ဆာန်သတ်ဖြတ်ခြင်းတွေကြောင့် ၁၉၇၀ ကနေ ၂၀၁၆ ခုနှစ်ကာလအတွင်း တောရိုင်းတိရစ္ဆာန် ၆၈ ရာခိုင်နှုန်း သေဆုံး ပျောက်ကွယ်ခဲ့တယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ လူတွေရဲ့လုပ်ရပ်တွေကြောင့် သစ်တောများပြုန်းတီးလာပြီး...

ပလတ်စတစ်ပြဿနာအဖြေရှာသည့် G Talk စကားဝိုင်း

0
By Nay Thiha ယနေ့ခေတ်ကမ္ဘာကြီးမှာတနေ့ထက်တနေ့လူပြောများလာတဲ့အကြောင်းအရာတခုကတော့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိစ္စပဲဖြစ်မှာပါ။ လေထု၊ ရေထုနဲ့ မြေဆီလွှာကိုညစ်ညမ်းမှုဖြစ်စေတဲ့ အကြောင်းရင်းတွေအများကြီးထဲကမှ ပလတ်စတစ်ဟာကမ္ဘာမြေအတွက် အကြီးမားဆုံးရန်သူတော်ဖြစ်လာပါတယ်။ ပလတ်စတစ်စတွေနဲ့လုံးထွေးရစ်ပတ်နေတဲ့ ရေနေသတ္တ၀ါတွေ၊ ပလတ်စတစ်တွေစားမိလို့သေဆုံးရရှာတဲ့ ဝေလငါးကြီးတွေရဲ့သတင်းနဲ့ဓာတ်ပုံတွေဟာ Facebook လို social media တွေပေါ်မှာ တနေ့တခြားပိုမိုတွေ့လာရတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာ့ရေထုထဲ တရက်ကိုပလတ်စတစ်အစအနပေါင်း ၈သန်းလောက်ဝင်ရောက်နေတယ်လို့သိရပါတယ်။...

မြိတ်ကျွန်းစု၌တစ္ဆေပိုက်ကွန်များရှင်းလင်း

0
Balcony Media Group | ကော့သောင်း (မေ ၂၁၊ ၂၀၁၉) ကမ္ဘာတ၀ှမ်းကရေငုပ်ကျွမ်းကျင်သူတွေစုပြီး မြိတ်ကျွန်းစုသန္တာကျောက်တန်းတွေမှာနစ်မြုပ်ငြိတွယ်နေတဲ့ ပိုက်ကွန်အဟောင်းအစုတ်တွေကိုရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တစ္ဆေပိုက်ကွန်လို့တင်စားခေါ်ဝေါ်ကြတဲ့ဒီငါးဖမ်းပိုက်ကွန်တွေ၊ ထောင်ချောက်တွေဟာ ရေအောက်တွင်းကကျောက်ဆောင်တွေ၊ သန္တာကျောက်တန်းတွေနဲ့ငြိတွယ်နေတဲ့အတွက် ရေနေသတ္တ၀ါတွေကိုအန္တရာယ်ဖြစ်စေသလို သန္တာကျောက်တန်းတွေရဲ့ကြီးထွားမှုကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။