Rauu ဗီယက်နမ်စားသောက်ဆိုင် (Honest Review)
Rauu ကိုဗီယက်နမ်အစားအသောက်တွေအိမ်တိုင်ရာရောက်လိုက်ပို့တဲ့ online shop လေးအဖြစ် သတိထားမိနေတာတော့ကြာပါပြီ။ ဒါပေမယ့်အကြောင်းကြောင်းကြောင့်မှာမစားဖြစ်ခဲ့ဘူး။ လွန်ခဲ့တဲ့ ၂ပတ်လောက်ကလမ်း ၄၀အောက်လမ်းမှာဆိုင်ခန်းလေးစဖွင့်ပြီဆိုတာတွေ့တော့မှသွားစားဖြစ်ခဲ့ပါတယ်။ Admin ရောက်သွားတော့စနေနေ့ညနေခင်းလောက်ပါ။ လေးထပ်တိုက်ရဲ့အပေါ်ဆုံးလွှာမှာရှိပြီး လမ်းလျှောက်လာမယ်ဆိုရင် ကုန်သည်လမ်းဘက်ကဝင်ရင်ပိုနီးပါတယ်။ ဆိုင်လေးကအိမ်ရှေ့ခန်းနဲ့အနောက်ဘက်ခန်းဆိုပြီး ၂ပိုင်းခွဲထားတယ်။ အိမ်ရှေ့ခန်းကစားသောက်ဆိုင်နဲ့ပိုတူပြီး စားပွဲပိုများတယ်။ အနောက်ဘက်ခန်းကတော့ couch တွေဘာတွေနဲ့သီးသီးသန့်သန့်ရှိလို့ လူများတယ်ဆိုရင်အနောက်ဘက်ခန်းမှာထိုင်ဖို့အကြံပေးချင်ပါတယ်။ Menu ကတော့ရိုးရိုးရှင်းရှင်းနဲ့တမျက်နှာတည်းပါ။ Food section...
Rangoon Tea House (Junction Square) အညွှန်း
Rangoon Tea House ဆိုတာရန်ကုန်မှာတော့မိတ်ဆက်စရာမလိုတဲ့စားသောက်ဆိုင်ပါပဲ။ မြို့လယ်ကောင်ကနေ ရွှေတောင်ကြားထဲပြောင်းရွှေ့သွားခဲ့ပေမယ့် အခုထိစားသုံးသူပရိသတ်အခိုင်အမာရှိနေဆဲပါ။ အခုလည်း Junction Square Crystal Tower ထဲမှာဒုတိယမြောက်ဆိုင်ခွဲကိုဖွင့်လှစ်လိုက်ပါပြီ။ ဆိုင်ကဖွင့်တာ ၂ပတ်လောက်ပဲရှိသေးပေမယ့် ကျနော်ရောက်သွားတော့လူတော်တော်များတယ်ဗျ။ တနင်္ဂနွေနေ့နေ့လယ်စာစားချိန်မို့လားတော့မသိဘူး။ ဆိုင်ထဲမှာနေရာတွေပြည့်နေပေမယ့်ဆိုင်အပြင်ဘက်လျှောက်လမ်းမှာ တနေရာရခဲ့ပါတယ်။ ပိတ်ရင်သွားမယ်ဆိုရင်တော့ reservation လုပ်ထားတာကောင်းပါလိမ့်မယ်။ရွှေတောင်ကြားထဲက RTH ကရှေးဆန်ဆန်ဆောက်ထားတဲ့အိမ်ကြီးထဲမှာဆိုတော့ရင့်ကျက်တဲ့အသွင်ဆောင်ပြီး Crystal...
Salween 180 rooftop bar အညွှန်း
Café Salween ဆိုရင်တော့ foodie တွေရော ကော်ဖီချစ်သူတွေရောမသိတဲ့သူမရှိသလောက်ပါပဲ။ မြန်မာအစားအသောက်နဲ့မုန့်တွေကိုပဲ အနောက်တိုင်းဟန်နဲ့တဆင့်မြှင့်ထားတဲ့ menu တွေရယ် အရသာစုံလင်လှတဲ့ကော်ဖီအပူအအေးတွေရယ်ကြောင့် ရန်ကုန်ကော်ဖီဆိုင်တွေထဲစားသုံးသူအခိုင်အမာရထားပြီးပါပြီ။ Salween Group ကပဲ Salween 180 ဆိုတဲ့နာမည်နဲ့ rooftop bar လောကထဲဝင်လာပါပြီ။ ဆိုင်ကဖွင့်တာ တလကျော်လောက်ပဲရှိသေးတယ်။ ဗားကရာလမ်းပေါ်က Parkside...
Meru Windermere Square Review
Meru Windermere Square ကိုဖွင့်ခါစမှာတော့အပြင်အဆင်လှလို့သတိထားမိပေမယ့် အပြင်အဆင်လှတဲ့စားသောက်ဆိုင်တွေကအများကြီးဆိုတော့ သိပ်မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာတော့ အဆိုတော်တွေနဲ့ဖျော်ဖြေပွဲတွေလုပ်လာတာရယ်၊ weekend market တွေလုပ်လာတာရယ်ကြောင့်အစားအသောက်ပိုင်းဘယ်လိုနေလဲသိချင်တာနဲ့သွားဖြစ်ခဲ့ပါတယ်။ Menu တွေကတော့တော်တော်စုံတယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာနဲ့ ရှမ်းအစားအသောက်တွေအပြင် dim sum menu နဲ့ set menu တွေလည်းရှိတယ်။ Basement...
She-Hulk ကဘာကြောင့်အရမ်းစုတ်ပြတ်ရတာလဲ
အမှန်တော့ဒီဆောင်းပါးကိုရေးချင်နေတာ episode 4 လောက်ကတည်းကပဲ။ ဒါပေမယ့် ပြီးတဲ့အထိတော့စောင့်ကြည့်လိုက်ပါဦးမယ်လေဆိုပြီးအခုမှရေးဖြစ်တာပါ။ တကယ်တော့ MCU ကသာ Disney+ show တွေအကုန်လုံးကို main canon နဲ့ချိတ်ဆက်မထားရင် She-Hulk: Attorney at Law ကိုပြီးတဲ့အထိကြည့်ဖြစ်မှာမဟုတ်ဘူး။ MCU show တွေအရည်အသွေးကျတာ Hawkeye နဲ့...
တိုင်းရင်းသားစားသောက်ဆိုင်ရဲ့ ၇၀၀၀ တန်ဘူဖေးမနက်စာ
မနက်စာကိုရှင်ဘုရင်လိုစားချင်တဲ့သူတွေအတွက်တိုင်းရင်းသားစားသောက်ဆိုင်ရဲ့ဘူဖေးမနက်စာအကြောင်းပြောပြပေးချင်ပါတယ်။ ပထမဆုံးပြောချင်တာကဘူဖေးက ၇၀၀၀ ပေမယ့် tax + service charge ထည့်ပေါင်းရင်တော့ ၈၀၀၀ ကျတယ်ဆိုတာပါ။ ဘူဖေးကအပတ်စဉ် ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့ မနက် ၇နာရီကနေ ၁၁နာရီအတွင်းရပါတယ်။ မီနူးတခုမှာအစားအသောက်ပေါင်း ၁၅မျိုးလောက်ပါတတ်ပြီး မီနူးတွေကအမြဲလိုလိုပြောင်းတတ်တဲ့အတွက်ကျနော်အရင်အပတ်စနေနေ့ကစားခဲ့တဲ့မီနူးဟာ ဒီအပတ်စနေနေ့နဲ့တူချင်မှတူပါလိမ့်မယ်။ ဘူဖေးမစခင် တရက် ၂ရက်အလိုမှာ...
Sonic the Hedgehog 2 Review
Sonic 2 ဟာတကမ္ဘာလုံးဝင်ငွေဒေါ်လာသန်း ၃၃၀ကျော်နဲ့ရုံဝင်ငွေအမြင့်ဆုံး ဗီဒီယိုဂိမ်းအခြေခံရုပ်ရှင်ဖြစ်သွားပါပြီ။ ဒါဟာသူ့အရှေ့က Sonic the Hedgehog တင်ခဲ့တဲ့စံချိန်ကိုထပ်ချိုးလိုက်တာပါပဲ။ ဟောလိဝုဒ်ရုပ်ရှင်တွေမှာများသောအားဖြင့် sequel တွေကဂွမ်းတတ်တာမို့ Sonic 2 ကတော့ဒီအစဉ်အလာကိုကျော်ဖြတ်နိုင်ခဲ့တယ်ဗျ။ Sonic 2 ဟာပထမကားမှာပြီးသွားတဲ့နေရာကနေအစပြုတယ်။ Mushroom Planet ကိုရောက်သွားတဲ့ Dr Robotnik (Jim...
Prime Grill Mediterranean Restaurant Review
Prime Grill ကိုသိတာအရင်နဝဒေးလမ်းမှာဖွင့်ထားတဲ့အချိန်ကတည်းကပါ။ ရန်ကုန်မှာကမြေထဲပင်လယ်အစားအစာရောင်းတဲ့ဆိုင်တွေရှားတော့ အဲ့ဒီကတည်းကသတိထားမိနေခဲ့သလို မကြာခဏလည်းသွားစားဖြစ်တယ်။ အခုနေရာအသစ်မှာပြောင်းဖွင့်ပြီးနောက်ပိုင်းပထမဆုံးအနေနဲ့ ဗုဒဟူးနေ့ကသွားစားဖြစ်ခဲ့ပါတယ်။ ဆိုင်ကအရင်ကထက်ပိုကျယ်သလိုပိုလည်းလှလာတယ်။ အပြာရောင်လွင်လွင်လေးတွေသုံးထားတော့ မျက်စိပသာဒလည်းဖြစ်သလို ဓာတ်ပုံရိုက်လို့လည်းလှတယ်။ ဒါကြောင့် Facebook မှာရေပန်းစားနေတာ ဆန်းတော့မဆန်းဘူး။ ကျနော်ရောက်သွားတာနေ့လယ်ဘက်ဆိုတော့စားမြိန်စာတွေ salad တွေစားမနေတော့ဘဲ နေ့လယ်စာအတွက်ပဲရည်ရွယ်ပြီးမှာလိုက်ပါတယ်။ ပထမဆုံးရောက်လာတာက Garden Vegetable Soup (Ks3,800) ပါ။...
Cursed (Honest Review)
Cursed ဟာမရိုးနိုင်တဲ့ Arthur ဘုရင်ရဲ့ဒဏ္ဍာရီကိုပဲ ကန်တော်ရှင်နတ်သမီး (Lady of the Lake) Nimue ရဲ့ရှုထောင့်ကနေ ရိုက်ကူးတင်ဆက်ထားတာပါ။ Nimue အဖြစ် 13 Reasons Why မှာ Hannah Baker အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Katherine Langford ကပါဝင်ထားတယ်။









