Coronavirus တိုက်ဖျက်ရေးအတွက် ပေါင် ၁ သန်းလှူဒါန်းလိုက်တဲ့ Lionel Messi

0
ကမ္ဘာကျော်ဘာစီလိုနာ‌‌ဘောလုံးအသင်းရဲ့ တိုက်စစ်မှူး Lionel Messi က COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာပါဝင်ကူညီတဲ့အနေနဲ့ ဘာစီလိုနာမြို့ပြည့်သူ့‌ဆေးရုံအတွက် အလှူငွေ ပေါင် ၁ သန်း လှူဒါန်းခဲ့‌ကြောင်းသိရပြီး ဆေးရုံရဲ့တရားဝင် Twitter စာမျက်နှာမှာလည်း ဒီလှူဒါန်းမှုအကြောင်းမှတ်တမ်းတင်ဖော်ပြထားပါတယ်။ ဒါဟာ ဘာစီလိုနာအသင်းမန်နေဂျာဟောင်း ပက်ဂွာဒီယိုလာရဲ့ ပေါင် ၁ သန်းဖိုးဆေးပစ္စည်းအလှူပြီးရင် ဒုတိယမြောက်...

Idris Elba COVID-19 ကူးစက်ခံရ

0
ဗြိတိသျှရုပ်ရှင်မင်းသား Idris Elba ဟာ Coronavirus (COVID-19) ကူးစက်ခံထားရကြောင်း တနင်္လာနေ့မနက်က Twitter မှာပြောပါတယ်။ အသက် ၄၇နှစ်အရွယ် Elba ဟာ virus ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာတွေမပြသေးကြောင်း ပြောပါတယ်။ Coronavirus ရှိတဲ့သူတယောက်နဲ့ဆုံတွေ့ခဲ့မိကြောင်း သတိထားမိခဲ့တဲ့အတွက် အရင်အပတ်သောကြာနေ့ကတည်းက အိမ်မှာပဲနေခဲ့တယ်လို့ ပြောပါတယ်။ သူ့အမျိုးသမီး Sabrina Dhowre...

“Thor: Love and Thunder မှာ ပါဝင်မယ့်အကြောင်းကို Christian Bale အတည်ပြု”

0
နောက်ဆုံးမှာတော့ Christian Bale က Thor: Love and Thunder မှာ ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်မယ်ဆိုတာကို ကိုယ်တိုင်အတည်ပြုပြောကြားလိုက်ပြီလို့ သတင်းတွေက‌ဖော်ပြလာကြပါတယ်။ Bale ဟာ DC ရဲ့ The Dark Night ရုပ်ရှင်မှာ Batman အဖြစ်သရုပ်ဆောင်ပြီးအောင်မြင်မှုရရှိခဲ့သူလည်းဖြစ်ပြီး အခု Marvel...

ရင်သွေးလေးလွယ်ထားတဲ့ပုံရိပ်တွေကို Music Video အသစ်ထဲမှာထည့်သွင်းဖော်ပြလိုက်တဲ့ Katy Perry

0
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ထွက်ရှိလာခဲ့တဲ့ Katy Perry ရဲ့"Never Worn White" သီချင်းသစ်ကတော့ ဆွတ်ပျံ့ကြည်နူးစရာတွေနဲ့ပြည့်နှက်နေတဲ့သီချင်းတစ်ပုဒ် လို့ ဆိုရမှာပါ။ အကြောင်းကတော့ Katy က ရင်သွေးလေးလွယ်ထားတဲ့ သူ့ရဲ့ ချစ်စရာကောင်းလွန်းနေတဲ့သွင်ပြင်တွေကို ဒီသီချင်းသစ်ရဲ့ Music Video ထဲမှာ ထုတ်ဖော်ပြခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အသက် ၃၅...

လရိပ်အောက်ကလူ

0
ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်လာပေမဲ့ တကယ်က ဂီတသမားတစ်ယောက်ဖြစ်ဖို့ကိုပဲ ပိုပြီးစိတ်အားသန်တာ။ အဲဒါကြောင့် ကိုယ့်ရဲ့အချိန်တွေကုန်လုံးကို သီချင်းတွေ၊သံစဉ်တွေဖန်တီးဖို့အတွက်ပဲ သုံးဖြစ်တော့တယ် လို့ ၂၀၁၀ Melody World သီချင်းဆိုပြိုင်ပွဲရဲ့ Winnerနဲ့ လက်ရှိ မြန်မာနိုင်ငံမှာအအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ဦးဖြစ်သူ ဖြိုးပြည့်စုံ က ပြောပြပါတယ်။ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးသီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ မျှော်နိုင်သမျှ သီချင်းရဲ့ပိုင်ရှင်က...

မင်းသားတယောက်ဆိုတာထက်ပိုပါတယ်

0
ဒေါင်းကိုရုပ်ရှင်မင်းသားအဖြစ်လူသိများကြပေမယ့် သူဟာကဗျာရေးခြင်းနဲ့ ဂီတကိုပါဝါသနာထုံသူဖြစ်ပါတယ်။ Myanmore နဲ့ဒေါင်းတွေ့ဆုံစကားပြောရာကနေ ပရိသတ်အများစုမသိကြသေးတဲ့ ဒေါင်းရဲ့တခြားမျက်နှာစာကိုသိခွင့်ရခဲ့တယ်။ သူ့ရဲ့နုပျိုတဲ့လူငယ်ပုံစံနဲ့ အရွယ်နဲ့မလိုက်အောင်ရင့်ကျက်တဲ့စိတ်ကို ဓာတ်ပုံဆရာကဟန် ၂မျိုးနဲ့ပုံဖော်ပေးထားတယ်။ ဒီဆောင်းပါးမှာသူ့ရဲ့ ဖြစ်တည်မှု၊ အနုပညာလှုပ်ရှားမှုတွေအပြင် သူကိုယ်တိုင်ရေးစပ်ထားတဲ့ကဗျာတပုဒ်ကိုပါ ပရိသတ်အတွက်ဖော်ပြခွင့်ရခဲ့ပါတယ်။ ဒေါင်းကိုမတွေ့ဖူးသေးခင်ကမြန်မာမိန်းကလေးတွေရဲ့အားပေးမှုအခိုင်အမာရထားတဲ့ မင်းသားတယောက်ဆိုတာထက်ပိုမသိခဲ့ဘူး။ သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီးပရိသတ်လက်ခံမှုရထားသူ၊ ခန့်ညားတဲ့ရုပ်ရည်နဲ့ စူးရှတဲ့မျက်ဝန်းပိုင်ရှင် ဒေါင်းဟာသရုပ်ဆောင်တယောက်ဆိုတာထက်ပိုပါတယ်။ ...

စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဆိုတာထက်ပိုပါတယ်

0
ဦး Sharky နဲ့သူ့စားသောက်ဆိုင်မှာ ၂နာရီလောက်စကားပြောပြီးနောက် ငါးကလီစာတွေ အချဉ်တည်ထားတဲ့စည်ပိုင်းကိုသူကလိုက်ပြတယ်။ စင်တစ်ခုနဲ့တစ်ခုသွားလာလှုပ်ရှားနေရင်း ဂျုံစေ့တွေ ပျားရည်တွေကိုလိုက်ကြည့်နေတဲ့ ဦး Sharky ဟာ Charlie and the Chocolate Factory ထဲက Willie Wonka အတိုင်းပါပဲ။  သူ့စားသောက်ဆိုင်ကအချဉ်တည်တဲ့နည်းဟာ တခြားဆိုင်တွေနဲ့ဘယ်လိုကွာခြားတယ် ဆိုတာကိုလည်းရှင်းပြပါသေးတယ်။ ပြီးခဲ့တဲ့တစ်နာရီလောက်ကအထိ ကျနော်နဲ့ ဦး Sharky ဟာသဘာဝပတ်ဝန်းကျင်ပြဿနာတွေ၊ မြန်မာနိုင်ငံက...

ရော့ခ်ကြယ်ပွင့်၏သမိုင်းကြောင်း

0
အနက်ရောင်တီရှပ်၊ လက်မောင်းအပြည့်ထိုးထားတဲ့တက်တူးတွေနဲ့ R ဇာနည်ဟာ စကားပြောနူးညံ့ပြီး တည်ငြိမ်အေးဆေးတဲ့သူဖြစ်ပါတယ်။ တာမွေမြို့နယ်မှာမွေးဖွားကြီးပြင်းခဲ့ပြီး ဆယ်စုနှစ်များစွာကြာအောင် အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တဲ့ရော့ခ်အဆိုကျော်တယောက်ဖြစ်ပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံစတင်ထိတွေ့စဉ်ကတည်းက Rock and Roll ဂီတမှာပါဝင်ခဲ့သူဖြစ်ပြီး ယနေ့အချိန်ထိ အရွယ် ၃ပါးသောပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေဆဲပါ။ R ဇာနည်ဟာဖော်ရွေတယ်၊ စကားပြောနူးညံ့ပြီး ဓာတ်ပုံဆရာတောင်းဆိုသမျှကိုယ်နေဟန်အတိုင်းရအောင် မငြီးမငြူကြိုးစားပေးပါတယ်။ သူနဲ့အတူဇနီးသည် ”၀မ်း” လည်းကျွန်တော်တို့ရိုက်ကွင်းမှာရှိပါတယ်။ ၀မ်းဟာတချိန်ကမော်ဒယ်တစ်ယောက်ဖြစ်ပေမယ့် အခုအချိန်မှာတော့ မော်ဒယ်လောကကအနားယူထားပြီး The Lace အမည်ရတဲ့အထည်ဆိုင်ဖွင့်ထားပါတယ်။ အင်တာဗျူးမေးခွန်းတွေဖြေရာမှာလည်း...

Presley နေရာမှာဘယ်သူသရုပ်ဆောင်သင့်လဲ

0
Queen အဆိုတော် Freddie Mercury ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် Bohemian Rhapsody အောင်မြင်ပြီးတဲ့နောက်မှာ ဟောလီးဝုဒ်က ဒီလို နာမည်ကြီးခဲ့တဲ့ အဆိုတော်တွေအကြောင်းကို ရုပ်ရှင်အဖြစ်ပြန်ရိုက်တဲ့ ဈေးကွက်ကို မြင်သွားပုံပါပဲ။ အခုလည်း Rock N Roll ဘုရင်ကြီးလို့ အားလုံးက သတ်မှတ်ထားကြတဲ့ Elvis...

သင်မသိလောက်သေးတဲ့ Keanu Reeves အကြောင်း

0
လတ်တလော Facebook sweetheart ဖြစ်နေတဲ့ Keanu Reeves ကိုကျနော်ကတော့ Matrix ရုပ်ရှင်တွေမှာ စကြည့်ဖူးတာပါ။ သရုပ်ဆောင်ကောင်းရုံသာမကဘဲ အနေအထိုင်တတ်ပြီးယဉ်ကျေးတဲ့အတွက် ပရိသတ်တွေကသူ့ကိုသဘောကျကြပါတယ်။ သူ့ကိုလူတိုင်းလိုလိုသိကြပေမယ့် သူ့ဘ၀ရဲ့လူသိနည်းတဲ့အကြောင်းလေးတွေကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ သွေး ၅မျိုးလောက်နှောတဲ့ Reeves Reeves ရဲ့အမေ Patricia Taylor ဟာအင်္ဂလိပ်လူမျိုးဖြစ်ပြီး Essex နယ်ကဖြစ်ပါတယ်။ သူ့အဖေ Samuel Nowlin Reeves Jr. ကတော့ဟာဝိုင်ယီမှာမွေးသူဖြစ်ပြီး...